Premium Calculator
Urgent Notice to Our Customer

ကျန်းမာရေးအာမခံ

မေး။ ကျန်းမာရေးအာမခံထားရှိရန်အတွက် ဆေးစစ်ရန်လိုအပ်ပါသလား။ ဖြေ။ မလိုအပ်ပါ။ ကျန်းမာရေးအာမခံအဆိုလွှာတွင် ဖွင့်ဟကြော်ငြာချက်များကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍ ထားရှိနိုင်ပါသည်။ မေး။ ကျန်းမာရေးအာမခံတွင် ဆေးရုံတက်နေစဉ် သေဆုံးသွားပါက မည်သည့်အကျိုးခံစားခွင့်ရရှိမည်နည်း။ ဖြေ။ ဆေးရုံတက်စရိတ်နှင့် ရောဂါကြောင့်သေဆုံးမှုအတွက် အကျိုးခံစားခွင့်ရရှိပါမည်။ မေး။ ကျန်းမာရေးအာမခံဝယ်ယူထားပြီး နိုင်ငံခြားတွင် ဆေးရုံတက်ရောက်ရပါက ဆေးရုံတက်စရိတ်ရရှိနိုင်ပါသလား။ ဖြေ။ မရရှိနိင်ပါ။ မေး။ ကျန်းမာရေးအာမခံ ဝယ်ယူထားသောသူသည် လူမှုဖူလုံရေးဆေးရုံ (သို့) အခမဲ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူပါက ဆေးရုံတက်အကျိုးခံစားခွင့်ရရှိနိုင်ပါသလား။ ဖြေ။ ရရှိနိုင်ပါသည်။ မေး။ ကျန်းမာရေးအာမခံထားရှိရန်အတွက် မည်သို့ဆောင်ရွက်ရမည်နည်း။ ဖြေ။ ကျန်းမာရေးအာမခံအဆိုလွှာတွင် ပြီးပြည့်စုံစွာဖြည့်စွက်၍ ကျန်းမာရေးအာမခံထားရှိနိုင်ပါသည်။ မေး။ ပြင်းထန်သောရောဂါကုသမှုတွင် မည်သည့်ရောဂါများ ပါဝင်ပါသနည်း။ ဖြေ။ ပထမဆုံးဖြစ်သော ကင်ဆာကုသမှု၊ ရုတ်တရက်ဖြစ်သော နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့အတွက်ကုသမှုများ ဖြစ်ပါသည်။