စာသင်သားအသက်အာမခံသည် ရင်သွေးငယ်များ၏ ပညာရေးခရီး ဖြောင့်ဖြူးစေရန်အတွက် ငွေကြေးအထောက်အပံ့ရစေရန် ရည်ရွယ်ပါသည်။
အာမခံ အမျိုးအစားများ
- တစ်ဦးချင်းထားရှိနိုင်သည့် ငွေပင်ငွေရင်း အသက်အာမခံ
အကျိုးခံစားခွင့်များ
- ပညာသင်ထောက်ပံ့ငွေ အကျိုးခံစားခွင့်
- သေဆုံးမှုအကျိုးခံစားခွင့်
- ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်
- ပရီမီယံကင်းလွတ်ခွင့်
- စာရင်းပိတ်နိုင်ခြင်း
- အမ်းငွေထုတ်ယူနိုင်ခြင်း
- ချေးငွေရယူနိုင်ခြင်း
အာမခံ သက်တမ်း
- အာမခံသက်တမ်းမှာ အနည်းဆုံး (၈) နှစ်မှ အများဆုံး(၁၉) နှစ်အထိ ဖြစ်ပါသည်။
- အာမခံထားသူ ရင်သွေးငယ်၏ အသက် (၁၇) နှစ်အရွယ် ရောက်ရန် ကျန်ရှိမည့် နှစ်ကာလအလိုက် အာမခံသက်တမ်းအား ရွေးချယ်ထားရှိရန် ဖြစ်ပါသည်။
ကျန်းမာရေးစစ်ဆေးခြင်း
- အာမခံဝယ်ယူသူနှင့် အာမခံထားသူတို့သည် အာမခံထားငွေအရသော်လည်းကောင်း၊ အသက်အရသော်လည်းကောင်း လိုအပ်ပါကအာမခံကုမ္ပဏီက
သတ်မှတ်သည့် ဆေးရုံ (သို့) ဆေးခန်းတွင် ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။
အာမခံတံဆိပ်ခေါင်းကပ်ခြင်း
- အာမခံထားငွေ ကျပ် (၁) သိန်းတိုင်းအတွက် အာမခံတံဆိပ်ခေါင်းတန်ဖိုး ကျပ် (၃၀) တိတိ ပါဝင်ပါမည်။
အာမခံ ထားခွင့်ရှိသူ
- အသက် (၁) နှစ် (၃၀) ရက်သားမှ (၁၂) နှစ်အတွင်းရှိသူ သား(သို့မဟုတ်) သမီးအား ထားပေးနိုင်ပါသည်။
အာမခံဝယ်ယူနိုင်သူများ
- အသက် (၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသည့် မိခင် (သို့မဟုတ်) ဖခင်က ဝယ်ယူနိုင်ပါသည်။
အာမခံထားငွေ
- အနည်းဆုံး ကျပ်သိန်း (၁၀) မှ အများဆုံး ကျပ်သိန်း (၁,၀၀၀)
ပရီမီယံနှုန်းသတ်မှတ်ပုံ
- အာမခံထားသူ၏ အသက်၊ အာမခံသက်တမ်းနှင့် အာမခံထားငွေ တို့အပေါ်တွင် မူတည်၍ ပေးသွင်းရမည့် ပရီမီယံနှုန်းကို တွက်ချက်ထားပါသည်။
ပရီမီယံကြေး ပေးသွင်းရန်သက်တမ်း
- ပရီမီယံကြေးအား ပေးသွင်းရန် သက်တမ်းမှာ သက်ဆိုင်ရာအာမခံသက်တမ်းပေါ် မူတည်၍ အနည်းဆုံး(၅)နှစ်မှ အများဆုံး (၁၆) နှစ်အထိ ပေးသွင်းနိုင်ပါသည်။
ပရီမီယံပေးသွင်းခြင်း
- ပရီမီယံကို (၁)နှစ်တစ်ကြိမ် (သို့) (၆)လတစ်ကြိမ် (သို့) (၃)လတစ်ကြိမ်(သို့) (၁)လတစ်ကြိမ် အရစ်ကျပေးသွင်းနိုင်ပါသည်။