AMI Life News

မိုးရာသီမှာ နေမကောင်းမဖြစ်စေဖို့ ဘယ်လိုကာကွယ်ကြမလဲ?

မိုးရာသီရောက်လာတာနဲ့အမျှ သတိထားရမှာကတော့ ဒီရာသီမှာ အဖြစ်များတဲ့ရောဂါတွေကိုပါ။  

ရိုးရိုးဖျားနာ ၊ တုပ်ကွေးဖျား၊ သွေးလွန်တုပ်ကွေး ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ စတဲ့ရောဂါတွေဟာ မိုးတွင်းမှာ ဖြစ်လွယ်သလို မပေါ့ဆသင့်တာလည်း အမှန်ပဲဖြစ်ပါတယ်။ စနစ်တကျ ကုသရင် သက်သာပျောက်ကင်းနိုင်ပေမယ့်လည်း မဖြစ်ခင်က ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် မိုးတွင်းကာလမှာ နေမကောင်းမဖြစ်ရအောင်ဘယ်လို နေထိုင်ကြရမလဲဆိုတာ ပြောပြပေးပါမယ်။

ခြင်ကိုက်တာကြောင့် ဖြစ်လာမယ့် ရောဂါတွေကို ကာကွယ်ဖို့  

  • အိမ်ဘေးပတ်လည်မှာ ရှိတဲ့ ခြင်ခိုအောင်းနိုင်တဲ့ ပစ္စည်း၊ ရေဝပ်နိုင်တဲ့နေရာတွေကို ရှင်းထုတ်ပါ။ 
  • အမှိုက်များကို စနစ်တကျ စွန့်ပစ်ပါ။ 
  • အိမ်ကို လေဝင်လေထွက်ကောင်းအောင် ထားပါ။ 
  • ခြင်ထောင်ထောင်ပြီး အိပ်ပါ။ 
  • အဝတ်အစားကိုလုံလုံခြုံခြုံဝတ်ဆင်ပါ။ 
  • ခြင်ဖျန်းဆေး အသုံးပြုပါ။ 

ဝမ်းလျှောတာမျိုး မဖြစ်ရအောင်  

  • လက်ကို ပုံမှန်ဆေးကြောပါ။  
  • သန့်စင်ပြီးသားရေကို သောက်ပါ။ 
  • ယင်နားစာ စားခြင်းကို ရှောင်ပါ။ 
  • အစားအစာများကို သေချာကျက်အောင် ချက်ပြုတ်ပြီး စားပါ။  
  • စားကြွင်းစားကျန်များကို စနစ်တကျစွန့်ပစ်ပါ။ 

ဖျားနာတုပ်ကွေးကို ရှောင်ရှားနိုင်ဖို့ 

  • အာဟာရပြည့်ဝစွာ စားသုံးပါ။ 
  • အိပ်ရေးဝအောင် အိပ်ပါ။ 
  • လူစုလူဝေးထဲ သွားရင် mask တပ်ပါ။  
  • အပြင်က ပြန်လာပြီးတိုင်း လက်ဆေးပါ။  
  • flu vaccine ထိုးထားပါ။ 

အားလုံးလည်း ဖျားနာမှုမရှိဘဲ မိုးရာသီကို ကောင်းကောင်းဖြတ်ကျော်နိုင်ကြဖို့ မျှော်လင့်ပါတယ်… 

Share Now: