AMI Life News

ဖျားနာ အကိုက်အခဲပျောက်ဆေးတွေဟာ အိပ်ငိုက်တတ်ပါသလား

ရိုးရိုးပါရာစီတမော့တစ်မျိုးပဲ ပါတဲ့ဆေးတွေဟာ acetaminophen သီးသန့်ပါတာဖြစ်တဲ့အတွက် 

အိပ်ငိုက်ခြင်းကို မဖြစ်စေပါဘူး ။ သို့သော် အကိုက်အခဲပျောက်ဆေး သီးသန့်ပါတာ ဖြစ်တဲ့အတွက် 

ကိုယ်ပူခြင်းနဲ့ ကိုယ်လက်ကိုက်ခဲခြင်း၊ သွားနာခြင်း၊ ခေါင်းကိုက်ခြင်းတို့ကိုသာ သက်သာစေနိုင်ပါတယ်။ 

ဒါဆို ဘယ်လို အကိုက်အခဲပျောက်ဆေးတွေက အိပ်ငိုက်ခြင်းကို ဖြစ်စေနိုင်မလဲ 

All in one တစ်မျိုးထဲနဲ့ အများကြီးသက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးတွေက အိပ်ငိုက်ခြင်းကို 

ဖြစ်စေနိုင်ပါတယ်။ 

ဘာလို့လဲဆိုတော့ chlorpheniramine လို့ခေါ်တဲ့ burmeton မျိုးနွယ်နဲ့ acetaminophen အုပ်စုဝင် 

သို့မဟုတ် ibuprofen အုပ်စုဝင်လေးတွေရောနှောထားတဲ့ ဆေးတွေဟာ အိပ်ငိုက်စေတတ်လို့ပါ။ 

အိပ်ငိုက်စေပေမယ့် ဘာလို့သုံးတာလဲ 

သောက်ရတဲ့ ဆေးလုံးအရေအတွက်နည်းစေပါတယ်။ 

ကိုယ်ပူကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ နှာရည်ယို  နှာစေးပျောက်ဆေး တို့ကို သပ်သပ်စီ

သီးသန့် သောက်စရာမလိုတော့ပါ။ 

ဆေးနည်းနည်းနှင့် ကိုယ်ပူတာခေါင်းကိုက်တာတွေအပြင် အအေးမိနှာစေးနှာပိတ် 

နှာရည်ယိုခြင်းကို သက်သာစေနိုင်ပါတယ်။ 

ဆေးတွေကို တွဲသောက်ရမှာ ခွဲသောက်ရမှာ အချိန်မှန်တာ မမှန်တာတွေခွဲမှတ်စရာလည်း မလိုတော့ပါဘူး။ 

ဆေးပညာသဘောတရားအရ စုပေါင်းစပ်ပေါင်းဖြစ်အောင်ထုတ်လုပ်ထားတဲ့နောက်ဆုံးပေါ်ဆေးတွေဟာ 

ဆေးတမျိုးချင်းသီးသန့်သောက်နေရတာထက် ပိုပြီး အာနိသင်ပြကာ လူနာကိုပိုသက်သာစေပါတယ်။ 

ဒါ့အပြင် အကိုက်အခဲပျောက်ဆေး အဖျားကျဆေးတွေ သောက်တိုင်းမှာ အစာနဲ့အတူ  တွဲသောက်ဖို့လည်း မမေ့သင့်ကြောင်း အသိပေးလိုက်ပါတယ်။ 

Share Now: