Premium Calculator
Urgent Notice to Our Customer

ရေကြောင်းကုန်စည်အာမခံ

၁။ ကုန်စည်များကို သင်္ဘောများ/CB တွဲများ/OB တွဲများနှင့် သယ်ယူပို့ဆောင်သည့် အခါတွင် ပြည်တွင်း မြစ်ကြောင်းများ အပြင် မည်သည့်နည်းဖြင့် သယ်ယူလို့ရပါသနည်း။
ဖြေ။ မြန်မာနိုင်ငံနယ်နိမိတ် ကမ်းရိုးတန်းလမ်းကြောင်း (Coastal) ဖြင့် သယ်ယူ ပို့ဆောင်လို့ရပါသည်။ (ဥပမာ – မြိတ်/ကော့သောင်း/စစ်တွေ/ဘူးသီးတောင်/မောင်းတော စသဖြင့် (တနင်္သာရီကမ်းရိုးတန်း/ရခိုင်ကမ်းရိုးတန်း)

၂။ သယ်ယူပို့ဆောင်ရာတွင် အချိန်ကန့်သတ်ချက်ရှိပါသလား။
ဖြေ။
– အချိန်ကန့်သတ်ချက်မရှိပါ။
– ဥပမာ-ရန်ကုန်မှ မြိတ်သို့ သယ်ယူပို့ဆောင်ရာတွင် ရန်ကုန်မှ စထွက်သည့် အချိန်မှ မြိတ်သို့ သင်္ဘောဆိပ်ကပ်သည့် အချိန်ထိ (ဆိပ်ကမ်းရောက်သည့် အချိန်အထိ) One Trip ခရီးစဉ် အတွက် အာမခံအကျုံးဝင်ပါသည်။

၃။ ကုန်စည်များကို ရေလမ်းခရီးဖြစ်စေ ကုန်းလမ်းခရီးဖြစ်စေ သယ်ယူသည့်အခါ ဘယ်လိုအခြေအနေမျိုးတွင် လျော်ကြေး အကျုံးဝင်ပါသနည်း။
ဖြေ။
– ရေလမ်းခရီးတွင် ကုန်စည်သယ်ဆောင်ထားသော သင်္ဘော / CBတွဲ /OB တွဲများ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ Accident ကြောင့်ဖြစ်စေ၊ သင်္ဘော / CB တွဲ / OB တွဲ မှောက်ခြင်း၊ ရေထဲနစ်မြုပ်သွားခြင်းကြောင့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှံး သွားပါက လျော်ကြေးအကျုံးဝင်ပါသည်။
– ကုန်းလမ်းခရီးတွင် ကုန်စည်တင်ဆောင်သည့် ယာဉ်သည် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ Accident ကြောင့်ဖြစ်စေ၊ လုံးဝပျက်စီးဆုံးရှံးမှု ပေါ်ပေါက်မှသာလျှင် အကျုံးဝင်ပါသည်။

၄။ မည်သည့် သဘာဝဘေးအန္တရာယ်များ အတွက် အကာအကွယ် ရရှိနိုင်ပါသနည်း။
ဖြေ။ မိုးကြိုးပစ်ခြင်း၊ လေပြင်းမုန်တိုင်းကျခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ခြင်း မီးတောင်ပေါက်ကွဲခြင်း။

၅။ မည်သို့သော မတော်တဆ ပျက်စီးဆုံးရှုံမှုများ အတွက် အကျုံးဝင်ပါသနည်း။
ဖြေ။
– ရေလမ်းခရီးတွင် သင်္ဘောအချင်းချင်းတိုက်မိခြင်း၊ သင်္ဘောဖြင့် CB တွဲ / OB တွဲ များကို တိုက်မိခြင်း၊ ဆိပ်ကမ်းတံတား/ရေထဲရှိ တစ်စုံတစ်ရာ/ကျောက်ဆောင် အစရှိသည်တို့နှင့် တိုက်မိ၍ သင်္ဘော/CB/OB တွဲများ၏ ဝမ်းဗိုက်ပေါက်ပြီး မြုပ်သွားခြင်း၊ ဝါယာရှော့ခ် ဖြစ်ပြီး သင်္ဘောမီးလောင်ခြင်း၊ သင်္ဘောအင်ဂျင် အပူလွန်ကဲပြီး သင်္ဘောမီးလောင်ခြင်း တို့ အကျုံးဝင်ပါသည်။ (ရေယာဉ်အုပ်၊ စက်ခန်းအုပ် တို့ရဲ့ ပေါ့ဆမှုခြင်းများ အကျုံးမဝင်ပါ။)
– ကုန်းလမ်းခရီးတွင် ကားအချင်းချင်းတိုက်မိခြင်း၊ မတော်တဆကားတိမ်းမှောက်ခြင်း၊ ကားချောက်ထဲကျခြင်း၊ ကားမီးလောင်ခြင်း တို့ အကျုံးဝင်ပါသည်။
– (ယာဉ်မောင်းသူ၏ ပေါ့ဆမှု၊ ယာဉ်ကို မဆင်မခြင် မောင်းနှင်မှု၊ အရက်သေစာ/မူးယစ်ဆေးဝါး သုံးစွဲပြီး မောင်းနှင်မှုတို့ကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အကျုံးမဝင်ပါ။

၆။ ကုန်းလမ်းဖြစ်စေ၊ ရေလမ်းဖြစ်စေ ကုန်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ချိန်တွင် အာမခံထားချင်ပါက မည်သည့်စာရွက်အထောက်အထားများတင်ပြရန် လိုအပ်ပါသနည်း။
ဖြေ။
– အာမခံတန်ဘိုး သတ်မှတ်နိုင်ရန် အာမခံထားမည့် ကုန်ပစ္စည်းများ၏ တန်ဘိုးအတွက် (Invoice/အရောင်းအဝယ်ပြေစာ)
– Packing List – ပစ္စည်းထုပ်ပိုးမှု စာရင်း
– ကုန်းလမ်းခရီးတွင် မော်တော်ယာဉ်ဖြင့် သယ်ယူပါက ယာဉ်မောင်းလိုင်စင် မိတ္တူ၊ ယာဉ်မှတ်ပုံတင် သက်သေခံ ကဒ်ပြားမိတ္တူ၊ ကုန်စည်ပို့ဆောင်ခွင့် လိုင်စင် မိတ္ထူများ တင်ပြရန် လိုအပ်ပါသည်။ ယာဉ်မောင်းလိုင်စင် အနေဖြင့် (င) လိုင်စင်သာ အကျုံးဝင်ပါသည်။
– ရေလမ်းခရီးတွင် (ရေယာဉ်အုပ်၊ စက်ခန်းအုပ်များ၏ လက်မှတ်လိုအပ်ပါသည်။) သင်္ဘောစာရင်း၊ သင်္ဘောများ၏ လိုင်စင်၊ ကုန်စည်ပို့ဆောင်ခွင့် လိုင်စင်များလည်း လိုအပ်ပါသည်။
– အထက်ပါ စာရွက်စာတမ်း အထောက်အထားများနှင့်အတူ အဆိုပြုလွှာ လိုအပ်ပါသည်။ ထို အဆိုပြုလွှာအား ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်ပြီး တင်ပြပေးရပါမည်။

၇။ မည်သို့သောကုန်ပစ္စည်း အမျိုးအစားများကို အာမခံထားရှိနိုင်ပါသနည်း။ နှုန်းထားများနှင့်တစ်ကွ ဖော်ပြပေးပါ။
ဖြေ။
– အထွေထွေကုန်ပစ္စည်းများ (General Cargo) ဝ.၁၄%
– လောင်စာဆီများ (Paraffin/Diesel/Fuel) ဝ.၂၈%
– ကွဲရှလွယ်တဲ့ပစ္စည်းများ (Fragile Goods) ဝ.၈၀%

၈။ မိုးတွင်းကာလသတ်မှတ်ချက် ဆိုသည်မှာ မည်သည့် ကာလအပိုင်းအခြားကို မူတည်ပြီး ကန့်သတ်ချက် ထားပါသနည်း။
ဖြေ။
(၁) မိုးတွင်းကာလသတ်မှတ်ချက်မှာ နှစ်စဉ် မေလ(၁)ရက် မှ အောက်တိုဘာ (၁၅) ရက်အထိ ဖြစ်ပါသည်။
(၂) အဓိက ကမ်းရိုးတန်း (Coastal) လမ်းကြောင်းများအတွက် ဖြစ်ပါသည်။ မြစ်တွင်းသွား ခရီးစဉ် နှင့် ကုန်လမ်းခရီးစဉ်များ မပါဝင်ပါ။
(၃) General Cargo အနေဖြင့် ပုံမှန် ဝ.၂၈% နှုန်းထားဖြင့် ပရီမီယံကောက်ခံသော်လည်း မိုးရာသီ (Monsoon) တွင် ဝ.၅၆% နှုန်းဖြင့် ကျသင့်ပရီမီယံကောက်ခံပါသည်။
(၄) Paraffin အနေဖြင့် ပုံမှန် ဝ.၄၂% နှုန်းဖြင့် ပရီမီယံကောက်ခံသော်လည်း မိုးရာသီ (Monsoon) တွင် ဝ.၈၄% နှုန်းဖြင့် ကျသင့်ပရီမီယံကောက်ခံပါတယ်။

၉။ ရလမ်းခရီးတွင် Additional Cover ဖြစ်သော ဆိပ်ကမ်းရက်လွန်ကြေး (Port overdue Fee) ကောက်ခံသည့် အကြောင်းရင်းကို သိရှိနိုင်ပါသလား။
ဖြေ။ ဆိပ်ကမ်းရက်လွန်ကြေး (Port Overdue Fee) ကို ရေလမ်းခရီးမှာ ကောက်ခံရခြင်း အကြောင်းရင်းမှာ သင်္ဘောများသည် ကုန်ပစ္စည်းပို့မည့်ရက်များတွင် အကြောင်းအမျိုးမျိုးကြောင့် မပို့နိုင်သောဖြစ်ရပ်များ (ကုန်ပစ္စည်းများ အချိန်မီ မရနိုင်ခြင်း၊ သင်္ဘောပေါ်တင်မည့် ကုန်ပစ္စည်းများ ကားဖြင့်သယ်စဉ် လမ်းခရီး၌ ကြန့်ကြာခြင်း၊ အလုပ်သမားများချက်ချင်း စုစည်းမရနိုင်ခြင်း၊ ကုန်တင်ကုန်ချ ကြန့်ကြာခြင်း) ရှိနိုင်ခြင်း၊ သင်္ဘောထွက်ခွာမည့်အချိန်မှာ မိုးသည်းထန်စွာရွာနေခြင်း၊ လေပြင်းတိုက်ခြင်း၊ မုန်တိုင်းကျသဖြင့် ထွက်ခွာခွင့်မရနိုင်ခြင်း တို့ကြောင့် သင်္ဘောသည် သတ်မှတ်ချိန်တွင် မထွက်နိုင်ပါ။ သို့ဖြစ်ပါ၍ ဆိပ်ကမ်းရက်လွန်ကြေး ကောက်ခံရခြင်း ဖြစ်ပါသည်။ဆိပ်ကမ်းရက်လွန်ကြေးသည် ကျသင့်သော ပရီမီယံ၏ ၁၀% သာ ကောက်ခံခြင်းဖြစ်သည်။

၁၀။ ရေလမ်းခရီးဖြစ်စေ၊ ကုန်းလမ်းခရီးဖြစ်စေ ကုန်စည်ပို့ဆောင်နေချိန်တွင် လမ်းခရီး၌ သင်္ဘောပျက်ခြင်း၊ ကားပျက်ခြင်းတို့ကြောင့် လိုရာခရီးဆုံးသို့ မရောက်နိုင်၊ မသွားနိုင်သည့် အခြေအနေမျိုးဖြင့် ကြုံတွေ့လာလျှင် မည်သို့ လုပ်ဆောင်ရမည်နည်း။
ဖြေ။ သင်္ဘောဖြင့်ဖြစ်စေ ကားဖြင့်ဖြစ်စေ သယ်ဆောင်စဉ် လမ်းခရီး၌ ထိုအဖြစ်အပျက်မျိုး ကြုံ တွေ့လာလျှင် သင်္ဘောနောက်တစ်စီး၊ ကားနောက်တစ်စီးသို့ ပြောင်းရွှေ့သယ်ခြင်း ပြုလုပ်နိုင်သည်။ ထိုကယ်သို့ ပြောင်းလဲသယ်ယူခဲ့လျှင် အပြောင်းအလဲဖြစ်သော သင်္ဘော/ကားများ၏ အချက်အလက်များကို ကုမ္ပဏီသို့ Viber ဖြစ်စေ Email ဖြင့်ဖြစ်စေ ပေးပို့ အကြောင်းကြား ပေးရပါမည်။ ကုမ္ပဏီ အနေဖြင့် ပို့ကုန်များနှင့် ပတ်သက်၍ Endorsement လုပ်နိုင်ရန်ဖြစ်သည်။ အကယ်၍ အကြောင်းမကြားထားသော ပြောင်းလဲသယ်ဆောင်သည့် သင်္ဘော/ကားများ လျှော်ကြေးတောင်းခံမှု ဖြစ်ပေါ်ခဲ့လျှင် လျော်ကြေးအတွက် အကျုံးမဝင်နိုင်ပါ။ (တစ်စီး မှ တစ်စီးသို့ ပြောင်းလဲသယ်ဆောင်ချိန်တွင် အလုပ်သမားများ၏ ပေါ့လျော့မှုကြောင့် ကုန်ပစ္စည်း ပျက်စီး/ဆုံးရှံးမှု ရှိခဲ့လျှင် အကျုံးမဝင်နိုင်ပါ။)

၁၁။ ရေယာဉ်ကိုယ်ထည်အာမခံ (Marine Hull) အမျိုးအစား ဘယ်နှစ်မျိုးရှိပါသနည်း။
ဖြေ။
၁) သံကိုယ်ထည် (Steel Hull)
၂) သစ်သားကိုယ်ထည် (Wooden Hull)

၁၂။ ရေယာဉ်ကိုယ်ထည် အာမခံပရီမီယံနှုန်းထားများ သိနိုင်ပါသလား။
ဖြေ။
– သံကိုယ်ထည်အမျိုးအစား၌ သင်္ဘော၏ သက်တမ်းပေါ်မူတည်ပြီး ပရီမီယံကောက်ခံပါသည်။
– သက်တမ်း (၁) နှစ် မှ (၅) နှစ် အတွင်းရှိလျှင် အာမခံထားငွေပေါ်၏ ၂%
– က်တမ်း (၆) နှစ် (၁၀)နှစ် အတွင်းရှိလျှင် အာမခံထားငွေပေါ်၏ ၂.၂၅%
– သက်တမ်း (၁၁)နှစ် (၁၅)နှစ် အတွင်းရှိလျှင် အာမခံထားငွေပေါ်၏ ၂.၂၅%
– သက်တမ်း (၁၆)နှစ် (၂၀)နှစ် အတွင်းရှိလျှင် အာမခံထားငွေပေါ်၏ ၂.၇၅%
– သက်တမ်း ၂၀ နှစ် အထက်ဖြစ်လျှင် အာမခံထားငွေပေါ်၏ ၃%

– သစ်သားကိုယ်ထည်အမျိုးအစား၌ အသုံးပြုပုံပေါ်မူတည်၍ ကောက်ခံပါသည်။
– မြစ်တွင်းသွားသော သင်္ဘောများအတွက် အထွေထွေကုန်တင်ခြင်း ၁ နှစ်အတွက် ၁.၄%
– ကမ်းရိုတန်းသွားသော သင်္ဘောများအတွက် အထွေထွေကုန်တင်ခြင်း ၁နှစ် အတွက် ၁.၈%
– ကမ်းရိုးတန်းသွားသော ငါးဖမ်းသင်္ဘောများအတွက် ၂% နှုန်းဖြင့် ကောက်ခံပါသည်။

၁၃။ သင်္ဘောများ၏ တန်ဘိုးမှာ မြင့်မားနေ၍ ပရီမီယံကြေးများခြင်းကြောင့် ပေးသွင်းနိုင်ခြင်းမရှိပါက သက်တမ်းတိုနှုန်းဖြင့် ထားလို့ရနိုင်ပါသလား။ ဥပမာ (၃)လ သို့ (၆)လ
ဖြေ။ သက်တမ်းတိုနှုန်းဖြင့် လက်ခံဆောင်ရွက်ပေးပါတယ်။
ဥပမာ – Voyage Policy ဖြစ်သော (၁၅)ရက်အောက်ခရီးစဉ်အား တစ်နှစ်တာပရီမီယံ၏ 1/12
(၁)လ၊(၂)လ၊ (၃)လ အစရှိသော Short Period များသည် Time Policy ဖြစ်ပြီး
(၁)လသက်တမ်းတွင် တစ်နှစ်တာပရီမီယံ၏ 2/12
(၂)လသက်တမ်းတွင် တစ်နှစ်တာပရီမီယံ၏ 3/12
(၃)လသက်တမ်းတွင် တစ်နှစ်တာပရီမီယံ၏ 4/12
(၄)လသက်တမ်းတွင် တစ်နှစ်တာပရီမီယံ၏ 5/12
(၅)လသက်တမ်းတွင် တစ်နှစ်တာပရီမီယံ၏ 6/12
(၆)လသက်တမ်းတွင် တစ်နှစ်တာပရီမီယံ၏ 7/12
(၆)လ နှင့် အထက်တွင် (၁)နှစ်တာ ပရီမီယံ အပြည့်အဝကောက်ခံပါသည်။

၁၄။ သံကိုယ်ထည်၊ သစ်သားကိုယ်ထည်အပြင် ဖိုင်ဘာဂလပ်စ် အမျိုးအစားအား အာမခံထားလို့ရနိုင်ပါသလား။
ဖြေ။ Fiber Glass အမျိုးအစားအား သစ်သားကိုယ်ထည်နှုန်းဖြင့် အာမခံလက်ခံဆောင်ရွက်ပေးနိုင်ပါသည်။

၁၅။ သံကိုယ်ထည်၊ သစ်သားကိုယ်ထည်များ အာမခံထားလိုလျှင် All Risk Cover ပေးပါသလား။
ဖြေ။ သံကိုယ်ထည်ရေယာဉ်များအား All Risk Cover ပေးပြီး ၊ သစ်သားကိုယ်ထည်ရေယာဉ်များအား All Risk Cover မပေးပါ။ (Total Loss Only သာပေးပါသည်။)
ပင်လယ်ရပ်ခြားသွားသော သစ်သားကိုယ်ထည်ရေယာဉ်များအား လက်ခံဆောင်ရွက်ခြင်း ခွင့်မပြုသေးပါ။ မြန်မာပြည်ရေပိုင်နက်အတွင်းသွားခြင်းများသာ လက်ခံ ဆောင်ရွက်ပေးပါသည်။

၁၆။ Total Loss ဆိုသည်မှာ မည်သို့သတ်မှတ်ထားပါသနည်း။
ဖြေ။ သစ်သားကိုယ်ထည်ရေယာဉ်တစ်စင်း မြန်မာ့ရေပိုင်နက်ထဲ၌ နစ်မြုပ်သွားခြင်း၊ မီးလောင်ပျက်စီးခြင်း စသဖြင့် ဖြစ်သည်။ ၁၀၀% ပျက်စီးဆုံးရှုံးသွားခြင်း၊ ပြန်လည်ပြင်ဆင်လို့မရခြင်း စသည့်ဖြစ်စဉ်များအား Total Loss ဟု သတ်မှတ်ပါသည်။ သို့သော် ပြန်လည်ပြင်ဆင်ရသည့် အခြေအနေ၌ ၉၀% အထက်ဖြစ်နေပြီး ပြင်ဆင်ခသည် အာမခံထားသော SI တန်ဘိုးထက် များပြားနေပါက Constructive Total Loss အဖြစ်သတ်မှတ်ပြီး SI တန်ဘိုး ကို အပြည့်အဝ ပေးလျော်ပါသည်။ ပေးလျော်ပြီးသောအခါ ကုမ္ပဏီမှ သင်္ဘောအား သိမ်းယူပါသည်။

၁၇။ ကိုယ်ပိုင်မဟုတ်သော သင်္ဘောများအား အာမခံထားလို့ရပါသလား။
ဖြေ။ ကိုယ်ပိုင်သင်္ဘောမဟုတ်သော်ငြား တရားဝင်အဌား အဖြစ် စာချုပ်စာတမ်းရှိပါက အာမခံထားနိုင်ပါသည်။