Premium Calculator
Urgent Notice to Our Customer

ခရီးသွားအာမခံ

မေး။ ခရီးသွားအာမခံတွင် နိုင်ငံခြားသားများ ဝယ်ယူနိုင်ပါသလား။ ဖြေ။ ဝယ်ယူနိုင်ပါသည်။ မေး။ ခရီးသွားအာမခံ ဝယ်ယူထားသော ခရီးသည်သည် ယာဉ်ပေါ်တွင် ရောဂါကြောင့် သေဆုံးခဲ့ပါက သေဆုံးမှုအကျိုးခံစားခွင့် ရရှိနိုင်ပါသလား။ ဖြေ။ မရရှိနိုင်ပါ။ မေး။ ခရီးသွားအာမခံတွင် အတော်တဆမှုဖြစ်ပွါးပါက မည်သို့အကြောင်းကြားရမည်နည်း။ ဖြေ။ ဖြစ်ပွါးသည့်နေ့မှစ၍ (၇) ရက်အတွင်း AMI သို့အကြောင်းကြားရန် လိုအပ်ပါသည်။ မေး။ ခရီးသွားအာမခံ ဝယ်ယူထားပြီး မတော်တဆမှုကြောင့် ထာဝစဉ် မသန်စွမ်းဖြစ်ခဲ့ပါက အကျိုးခံစားခွင့် မည်သို့ရရှိမည်နည်း။ ဖြေ။ ဝယ်ယူထားသော ခရီးသွားအာမခံ အမျိုးအစားအလိုက်၊ ယူနစ်အလိုက် အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူထံသို့ တစ်လုံးတည်းထုတ်ပေးပါမည်။ မေး။ ခရီးသွားအာမခံ (ပြည်ပ ခရီးစဉ်) တွင် နိုင်ငံသတ်မှတ် ထားတာရှိပါသလား။ ဖြေ။ မရှိပါ။