AMI Life News

အရိုးပွရောဂါအကြောင်းသိကောင်းစရာ

အရိုးပွရောဂါဖြစ်လျှင် အရိုးများအလွယ်တကူ ကျိုးနိုင်သည် ကြေမွပျက်စီးနိုင်သည်။

ဖိအားအနည်းငယ်ပေးရုံမျှနှင့် အရိုးကျိုးခြင်းကိုဖြစ်စေနိုင်သည်။

ပုံမှန်ဆိုလျှင် ဟောင်းသွားသောအရိုးဆဲလ်များသည် ဆဲလ်အသစ်များဖြင့်အစားထိုးလည်ပတ်နေသည်။

အရိုးပွခြင်းတွင် ဆဲလ်အသစ်များလုံလောက်စွာအစားမထိုးနိုင်ပဲ ယိုယွင်းအားနည်းသောအရိုးများ ဖြစ်လာသည်။

အရိုးပွရောဂါတွင် အစောပိုင်းတွင်တော့လက္ခဏာမပြပါ။

တဖြေးဖြေးကြာလာသည်နှင့်အမျှ ခါးနာခြင်း၊ ခါးကုန်းလာခြင်း၊ အရိုးကျိုးလွယ်ခြင်းများဖြစ်ပေါ်နိုင်သည်။

အရိုးပွခြင်းကို အသက်ကြီးသူများနှင့် အမျိုးသမီးများတွင်ပို၍တွေ့ရသည်။

မိသားစုမျိုးရိုးရှိသူများတွင်လည်း ပို၍ဖြစ်ပွားနိုင်သည်။

တခြားဖြစ်ပွားစေနိုင်တဲ့အကြောင်းအရင်းတွေကတော့-

  • Estrogen နည်းပါးခြင်း
  • Thyroid (သိုင်းရွိုက်) ဟော်မုန်းများခြင်း
  • Calcium ချို့တဲ့ခြင်း
  • အစာအာဟာရချို့တဲ့ခြင်း
  • စတီးရွိုက်ပါသောဆေးများရေရှည်သောက်သုံးနေရခြင်း
  • လှုပ်ရှားမှုနည်းပါးခြင်း
  • အရက်အလွန်အကျွံသောက်သုံးခြင်း
  • ဆေးလိပ်သောက်ခြင်း

အရိုးပွရောဂါကို ဘယ်လိုကာကွယ်ကြမလဲ?

  • Protein (အသားဓာတ်) ပါသောအစားအစာများစားသုံးခြင်း
  • ခန္ဓာကိုယ်အလေးချိန်ပုံမှန်အတွင်းထိန်းသိမ်းခြင်း
  • Calcium ကြွယ်ဝသော အစားအစားများ (နို့နှင့်နို့ထွက်ပစ္စည်း၊ တို့ဖူး၊ salmon) စားသုံးခြင်း
  • vitamin D လိုအပ်လျှင် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်သုံးခြင်း
  • လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

အရိုးပွရောဂါဖြစ်လျှင် သက်ဆိုင်ရာဆရာဝန်နှင့်တိုင်ပင်ပြီး သက်ဆိုင်ရာအရိုးဆေးများ သောက်သုံးရန် လိုအပ်ပါသည်။

Share Now: