Premium Calculator
Urgent Notice to Our Customer

မတော်တဆမှုနှင့်ကြုံတွေ့လာပါက မည်သို့ဆောင်ရွက်ရပါမည်နည်း?

မတော်တဆမှုနှင့်သင်ကြုံတွေ့လာပါက ၁။  စိတ်လှုပ်ရှားမှုကိုထိန်းကာ တည်ငြိမ်စွာဖြင့် ဧရာမြန်မာအာမခံအရေးပေါ်ဖုန်းအမှတ် ၀၉-၄၉၃၀၅၂၂၄ သို့ချက်ချင်းအကြောင်းကြားရန် ၂။  ဓာတ်ပုံရိုက်နိုင်သော လက်ကိုင်ဖုန်းရှိလျှင် ဖြစ်ပျက်ပုံနှင့် ဖြစ်ပျက်နေသော မော်တော်ယာဉ် (သို့) မော်တော်ယာဉ်များအာနေရာမှမရွှေ့မီ အဖြစ်အပျက်ကို ပေါ်လွင်စေမည့် မှတ်တမ်းတင်ဓာတ်ပုံများကို  ရိုက်ယူထားရပါမည်။ ၃။  ဖြစ်ပျက်မှုတွင်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ နှစ်စီးထက်ပိုသော မော်တော်ယာဉ်များ ပါ၀င်နေပါကပြည်သူ့ရဲ(ယာဉ်ထိန်း)သို့အမှုဖွင့်တိုင်တန်းရန်နှင့်၎င်းတို့၏အစီရင်ခံစာများရယူရန်လိုအပ်ပါသည်။ ၄။  တည်ဆဲဥပဒေတစ်ခုခုနှင့် ငြိစွန်းပြီးဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များအတွက်  မိမိ၏သဘောဆန္ဒဖြင့် ကမ်းလှမ်းခြင်း၊ ငွေပေးငွေယူ ပြုလုပ်လက်ခံခြင်း စသည့် ဆောင်ရွက်မှုများအတွက် AMI  မှတာ၀န်ယူမည် မဟုတ်ပါ။ ၅။  အာမခံထားသူနှင့် အခြားသူများအကြား အငြင်းပွားဖွယ်ရာကိစ္စများ ပေါ်ပေါက်လာပါက AMI မှ၀န်ထမ်းများက ကူညီဖြေရှင်း ဆောင်ရွက်ပေးပါမည်။ ၆။  ဖြစ်ပျက်မှုကို စစ်ဆေးရန်ရောက်ရှိလာမည့် AMI၀န်ထမ်းများ၏ လမ်းညွှန်မှုကို တိကျစွာ လိုက်နာ ဆောင်ရွက်ရပါမည်။

အာမခံထားရှိရန် မည်သည့်စာရွက်စာတမ်းများကိုတင်ပြရပါမလဲ?

၁။ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃) ၂။ CERTIFICATE OF VEHICLE REGISTRATION  ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ် ၃။ မောင်းနှင်ခွင့်ပြုသည့် ယာဉ်မောင်းများ၏ လိုင်စင်နှင့်မှတ်ပုံတင် ၄။ သဘောတူညီမှုစာ

အလုံးစုံမော်တော်ယာဉ်အာမခံဆိုတာ……?

သင်ပိုင်ဆိုင်သည့် မော်တော်ယာဉ်များသည် ကံမကောင်းအကြောင်းမလှစွာဖြင့် မတော်တဆအန္တရာယ် တစ်ခုခုနှင့်တွေ့ကြုံပါကထိခိုက်ပျက်စီးသော အစိတ်အပိုင်းများကိုပြုပြင်နိုင်ရန်အတွက် မဖြစ်မနေလိုအပ်မည့် ငွေကြေးဆိုင်ရာလိုအပ်ချက်ကို ရယူနိုင်ရန်အထောက်အပံ့ပြုသည့်အာမခံအမျိုးအစားတစ်ခုဖြစ်ပါသည်။ အလုံးစုံမော်တော်ယာဉ်အာမခံမှ ရရှိနိုင်မည့်အကာအကွယ်များမှာ မိမိယာဉ်ထိခိုက်ပျက်စီးမှု သူတစ်ပါးထိခိုက်မှုပေးလျော်ရန်တာ၀န် အလုံးစုံမော်တော်ယာဉ်အာမခံ(မိမိယာဉ်နှင့် သူတစ်ပါးထိခိုက်မှုအကာအကွယ်) အခြားသောအရာများနှင့်တိုက်မိခြင်း မိမိယာဉ်ဖြင့်တိုက်ရိုက်တိုက်ခြင်း၊မိမိယာဉ်မတော်တဆဖြစ်မှုမှတဆင့်အခြားအရာ၀တ္ထုများနှင့်တိုက်မိခြင်း ဥပမာ- ရွေ့လျားနေသောအခြားမော်တော်ယာဉ်၊တည်ငြိမ်စွာတည်ရှိနေသည့်သစ်ပင်၊နေအိမ်အဆောက်အဦးများ၊မိမိယာဉ်တစ်စီးတည်းတိမ်းမှောက်မှု