Premium Calculator
Urgent Notice to Our Customer

ပြည်သူပြည်သား အသက်အာမခံ

မေး။ ပြည်သူပြည်သားအသက်အာမခံတွင် ပရီမီယံ မည်သို့တွက်ချက်သနည်း။ ဖြေ။ အာမခံထားသူ၏ အသက်၊ အာမခံသက်တမ်း၊ အာမခံထားငွေပေါ်မူတည်၍ တွက်ချက်ပါသည်။ မေး။ ပြည်သူပြည်သားအသက်အာမခံတွင် ပရီမီယံ မည်သို့ ပေးသွင်းရမည်နည်း။ ဖြေ။ လစဉ် (၃)လ၊ (၆)လ၊ (၁) နှစ် စသည်ဖြင့် ကြိုက်နှစ်သက်သလို ပေးသွင်းနိုင်ပါသည်။ မေး။ နှစ်စေ့ငွေဆိုသည်မှာအဘယ်နည်း။ ဖြေ။ အာမခံသက်တမ်း ပြည့်သည့်အချိန်တွင် ပြန်လည်ထုတ်ပေးသော အာမခံထားငွေဖြစ်ပါသည်။ မေး။ ပြည်သူပြည်သားအသက်အာမခံ ပရီမီယံကို မည်ကဲ့သို့ပေးသွင်းရမည်နည်း။ ဖြေ။ ဧရာမြန်မာအာမခံ (ရုံးချုပ်၊ ရုံးခွဲ)များတွင် လည်းကောင်း၊ AYA Bank mobile banking or internet banking ဖြင့်လည်းကောင်း၊ နီးစပ်ရာ AYA Bankများတွင်လည်းကောင်းပေးသွင်းနိုင်ပါသည်။ မေး။ ပြည်သူပြည်သားအသက်အာမခံတွင် မတော်တဆ ထိခိုက်မှုကြောင့်[…]