Premium Calculator
Urgent Notice to Our Customer

စုပေါင်းအသက်အာမခံ

မေး။ စုပေါင်းအသက်အာမခံ ဆိုသည်မှာ အဘယ်နည်း။
ဖြေ။ စုပေါင်းအသက်အာမခံသည် အဖွဲ့အစည်းများရှိ ဝန်ထမ်းများ၊ အလုပ်သမားများအနေဖြင့် သေဆုံးမှု၊ ဒဏ်ရာရရှိမှုများကြောင့် ဖြစ်ပေါ်လာမည့် မိသားစုစီးပွါးရေး အခက်အခဲများကို ပြေလည်စေရန် အထောက်အပံ့ ပေးသော အာမခံ အမျိုးအစားတစ်ခုဖြစ်ပါသည်။

မေး။ စုပေါင်းအသက်အာမခံကို မည်သူတွေ ဝယ်ယူနိုင်ပါသနည်း။
ဖြေ။ ဝန်ထမ်းများ၊ အလုပ်သမားများ စုပေါင်း၍ ဝယ်ယူနိုင်ပါသည်။

မေး။ စုပေါင်းအသက်အာမခံ ထားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အဘယ်နည်း။
ဖြေ။ သေဆုံးမှုအကျိုးခံစားခွင့် (အာမခံထားငွေကို တစ်လုံးတည်းရရှိနိုင်ခြင်း) ၊ ထာဝစဉ်မသန်မစွမ်း အကျိုးခံစားခွင့် (အာမခံထားငွေကို တစ်လုံးတည်းရရှိနိုင်ခြင်း) ၊ ဒဏ်ရာရရှိမှုအကျိုးခံစားခွင့် (ဒဏ်ရာရရှိမှုအတွက် သတ်မှတ်ထားသော ရာခိုင်နှုန်းအရ ရရှိနိုင်ခြင်း)

မေး။ စုပေါင်းအသက်အာမခံတွင် ထွက်သွားသော ဝန်ထမ်းအတွက် အစားထိုးဝင်ရောက်လာသော ဝန်ထမ်းသည် (၁)နှစ်စာ အကျုံးဝင်ပါသလား။ ကျန်တဲ့လအတွက်ဘဲအကျုံးဝင်တာလား။
ဖြေ။ အစားထိုးဝင်ရောက်လာသောဝန်ထမ်းသည် ကျန်ရှိနေသော ပေါ်လစီသက်တမ်းအတွက်သာ အကျုံးဝင်ပါသည်။

မေး။ စုပေါင်းအသက်အာမခံတွင် အလုပ်ခွင်ပြင်ပတွင် အတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့လျှင် အကျိုးခံစားခွင့်ရှိပါသလား။
ဖြေ။ အကျိုးခံစားခွင့်ရှိပါသည်။ ထိခိုက်ဒဏ်ရာရရှိမှုအတွက် ကုသမှုပြီးပြတ်ချိန်တွင် ဆေးမှတ်တမ်းစာအုပ်၊ အကျိုးခံစားခွင့်တောင်းခံလွှာတို့တွင် ပြည့်စုံစွာဖြည့်စွက်၍ (၁)လအတွင်းတောင်းခံနိုင်ပါသည်။

မေး။ စုပေါင်းအသက်အာမခံတွင် နိုင်ငံခြားသားများထားခွင့်ရှိပါသလား။
ဖြေ။ အသက် (၁၈) နှစ်မှ (၆၀)နှစ်အတွင်း မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ရှိသူ နိုင်ငံခြားသားများ ထားရှိနိုင်ပါသည်။

မေး။ စုပေါင်းအသက်အာမခံတွင် ဒဏ်ရာရရှိမှုအတွက် အကျိုးခံစားခွင့်အား မည်သို့ ပေးပါသနည်း။
ဖြေ။ ဆရာဝန်၏ ထောက်ခံချက်ပေါ်မူတည်၍ ရာခိုင်နှုန်းအလိုက်အကျိုးခံစားခွင့်ထုတ်ပေးပါသည်။

မေး။ စုပေါင်းအသက်အာမခံတွင် အရေအတွက်ကန့်သတ်ထားခြင်းရှိပါသလား။
ဖြေ။ စုပေါင်းအသက်အာမခံတွင် ဝန်ထမ်း အနည်းဆုံး (၅) ဦးမှစ၍ ထားခွင့်ရှိပါသည်။

မေး။ စုပေါင်းအသက်အာမခံတွင် အာမခံထားသူဝန်ထမ်း ရောဂါကြောင့် သေဆုံးပါက အကျိုးခံစားခွင့်ရရှိနိုင်ပါသလား။
ဖြေ။ အကျိုးခံစားခွင့်ရရှိနိုင်ပါသည်။