Search
Close this search box.
Search
Close this search box.

Health & Wellness

ရာသီတုပ်ကွေးကာကွယ်ဆေး မထိုးပေးခင်သိသင့်တဲ့အချက်

တုပ်ကွေးဆိုတာ နှစ်တိုင်းဖြစ်နေတဲ့ ကူးစက်ရောဂါတစ်ခုပါ။ ကူးစက်ပျံ့နှံ့လွယ်ပြီး ပြင်းထန်တဲ့ဝေဒနာတွေကို (အထူးသဖြင့် ကလေးငယ်တွေမှာ) ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေဟာ ရာသီတုပ်ကွေးကာကွယ်‌ဆေးကို ထိုးဖို့လိုအပ်ပါတယ်။ ဒီနေ့မှာ‌တော့ ရာသီတုပ်ကွေးကာကွယ်ဆေးနဲ့ပတ်သက်ပြီး သိထားသင့်တာတွေကို ဝေမျှလိုက်ပါတယ်။ 

🌐 ကာကွယ်ဆေးကို ကလေးအသက် ၆ လကစလို့ ထိုးလို့ရပါပြီ။ ရာသီတုပ်ကွေးရဲ့ ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာကို ကာကွယ်ဖို့အကောင်းဆုံးနည်းက ကာကွယ်ဆေးပဲဖြစ်ပါတယ်။ 

🌐 ပထမဆုံးအကြိမ်စထိုးမယ့် အသက် ၆ လကနေ ၈ နှစ်အထိ ကလေးငယ်တွေ၊ အရင်က တစ်ခါပဲထိုးဖူးတဲ့သူတွေက အနည်းဆုံးလေးပတ်ခွာပြီး နှစ်ကြိမ်ထိုးသင့်ပါတယ်။ အသက် ၉ နှစ်နဲ့အထက်ကလေးတွေကတော့ တစ်ကြိမ်ပဲလိုအပ်ပါတယ်။  

🌐 ကာကွယ်ဆေးက ဘေးကင်းစိတ်ချရပါတယ်။ အမေရိကန်နိုင်ငံသား သန်းရာပေါင်းများစွာက တုပ်ကွေးကာကွယ်ဆေးထိုးနေကြတာ နှစ် ၅၀ ကျော်နေပါပြီ။ ဘေးထွက်ဆိုးကျိုးက ယေဘုယျအားဖြင့်နည်းပြီး ရက်အနည်းငယ်အတွင်း သူ့ဘာသာသူသက်သာသွားပါတယ်။ 

🌐 တုပ်ကွေးကာကွယ်ဆေးက တုပ်ကွေးမဖြစ်စေနိုင်ပါဘူး။ အသက်မဲ့အောင်လုပ်ထားတဲ့ ဗိုင်းရပ်စ်ကနေ ထုတ်လုပ်ထားတာမို့ ရောဂါမကူးစက်စေပါဘူး။ 

🌐 တုပ်ကွေးဗိုင်းရပ်စ်က နှစ်တိုင်းပြောင်းလဲနေတာမို့  

ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်တိုင်းထိုးရပါမယ်။ အကောင်းဆုံးကတော့ တုပ်ကွေးရာသီမစခင်ကတည်းက ထိုးထားဖို့ပါပဲ။ 

🌐 ပန်းနာရင်ကျပ်၊ နှလုံးရောဂါစတဲ့ နာတာရှည်ရောဂါရှိတဲ့ကလေးတွေ၊ ကိုယ်ခံအားမကောင်းတဲ့ကလေးတွေ တုပ်ကွေးဖြစ်ရင် နောက်ဆက်တွဲဝေဒနာကိုစိုးရိမ်ရလို့ ကာကွယ်ဆေးထိုးကိုထိုးသင့်ပါတယ်။ 

ကဲ ဒါဆိုရင်တော့ ရာသီတုပ်ကွေးကာကွယ်ဆေးကို ကလေးမှာ ထိုးသင့်/မထိုးသင့်ကို မိဘတွေအနေနဲ့ နားလည်ဆုံးဖြတ်နိုင်မယ်လို့ ထင်မြင်မိပါတယ်။ 

Doctor doing vaccination on patient’s shoulder, influenza vaccination on arm
Share Now: