Premium Calculator
Urgent Notice to Our Customer

မီးဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက မည်သို့ဆောင်ရွက်ရမည်နည်း။

၁။ စိတ်လှုပ်ရှားမှုကိုထိန်းကာ တည်ငြိမ်စွာဖြင့် ဧရာမြန်မာအာမခံအရေးပေါ် ဖုန်းနံပါတ် ၀၉-၄၉၃၀၅၂၂၄ သို့ ချက်ချင်းအကြောင်းကြားရန်နှင့် ၂။ ဓာတ်ပုံရိုက်နိုင်သော လက်ကိုင်ဖုန်းရှိလျှင် ဖြစ်ပျက်ပုံနှင့် အာမခံထားရှိသော ပစ္စည်း Properties များအား မှတ်တမ်းပုံများရိုက်ခြင်းကို နေအိမ်မှ မစွန့်ခွာမှီ ဆောင်ရွက်ပေးရန်လိုအပ်သလို ၃။ နယ်မြေမီးသတ်တပ်ဖွဲ့ သို့ အကြောင်းကြားရန်တို့ကို ၄။ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာမည့် AMI ဝန်ထမ်းများ၏ လမ်းညွှန်မှု အတိုင်းတိကျစွာ လိုက်နာဆောင် ရွက်ရပါမည်။

ထပ်မံဝယ်ယူနိုင်သော အပိုအကာအကွယ်များမှာ အဘယ်နည်း။

မီးအာမခံပေါ်လစီနှင့်အတူ အာမခံကြေးထပ်မံပေးဆောင်၍ ဝယ်ယူရရှိနိုင်သော အပိုအန္တရာယ်များကို လုပ်ငန်း သဘာဝနှင့် တည်ရှိပုံအနေအထား တို့အပေါ် မူတည်၍ လိုအပ်မည့် အကာအကွယ်များကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ (၁) အဓိကရုဏ်းနှင့် မသမာ ဖျက်ဆီးမှု (၀.၀၆%) (၂) လေယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း (၀.၁၀%) (၃) ကုန်းလမ်းသွားယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း (၀.၁၀%) (၄) မြေကျွံ၊ မြေပြိုခြင်း (၀.၁၀%) (၅) မြေငလျင်မီးနှင့် ငလျင်လှုပ်ခြင်းကြောင့် ပြိုအက်ပျက်စီးမှု (၀.၁၀%) (၆) ပေါက်ကွဲပျက်စီးမှု (၀.၁၀%) (၇) ကုန်ပစ္စည်းသဘာဝအရ အလိုအလျောက်မီးစွဲလောင်ခြင်း (၀.၀၈%) (၈) လေပြင်းမုန်တိုင်း (Cyclone, Typhoon, Hurricane) များ (၀.၂၀% နှင့် ၀.၂၅%) (၉) ရေကြီးခြင်း၊ ရေလျှံခြင်း တို့ကြောင့် ပျက်စီးခြင်း[…]

မီးအာမခံပေါ်လစီမှ ရရှိနိုင်မည့်အကာအကွယ်များမှာ အဘယ်နည်း။

အောက်ဖော်ပြပါအန္တရာယ်များကြောင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာပစ္စည်းများဆုံးရှုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ငွေကြေး ဆိုင်ရာဆုံးရှုံးမှုများကို မီးအာမခံပေါ်လစီမှ အကာအကွယ်ပေးပါသည်။ (၁) မီးလောင်မှုအမျိုးမျိုး (၂) မိုးကြိုးပစ်၍လောင်သောမီး (၃) အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကြောင့် လောင်သောမီး