Search
Close this search box.
Search
Close this search box.

AMI Life News

“ရေကြီးရေလျှံတဲ့အခါ ဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာ”

ရေကြီးရေလျှံခြင်းဆိုတာ အန္တရာယ်များတဲ့သဘာဝဘေးတစ်ခုဖြစ်ပြီး လူတွေမှာ ကူးစက်ရောဂါ၊ အရေပြားပြဿနာနဲ့ ထိခိုက်ဒဏ်ရာတွေဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ရေကြီးတဲ့အခါမှာ သင်အပါအဝင် သင်ချစ်ရသူတွေ ကျန်းမာရေးပြဿနာကင်းဝေးအောင် သတိပြုလိုက်နာရမယ့်အရာတွေကို ဖော်ပြလိုက်ပါတယ်။ 

ရေကြီးတဲ့အခါ ရေထဲမှာ အညစ်အကြေး၊ ရောဂါပိုးမွှား၊ ဓာတုအရည်၊ အဆိပ်အတောက်တွေ ပါဝင်နိုင်လို့ အောက်ပါကျန်းမာရေးပြဿနာတွေကို သတိပြုပါ။  

ဓာတ်မတည့်ခြင်းနဲ့ ပန်းနာရင်ကျပ် 

ရေစိုနေတဲ့ အဆောက်အအုံ၊ ပရိဘောဂတွေဟာ မှိုနဲ့ဘက်တီးရီးယားတွေကို ပေါက်ပွားစေပါတယ်။ ဒီမှိုပိုးမွှားတွေကနေထွက်လာတဲ့ အဆိပ်အတောက်တွေက ဓာတ်မတည့်ခြင်းနဲ့ ပန်းနာရင်ကျပ်ကို ဖြစ်စေပါတယ်။ 

အစာအိမ်အူလမ်းကြောင်း ကူးစက်ရောဂါ 

မသန့်ရှင်းတဲ့ရေကို သောက်သုံးမိတဲ့အခါမှာ ရောဂါပိုးကူးစက်ပြီး ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်းတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေသန့် (သို့) ရေကိုကျိုချက်သောက်ပါ။ အစားအသောက်တွေကို ညစ်ပတ်တဲ့ရေနဲ့မထိအောင်ထားပါ။ လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးကြောပါ။ 

အရေပြားပြဿနာ 

မသန့်ရှင်းတဲ့ရေနဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ‌ဒါကြောင့် မသန့်တဲ့ရေနဲ့ထိတွေ့မိရင် ချက်ချင်းဆပ်ပြာနဲ့ဆေးကြောပါ။ 

ထိခိုက်ရှနာနဲ့ ပိုးဝင်ခြင်း 

ရေထဲမှာမျောပါလာတဲ့ အပိုင်းအစတွေနဲ့ ထိခိုက်မိတဲ့အခါမှာ အရေပြားပေါက်ပြဲခြင်း၊ ဘက်တီးရီးယားဝင်ခြင်း၊ မေးခိုင်ပိုးဝင်ခြင်းတွေ ဖြစ်နိုင်ခြေများပါတယ်။ နောက်ပြီး မတော်တဆချော်လဲတာတွေလည်းဖြစ်နိုင်လို့ သတိပြုသွားလာပါ။ အနာရှိရင် ရေစိုခံပလာစတာကပ်ထားပါ။ 

ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ ‌နာတာရှည်ရောဂါရှိသူတွေက ရေကြီးရေလျှံတဲ့အခါ ပိုမိုထိခိုက်လွယ်တာမို့ အထူးဂရုစိုက်ဖို့လိုပါတယ်။ 

🚨အောက်ပါအခြေအနေတွေမှာတော့ ဆရာဝန်နဲ့ပြသပါ။ 

▪️ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း 

▪️ဖျားခြင်း 

▪️အာရုံမစုစည်းနိုင်ခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်း 

▪️ဝေဒနာအသစ်တစ်ခုခု ခံစားရခြင်း (သို့) ရှိပြီးသားဝေဒနာ ပိုဆိုးလာခြင်း 

▪️နှလုံးခုန်မြန်ခြင်း 

▪️အသက်ရှူရခက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း 

▪️ဒဏ်ရာအနာ နီလာခြင်း၊ ရောင်လာခြင်း၊ အရည်တစိမ့်စိမ့်ထွက်ခြင်း 

တကယ်လို့ သင်နေထိုင်ရာတဝိုက်မှာ ဆရာဝန်ပြသဖို့အခက်အခဲရှိတယ်ဆိုရင်တော့ MyanCare မှာ အွန်လိုင်းကတဆင့် အထွေထွေဆရာဝန်၊ အထူးကုဆရာဝန်များစွာနဲ့ ပြသဆွေးနွေးနိုင်‌ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ 

Share Now: