This website is compatible for mobile only.

အာမခံပေါ်လစီ စည်းကမ်းချက်များ

အာမခံအကာအကွယ် စတင်သည့်နေ့

အာမခံအကာအကွယ်သည် ပရီမီယံကြေးပေးသွင်းပြီးသည့်အချိန်မှစ၍ စတင်ပါသည်။

ပရီမီယံ

ပရီမီယံဆိုသည်မှာ အာမခံထားသူမှ အာမခံကုမ္ပဏီသို့ ပေးသွင်းရမည့်ပမာဏဖြစ်ပါသည်။

ပရီမီယံပေးသွင်းခြင်း

အာမခံဝယ်ယူသူသည် ရရှိလာသည့် Ticket Reference Number ဖြင့် နီးစပ်ရာ K Pay/ Wave Pay/ True Money ကိုယ်စားလှယ်များ (သို့) K Pay/Wave Pay Application များမှ တဆင့်ပေးသွင်းနိုင်ပါသည်။

ဝယ်ယူရရှိနိုင်သည့် ပုံစံ

ဧရာမြန်မာ အသက်အာမခံ ကုမ္ပဏီ မှ သော်လည်းကောင်း သက်ဆိုင်ရာ မိမိတို့ရုံး ဌာနများမှသော်လည်းကောင်း QR Code များရရှိနိုင်မည် ဖြစ်ပြီး ၎င်း QR Code မှ တစ်ဆင့် သက်ဆိုင် ရာ အချက်အလက်များ ဖြည့်သွင်းပြီး ၀ယ်ယူနိုင်သည်။ အဆိုပါ link မှ တစ်ဆင့် ၀ယ်ယူသူ၏ ဖုန်းနံပါတ် သို့ Ticket Reference Number ကိုပြန်လည် ပေးပို့မည် ဖြစ်ပါသည်။

လျော်ကြေးအကြောင်းကြားခြင်း

လျော်ကြေးတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက ဧရာမြန်မာအသက်အာမခံ၏လျော်ကြေးဖုန်းနံပါတ် 09-940 077 773 (Ext: 3-2) သို့ (၇) ရက်အတွင်း အကြောင်းကြားပေးရပါမည်။ (၇) ရက်ကျော်မှ အကြောင်းကြားလာသော လျော်ကြေးကိစ္စများအား လက်ခံစဉ်းစားပေးမည် မဟုတ်ပါ။

အကျိုးခံစားခွင့် အကျုံးမဝင်သည့်အချက်များ

(က) ရှိရင်းစွဲ ကိုယ်အင်္ဂါချို့တဲ့မှုနှင့် ရှိရင်းစွဲရောဂါများကြောင့်ဖြစ်ပွားခြင်း

(ခ) မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း

(ဂ) တမင်ရည်ရွယ်ချက်ရှိရှိဖြင့် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရရှိစေခြင်း

(ဃ) မတော်တဆထိခိုက်မှုကြောင့်မဟုတ်သော မီးဖွားခြင်း/ကိုယ်ဝန်ပျက်ကျခြင်း စသည်များ

(င) ရာဇဝတ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့်ဥပဒေချိုးဖောက်ခြင်း

(စ) မူးယစ်ဆေးဝါးသုံးစွဲခြင်း

(ဆ) စစ်၊ သပိတ်မှောက်ခြင်း၊ အဓိကရုန်း ဖြစ်ခြင်း၊ ပြည်တွင်းစစ်၊ အကြမ်းဖက်ဖျက်စီးခြင်းနှင့် ပြည်တွင်းမငြိမ်မသက်ဖြစ်ခြင်း

ဆက်သွယ်ရန် ဖုန်းနံပါတ်

အသေးစိတ် အချက်လက်များအတွက် - 09- 940 077 773 (Ext: 1-2)

လျော်ကြေးအကြောင်းအရာများအတွက် - 09- 940 077 773 (Ext: 3-2)

AMI အာမခံပေါ်လစီစည်းကမ်းချက်များ