AMI Life News

အားဖြည့်အချိုရည် အလွန်အကျွံ သောက်သုံးခြင်း ဆိုးကျိုးများ

အားဖြည့်အချိုရည်က စွမ်းအားတွေ

  • ခွန်အားတွေကို တိုးစေတယ်
  • လုပ်ဆောင်နိုင်စွမ်းတွေကို တိုးစေတယ်
  • နိုးကြား တက်ကြွစေတယ်
  • အာရုံစူးစိုက်မှုကို ပိုကောင်းစေတယ် စတဲ့

ကြော်ငြာမှုတွေကြောင့် အသက်အရွယ်မရွေး ပိုမိုသောက်သုံးကြပါတယ်။ လူငယ်တွေ ကြားမှာ အရက်သေစာနဲ့ရောနှောပြီး သောက်သုံးကြတာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ထဲက ခေတ်စားလာခဲ့တာပါ။

အားဖြည့်အချိုရည် အလွန်အကျွံသောက်သုံးလို့ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာအများစုဟာ အဓိက အားဖြင့် အားဖြည့်အချိုရည်ထဲမှာ အမြောက်အမြားပါဝင်တဲ့ စိတ်ကြွစေအောင် လှုံဆော်ပေးတဲ့ ဓာတုတစ်မျိုးဖြစ်တဲ့ ကဖင်းဓာတ်နဲ့ ဆက်စပ်နေတာကိုတွေ့ရပါတယ်။

အားဖြည့်အချိုရည် အလွန်အကျွံသောက်သုံးရင် ကဖင်းဓာတ်များတာတွေ သွေးပေါင်ချိန်မညီတော့တာတွေ နှလုံးသွေးကြောစနစ်နဲ့ ဆိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အားဖြည့်အချိုရည်တွေမှာ သကြားဓာတ်များစွာပါဝင်လို့ သွေးတွင်းသကြားဓာတ်များတာတွေ မြင့်တတ်လာစေပြီး ဆီးချိုရောဂါဖြစ်ပွားမှုကိုအားပေးစေပါတယ်။

သွေးတွင်းသကြားဓာတ်ပမာဏထိန်းချုပ်ဖို့ ခက်ခဲတဲ့ ဆီးချိုရောဂါရှင်တွေ အနေနဲ့ အားဖြည့်အချိုရည်သောက်သုံးခြင်းက ပြင်းထန်ဆိုးဝါးတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် အဝလွန်ခြင်း နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆို ကိုယ်ဝန်ပျက်ကျတာတွေ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာတွေ ကလေးအသေမွေးဖွားတာတွေ ဖြစ်စေပါတယ်။ ကလေးငယ်တွေသောက်သုံးမယ်ဆိုရင် ဦးနှောက်နဲ့ နှလုံးဖွံ့ဖြိုးမှုမှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေရှိနိုင်သလို အာရုံကြောဆိုင်ရာပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အားဖြည့်အချိုရည်ကို နေ့စဥ်ရက်ဆက်သောက်သုံးခြင်း နှင့် အလွန်အကျွံမသောက်သုံးမိအောင်ကြိုးစားရှောင်ရှားသင့်ပါတယ်။

Share Now: