AMI Life News

ရင်သားကင်ဆာနှင့် အစာအာဟာရ

မည့်သည့်အစားအစာ မည့်သည့်စားသောက်ပုံ ပုံစံကမှ ကင်ဆာကို ထိထိရောက်ရောက် ကာကွယ်သလို၊ တိတိပပ ဖြစ်စေနိုင်တယ်ဆိုတာ မရှိပါဘူး။

သို့ပင်မဲ့ လူတစ်ယောက်ရဲ့ ကျန်းမာတဲ့နေ့စဉ် အစားအစာ ရွေးချယ်စားသောက်မှု ပုံစံတွေကတော့ နောက် နှစ်အနည်းငယ် ကြာတဲ့အချိန်မှာ ကင်ဆာရောဂါ ဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ပါတယ်လို့လက်ခံထားကြပါတယ်။


ယေဘုယျအားဖြင့် အောက်မှာ ဖော်ြပပေးတဲ့ အစားအစာတွေကိုနေ့စဉ် စားနေတဲ့ ကိုယ့်ထမင်းပန်းကန်ထဲမှာ ပါအောင် ကြိုးစားပေးရင် ကျန်းမာတဲ့ ကိုယ်ခန္ဓာ အချိုးအစားကို ထိန်းသိမ်းပေးနိုင်ရုံသာမက ကင်ဆာရောဂါတွေ ဖြစ်ပွားမှုတွေကို လျော့ချပေးနိုင်ပါလိမ့်မယ်။

(၁) အသီးအနှံ နှင့်ဟင်းသီးဟင်းရွက် အမျိုးအစားစုံလင်အောင်စားပါ

(၂) အမျှင်ဓာတ်များတဲ့ အစားအစာတွေကိုပိုမိုရွေးချယ်စားသုံးပေးပါ။ ဉပမာ- ပေါင်မုန့်ညို၊ ဆန်လုံးညို၊ ပဲအမျိုးမျိုး

(၃) ပဲနို့ နှင့်ပဲပိစပ် ဆက်စပ်သောအစားအစာများစားပေးပါ

(၄) ဗီတာမင် ဒီနှင့် အိုမီဂါ ကြွယ်ဝသောအစားအစာများတိုးလို့စားပေးပါ။

(၁) အသီးအနှံ နှင့်ဟင်းသီးဟင်းရွက်

လေ့လာတွေ့ရှိချက်တွေမှာ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အစားများသူတွေဟာ အသားနှင့် တခြားနို့ထွက်ပစ္စည်းတွေ အဓိကစားသူတွေထက် ၁၅ ရာခိုင်နှုန်း ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်ပါတယ်လို့ဆိုပါတယ်။
ဒီအစားအစာတွေကပါတဲ့ ဗီတာမင်နဲ့ ဖလေဖိုနွိုက် ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေဟာ ကြွယ်ဝ နေတာကြောင့်ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

အထူးသဖြင့် အစိမ်းရောင်နှင့်အစိမ်းရင့်ရောင် ဟင်းရွက်တွေ၊ သစ်တော်သီး၊ ဘယ်ရီသီးလိုအသီးတွေ၊ ပဲအမျိုးမျိုးတွေဟာ အဓိကစားပေးဖို့လိုတယ်လို့တွေ့ရှိရပါတယ်။

အမေရိကန် အစားအစာ အာဟာရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုတစ်နေ့ ကိုတရုတ်ပန်းကန်လုံး တစ်လုံးကနေ နှစ်လုံးအထိ စားပေးပါလို့အကြံပြုထားပါတယ်။

(၂) အမျှင်ဓာတ်များတဲ့ အစားအစာ

ရင်သားကင်ဆာဟာ အီစတိုဂျင်လို့ခေါ်တဲ့ဓာတ် အလွန်းအမင်းများပြားတာကြောင့် ဖြစ်နိုင်သလို၊ ဖြစ်နေတဲ့အချိန်မှာ ကင်ဆာဆဲလ်ကို ပိုအပွားမြန်အောင် ကူညီပေးတတ်ပါတယ်။

ဒါကြောင့် ဆေးကုသမှုအများစုဟာ ခန္ဓာကိုယ်ထဲက ဒီဓာတ်ကိုလျော့ချစေချင်တာဖြစ်ပါတယ်။

အမျှင်ဓာတ်ဟာ ရင်သားကင်ဆာကိုဖြစ်စေတဲ့ အီစတိုဂျင် ဓာတ်ကို ခန္ဓာကိုယ်က စွန့်ထုတ်တဲ့နေရာမှာ အကူအညီပေးနိုင်သလို၊ အစာခြေ စနစ်မှု အီစတိုဂျင်ဓာတ်ကို ခန္ဓာကိုယ်အတွင်း စုပ်ယူမှုကိုလဲ လျော့ကျစေပါတယ်။


ဒါကြောင့်ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း၊ oat meal ၊ chia seed ၊ အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစရှိတဲ့ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားပေးခြင်းဟာ ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်သလို ဖြစ်နေတဲ့သူမှာလဲ ကုသနေမှုကို အကူအညီပေးနိုင်မှာဖြစ်ပါတယ်။

အမေရိကန် အာဟာရ အဖွဲ့လမ်းညွန်ချက်အရ အမျှင်ဓာတ်တစ်နေ့ကို ၃၃ ဂရမ်စားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

(၃) ပဲနို့နှင့်ပဲပိစပ် ဆက်စပ်သောအစားအစာများ

ပဲနို့၊ ပဲပိစပ်နှင့်ပဲပြား စတာတွေဟာ သဘာဝကပေးတဲ့ အပင် က ရနိုင်တဲ့ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပါတယ်။

သူတို့မှာ isoflavone လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အရာတွေများစွားပါဝင်ပါတယ်။

ဒါတင်မကပါဘူး သွေးတွင်းအဆီဓာတ်တွေကိုပါ လျှော့ချပေးနိုင်တဲ့ အစွမ်းကြောင့် ရင်သားကင်ဆာကို တဖက်တလှမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။(၄) ဗီတာမင် ဒီနှင့် အိုမီဂါ ကြွယ်ဝသောအစားအစာများ
သံလွင်ဆီ၊ ထောပတ်သီး၊ အစေ့အဆံများ၊ ပင်လယ်ငါးနဲ့ အိုမီဂါကြွယ်ဝတဲ့ငါးတွေဟာ သွေးတွင်းအဆီဓာတ်ကို ကျစေပြီး ရင်သားကင်ဆာကိုလဲ ကာကွယ်ပေးနိုင်ကြပါတယ် ။

Share Now: