Search
Close this search box.
Search
Close this search box.

Health & Wellness

နည်းနည်းပဲစားပေမဲ့ ရင်ပြည့်တဲ့ Gastroparesis အစာအိမ်ပြဿနာ

Gastroparesis ဆိုတာ အစာအိမ်ကြွက်သား အလိုအလျောက်လှုပ်ရှားမှုမှာ ပြဿနာဖြစ်နေတာပါ။ ပုံမှန်အားဖြင့် အစာအိမ်ရဲ့သန်မာတဲ့ကြွက်သားက ဝင်လာတဲ့အစားအစာတွေကို အူလမ်းကြောင်းဆီ တွန်းပို့ပါတယ်။ ဒါပေမဲ့ Gastroparesis ဖြစ်တဲ့အခါမှာ အစာအိမ်လှုပ်ရှားမှုက နှေးကွေးလို့ပဲဖြစ်ဖြစ်၊ လုံးဝအလုပ်မလုပ်လို့ပဲဖြစ်ဖြစ် အစာအိမ်ထဲမှာ အစာတွေ အပြည့်မြန်လာပါတယ်။ အရှင်းပျောက်အောင် ကုသနိုင်တဲ့နည်းလမ်းမရှိပေမဲ့ ဆေးဝါး၊ အစားအသောက်ပြောင်းလဲခြင်းနဲ့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။ 

⚫ ရောဂါလက္ခဏာ 

အများစုမှာ သိသာထင်ရှားတဲ့လက္ခဏာမရှိပေမဲ့ တချို့မှာ အောက်ပါလက္ခဏာတွေရှိနိုင်ပါတယ်။ 

▪️အန်ခြင်း 

▪️ပျို့ခြင်း 

▪️ဗိုက်ပြည့်အင့်ခြင်း 

▪️ဗိုက်နာခြင်း 

▪️နည်းနည်းပဲစားရုံနဲ့ ဗိုက်ပြည့်ခြင်း 

▪️အစောပိုင်းက စားထားတဲ့ မကြေသေးတဲ့အစာတွေ ပြန်အန်ခြင်း 

▪️အစာခြေရည် ဆန်တက်ခြင်း 

▪️သွေးတွင်းသကြားဓာတ် ပြောင်းလဲခြင်း 

▪️အစားစားချင်စိတ်မရှိခြင်း 

▪️ကိုယ်အလေးချိန်ကျခြင်း၊ အာဟာရမပြည့်ဝခြင်း 

⚫ ဖြစ်စေတဲ့အကြောင်းအရင်း 

ဘာကြောင့်ဖြစ်လဲ သေချာမသိပေမယ့် တချို့သူတွေမှာ အစာအိမ်ကိုထိန်းချုပ်တဲ့အာရုံကြော (Vagus nerve) ထိခိုက်ပျက်စီးတာကြောင့် ဖြစ်နိုင်ပါတယ်။ ပျက်စီးသွားတဲ့အာရုံကြောက အစာအိမ်ကြွက်သားကို အချက်ပြမှုတွေ ပုံမှန်မပို့လွှတ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ အစာအိမ်လှုပ်ရှားမှုနှေးပြီး အစာအိမ်မှာ အစာတွေစုပုံပြီး ကြာနေပါတော့တယ်။ 

Vagus nerve ပျက်စီးခြင်းက ဆီးချိုလိုရောဂါတွေကြောင့်ဖြစ်နိုင်သလို အစာအိမ်၊ အူလမ်းကြောင်း ခွဲစိတ်မှုတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ 

အောက်ပါအခြေအနေတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ 

▪️ဆီးချိုရှိခြင်း 

▪️ဗိုက်/အစာရေမျိုပြွန် ခွဲစိတ်မှုပြုလုပ်ဖူးခြင်း 

▪️ဗိုင်းရပ်စ်ကူးစက်ခံရခြင်း 

▪️အစာအိမ်လှုပ်ရှားမှုနှေးကွေးစေတဲ့ ဆေးတချို့ (ဥပမာ – အပြင်းစားနာကျင်မှုသက်သာတဲ့ဆေး၊ စိတ်ကျဆေး) 

▪️အရေပြားနဲ့ တွယ်ဆက်တစ်ရှူးတွေ မာကြောတောင့်တင်းစေတဲ့ရောဂါ (Scleroderma) 

▪️အာရုံကြောရောဂါများ 

▪️သိုင်းရွိုက်ဟော်မုန်းအားနည်းခြင်း 

အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်နိုင်ခြေများပါတယ်။ 

⚫ နောက်ဆက်တွဲ ပြဿနာများ 

Gastroparesis က အောက်ပါနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ 

▪️အဆက်မပြတ်အန်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း

Share Now: