Premium Calculator
Urgent Notice to Our Customer

အာမခံအကာအကွယ်ကို မည်သည့်အချိန်တွင် စတင်ရရှိနိုင်ပါသနည်း?

ဝယ်ယူမည့် အာမခံအမျိုးအစားတိုင်းအတွက် တစ်လုံးတည်း သွင်းရမည့် အာမခံကြေး Premium ကို စတင် ပေးသွင်းသော နေ့ရက်နှင့်အချိန် မှစ၍ အကာအကွယ်ရရှိပါမည်။

မတော်တဆမှုနှင့် ကြုံတွေ့လာပါက မည်သို့ဆောင်ရွက်ရပါမည်နည်း။

မတော်တဆမှုနှင့်တွေ့ကြုံလာပါက – ၁။ စိတ်လှုပ်ရှားမှုကိုထိန်းကာ တည်ငြိမ်စွာဖြင့် ဧရာမြန်မာအာမခံ အရေးပေါ်ဖုန်းနံပါတ် ၀၉-၄၉၃၀၅၂၂၄ သို့ ချက်ချင်းအကြောင်းကြားရန် နှင့် ၂။ AMI လျော်ကြေးဌာနသို့ တစ်ပြိုင်နက်တည်း အကြောင်းကြားရန် ၃။ အခင်းဖြစ်ပွားရာသို့ရောက်ရှိလာမည့် AMI ဝန်ထမ်းများ၏ လမ်းညွှန်မှုအတိုင်းတိကျစွာ လိုက်နာ ဆောင်ရွက်ရပါမည်။

ရေကြောင်းအာမခံဆိုတာ…?

ရေကြောင်းကုန်ပစ္စည်းအာမခံသည် ရေလမ်းဖြင့် သယ်ဆောင်မည့် ကုန်ပစ္စည်းများကို သင်္ဘောဖြင့် သယ်ဆောင်သည့်ဆိပ်ကမ်းမှ ခရီးဆုံးဆိပ်ကမ်းသို့ရောက်သည် အထိကာလအတွင်း သယ်ဆောင်သည့် ယာဉ်မတော်တဆမှုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှံးမှုကို အထောက်အပံ့ပေးသည့် အာမခံဖြစ်ပါသည်။ ရေလမ်းသာမက ကုန်းလမ်းမော်တော်ယာဉ်ဖြင့် သယ်ဆောင်မည့် ကုန်ပစ္စည်းများကိုလည်း ကုန်းလမ်းကုန်စည် ပို့ဆောင်ရေး အာမခံအကာအကွယ်ပေးပါသည်။