မြန်မာနိုင်ငံရှိ ပထဝီအနေအထားအရ တောတောင်ထူထပ်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများပြားခြင်းက ကျေးလက်နေပြည်သူများသာမက မြို့ပြတွင်နေထိုင်သူများအတွက်ပါ မြွေအန္တရာယ်
နှင့် ကြုံတွေ့လာနိုင်ပါသည်။ထိုသို့ကြုံတွေ့ပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်မြွေအန္တရာယ်အာမခံ အကာအကွယ်ကို ထားသင့်ပါသည်။
အာမခံအကာအကွယ်
• သေဆုံးခြင်း
• ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
အကျိုးခံစားခွင့်များ
• အာမခံထားသူ သေဆုံး/ ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေအတိုင်းရရှိမည့် ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူမှ ရခွင့်ရှိခြင်း
• ဆေးကုသစရိတ်နှင့် ဆေးရုံတက်စရိတ်များထောက်ပံ့ပေးခြင်း
အာမခံ သက်တမ်း
• (၁) နှစ်။ (အသက် (၁၈) နှစ်မပြည့်သေးသူများအတွက် မိဘ (သို့) အုပ်ထိန်းသူမှ ထားပေးရပါမည်။)
• မြွေကိုက်ဒဏ်ရာရရှိပါက လျော်ကြေးခံစားပြီးလျှင် အသစ်တစ်စောင်ထပ်မံဝယ်ယူရမည် ဖြစ်ပါသည်။
သိကောင်းစရာများ
• မြွေအန္တရာယ်ကြောင့် သေဆုံးခြင်း
• မြွေအန္တရာယ်ကြောင့် မျက်စိနှစ်ဖက်ကွယ်ခြင်း
• မြွေအန္တရာယ်ကြောင့် ကိုယ်တစ်ပိုင်းသေဆုံးခြင်း
• မြွေအန္တရာယ်ကြောင့် လက်ချောင်း၊ ခြေချောင်းများဆုံးရှုံးခြင်း
• မြွေအန္တရာယ်ကြောင့် ဆေးရုံတက်ရခြင်းအတွက် ဆေးကုသမှုနှင့် သယ်ယူပို့ဆောင်စရိတ်အပါအဝင် အမှန်တကယ်ကုန်ကျစရိတ် အများဆုံးကျပ် (၈၀,၀၀၀) အထိ