Premium Calculator
Urgent Notice to Our Customer

မီးအာမခံ

မေး။ မီးဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက မည်သို့ဆောင်ရွက်ရမည်နည်း။
ဖြေ။
(၁) စိတ်လှုပ်ရှားမှုကိုထိန်းကာ တည်ငြိမ်စွာဖြင့် ဧရာမြန်မာအာမခံအရေးပေါ် ဖုန်းနံပါတ် ၀၉-၄၉၃၀၅၂၂၄ သို့ ချက်ချင်းအကြောင်းကြားရန်နှင့်
(၂) ဓာတ်ပုံရိုက်နိုင်သော လက်ကိုင်ဖုန်းရှိလျှင် ဖြစ်ပျက်ပုံနှင့် အာမခံထားရှိသော ပစ္စည်း Properties များအား မှတ်တမ်းပုံများရိုက်ခြင်းကို နေအိမ်မှ မစွန့်ခွာမှီ ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
(၃) နယ်မြေမီးသတ်တပ်ဖွဲ့ သို့ အကြောင်းကြားရန်
(၄) အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာမည့် AMI ဝန်ထမ်းများ၏ လမ်းညွှန်မှု အတိုင်းတိကျစွာ လိုက်နာဆောင် ရွက်ရပါမည်။

မေး။ ထပ်မံဝယ်ယူနိုင်သော အပိုအကာအကွယ်များမှာ အဘယ်နည်း။
ဖြေ။ မီးအာမခံပေါ်လစီနှင့်အတူ အာမခံကြေးထပ်မံပေးဆောင်၍ ဝယ်ယူရရှိနိုင်သော အပိုအန္တရာယ်များကို လုပ်ငန်း သဘာဝနှင့် တည်ရှိပုံအနေအထား တို့အပေါ် မူတည်၍ လိုအပ်မည့် အကာအကွယ်များကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။
(၁) အဓိကရုဏ်းနှင့် မသမာ ဖျက်ဆီးမှု (ဝ.၀၆%)
(၂) လေယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း (ဝ.၁၀%)
(၃) ကုန်းလမ်းသွားယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း (ဝ.၁၀%)
(၄) မြေကျွံ၊ မြေပြိုခြင်း (ဝ.၁၀%)
(၅) မြေငလျင်မီးနှင့် ငလျင်လှုပ်ခြင်းကြောင့် ပြိုအက်ပျက်စီးမှု (ဝ.၁၀%)
(၆) ပေါက်ကွဲပျက်စီးမှု (ဝ.၁၀%)
(၇) ကုန်ပစ္စည်းသဘာဝအရ အလိုအလျောက်မီးစွဲလောင်ခြင်း (ဝ.၀၈%)
(၈) လေပြင်းမုန်တိုင်း (Cyclone, Typhoon, Hurricane) များ (ဝ.၂၀% နှင့် ဝ.၂၅%)
(၉) ရေကြီးခြင်း၊ ရေလျှံခြင်း တို့ကြောင့် ပျက်စီးခြင်း (ဝ.၁၀%)
(၁၀) ဖောက်ထွင်းမှုကြောင့် ဆုံးရှံးမှု (ဝ.၂၅%)
(၁၁) စစ်ဘေးကြောင့် ဆုံးရှံးမှု (ဝ.၁၀%)

မေး။ မီးအာမခံပေါ်လစီမှ ရရှိနိုင်မည့်အကာအကွယ်များမှာ အဘယ်နည်း။
ဖြေ။ အောက်ဖော်ပြပါအန္တရာယ်များကြောင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာပစ္စည်းများဆုံးရှုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ငွေကြေး ဆိုင်ရာဆုံးရှုံးမှုများကို မီးအာမခံပေါ်လစီမှ အကာအကွယ်ပေးပါသည်။
(၁) မီးလောင်မှုအမျိုးမျိုး
(၂) မိုးကြိုးပစ်၍လောင်သောမီး
(၃) အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကြောင့် လောင်သောမီး

မေး။ မည်သည့်အရာဝတ္တုများကို မီးအာမခံထားနိုင်ပါသနည်း။
ဖြေ။
• ပုဂ္ဂလိကတစ်ဦးချင်းပိုင်ဆိုင်သည့်နေအိမ်နှင့်အလားတူအဆောက်အဦးများ
• ငွေချေးယူရာတွင်အပေါင်တင်ရသည့် အဆောက်အဦးများ
• စက်ရုံအလုပ်ရုံများရှိ သိုလှောင်ပစ္စည်းများ
• အဆောက်အဦးနှင့်အတွင်းရှိ ရွေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ

မေး။ မီးအာမခံကို မည်သူများ ဝယ်ယူနိုင်ပါသနည်း။
ဖြေ။ မီးအာမခံထားရှိမည့် အဆောက်အဦးနှင့် ဆက်စပ်ပစ္စည်းများကို တရားဝင်ပိုင်ဆိုင်ခွင့် ရှိသူသာ အာမခံထားခွင့် ရှိပါသည်။

မေး။ မီးအာမခံပေါ်လစီ ဆိုသည်မှာ အဘယ်နည်း။
ဖြေ။ မီးအာမခံသည် ပိုင်ဆိုင်သောဥစ္စာပစ္စည်းများ မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲ ခြင်းများကြောင့် ပျက်စီးဆုံးရှံးခဲ့ပါက ထောက်ပံ့သည့် အာမခံအမျိုးအစားဖြစ်ပါသည်။
• မီးအာမခံပေါ်လစီဝယ်ယူရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ
• အဆိုပြုလွှာ
• မီးဘေးအန္တရာယ်ကာကွယ်ရေးစီမံချက်
• အဆောက်အဦးတည်နေရာပြမြေပုံ

မေး။ သာမန်မီးအာမခံအကာအကွယ် (Ordinary Fire Coverage)တွင် အိမ်သုံးဓါတ်ငွေ့ယိုစိမ့် ပေါက်ကွဲမှုကြောင့် မီးလောင်ဆုံးရှုံးမှုမှာ အကြုံးဝင်ခြင်းရှိပါသလား။
ဖြေ။ အကြုံးဝင်ပါသည်။

မေး။ ဖောက်ထွင်းခိုးယူခြင်း (Burglary) အကာအကွယ်တွင် ကုန်ပစ္စည်းများကို အာမခံထား၍ ရပါသလား။ ထို့အပြင်ပေါ်လစီ သီးခြားဝယ်ယူ၍ ရပါသလား။
ဖြေ။ သီးခြားပေါ်လစီ အနေဖြင့် ဝယ်ယူရရှိပါသည်။

မေး။ အဆောက်အဦးအား ကာလပေါက်ဈေးအတိုင်းအာမခံထား၍ ရပါသလား။
ဖြေ။ မရရှိပါ။ ကန့်သတ်ချက်အရ တွက်ချက်လက်ခံပါသည်။

မေး။ ကုန်ပစ္စည်းများအား ရောင်းဈေးအတိုင်း အာမခံထား၍ ရပါသလား။
ဖြေ။ ရရှိပါသည်။

မေး။ ပရီမီယံအား မည်သို့ပေးချေရမည်နည်း။
ဖြေ။ တစ်ကြိမ်တည်း ပေးချေရမည်။

မေး။ အာမခံသက်တမ်းသည် မည်သည့်အချိန်တွင် စတင် အကျုံးဝင်သနည်း။
ဖြေ။ ပရီမီယံစတင် ပေးသွင်းသည့် အချိန်မှစသည်။