AMI Life News

ကျောက်ကပ်နှင့်ကျန်းမာရေ:ကျောက်ကပ်နှင့်ကျန်းမာရေး

ကျောက်ကပ်ဟာ လူ့ခန္ဓာကိုယ် အတွက် မရှိမဖြစ် အင်္ဂါအစိတ် အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်ပျက်စီးပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရောဂါကို silent carrier (အသံတိတ်လူသတ်သမား) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကျောက်ကပ်နှင့် ဆိုင်သောလက္ခဏာများစတင်ခံစားရပါက ရောဂါနောက်ဆုံးအဆင့်သို့ ရောက်နေတတ်သောကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် ကျောက်ကပ် ကျန်းမာနေဖို့ အတွက် အောက်ပါ အချက်များကို လုပ်ဆောင်ပေးသင့်ပါတယ်။

1. ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။
ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် သွေးတွင်း မကောင်းတဲ့ အဆီဓာတ် လျော့နည်းလာစေပြီး သွေးတိုးရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးသည့်အတွက် သွေးတိုးကြောင့် ကျောက်ကပ်ရောဂါဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

2. လတ်ဆတ်သော အသီးအနှံများ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားပါ။
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားခြင်းဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် နာတာရှည် ကျောက်ကပ်ရောဂါများဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ဆားကို မိမိအတွက် လိုအပ်သလောက်ပမာဏထက် ပိုစားခြင်းကို ရှောင်ပါ။ လူတစ်ယောက် တစ်နေ့ လိုအပ်တဲ့ ဆားပမာဏသည် 5-6 grams ရှိပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ ဆားပမာဏကို တွက်ရာတွင် ဟင်းထဲထည့်ချက်တဲ့ ဆားသာမက အစားအသောက်တွေ ၊ ဟင်းချက်ရာတွင်သုံးသော ဟင်းခတ် အမွှေးအကြိုင်များတွင်ပါဝင်သော ဆားပမာဏကိုပါ ထည့်တွက်ရပါမယ်။

3. အသက်လတ်ပိုင်း အရွယ်လောက်မှစတင်၍ ဆီးချို ရှိမရှိ ပုံမှန်စစ်ဆေးပေးပါ။
ဆီးချိုရောဂါရှိသူအများစုသည် မိမိကိုယ်ကို ဆီးချို ရှိမှန်းမသိကြပါ။ ဆီးချို ရောဂါရှိမရှိ ပုံမှန် စစ်ဆေးပြီး စောစီးစွာ ကုသလျှင် နောက်ဆက်တွဲ ကျောက်ကပ်ရောဂါ ဖြစ်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

4. သွေးတိုးရောဂါရှိမရှိ ကိုလဲ ပုံမှန် စစ်ဆေးပေးပါ။
သွေးတိုးရောဂါ၏ အဖြစ်များဆုံး နောက်ဆက်တွဲ ဆိုးကျိုးမှာ နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန် လူတစ်ယောက်၏ သွေးပေါင်ချိန်မှာ အပေါ်သွေး ၁၂၀ /အောက်သွေး ၈၀ ဝန်းကျင်ရှိပါတယ်။ သွေးတိုး လို့ သတ်မှတ်ဖို့ ရန် အပေါ်သွေး ၁၄၀နှင့် အထက် အောက်သွေး ၉၀ နှင့် အထက် ရှိပါတယ်။အကယ်၍သွေးပေါင် ဟာ ပုံမှန်ထက်ပိုများနေသည်ဟု ယူဆပါက တနေ့တကြိမ် ၁ ပတ်လောက် တိုင်းကြည့်ပါ။ ၁ ပတ် အတွင်း တိုင်းရာ သွေးပေါင် တက်နေပါက သွေးတိုးရှိသည်ဟု ယူဆနိုင်ပြီး ဆရာဝန်နှင့်ကုသမှု ခံယူပါ။

5. ရေများများသောက်ပါ။
အရွယ်ရောက်ပြီး လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ရေဖန်ခွက် ၈ ခွက်(၂ လီတာ) သောက်သုံးပေးသင့်ပါတယ်။ရေသောက်ခြင်းကြောင့် ကျောက်ကပ်ရောဂါသာမက ကိုယ်ခန္ဓာအတွက်ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။

6. ဆေးလိပ် သောက်ခြင်းကို ရှောင်ကြဉ်ပါ။

7. အကိုက်အခဲ ပျောက်ဆေးများ အလွန်အကျွံ သောက်ခြင်းကို ရှောင်ပါ။

8. ဆီးချို၊နှလုံး၊သွေးတိုးနှင့် အဝလွန်ရောဂါရှိသူများအနေနှင့် ကျောက်ကပ်ကို ပုံမှန် စစ်ဆေးခြင်းများ ပြုလုပ်သင့်ပါတယ်။

Share Now: