AMI Life News

ကိုဗစ်ဗိုင်းရပ်စ် မျိုးစိတ်သစ်ဖြစ်တဲ့ အာကျူးရပ်စ်

ကိုဗစ် ဟာ အခုထိကို မရိုးနိုင်တဲ့ ပုံစံတွေနဲ့ တကျော့နှစ်ကျော့ သုံးကျော့ပြန်မကတော့ပဲ လူထုကြားမှာ ပြန့်နှံ့နေပါတယ်။ သိပ်မကြာသေးခင်မှပဲ လူတွေကြားမှာ ပြန့်လာတာကတော့ ကိုဗစ်ဗိုင်းရပ်စ် မျိုးစိတ်သစ်ဖြစ်တဲ့ အာကျူးရပ်စ်ပဲ ဖြစ်ပါတယ်။

အာကျူးရပ်စ်ရဲ့ အဓိက သိသာထင်ရှားတဲ့ ရောဂါလက္ခဏာကတော့ အဖျားတအားကြီးတာနဲ့ မျက်လုံးတွေက နီရဲနေတာပါပဲ။ ကိုဗစ် မျိုးစိတ်သစ်ဖြစ်တဲ့အတွက် ကူးစက်နှုန်းမြန်ပေမယ့် ထူးခြားချက်အနေနဲ့ ပြင်းထန်မှုတော့မရှိပါဖူး။

ဒါပေမယ့် အဖျားအလွန်ကြီးတာနဲ့ မျက်သားတွေရောင်တာတော့ အထူးသဖြင့် ကလေးငယ်တွေမှာ အတွေ့ရများတတ်ပါတယ်။

အာကျူးရပ်စ်လို့ ခေါ်ရတဲ့ အကြောင်းရင်းကတော့
မျက်စိနာတာ မျက်သားရောင်ရမ်းနေတာတွေအပြင် မျက်လုံးကနေ မျက်ရည်ပူတွေကျလာတာ မျက်ဝတ်အလွန်ထွက်တာတွေလည်း ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် မျက်လုံးအိမ်ရောင်ရမ်းတာ မျက်ခွံတွေမို့ပြီး ရောင်ရမ်းတာတွေဖြစ်တတ်ပါတယ်။ မျက်လုံးသားတွေက ယားယံနေတတ်ပြီး ရေရှည် ဖြစ်တာမျိုးမဟုတ်ပဲ ခဏလေးအတွင်းမှာ သက်သာသွားတတ်ပါတယ်။ ဆယ်ယောက်မှာ သုံးယောက်လောက် မျက်လုံးနီတာမျိုးကို ကြုံရတတ်ပြီး နှစ်ပတ်ကနေ သုံးပတ်လောက်ထိ မျက်သားနီတာကျန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဆိုးဝါးတဲ့ အာကျူးရပ်စ် ကိုဗစ်နောက်ဆက်တွဲ မျက်သားရောင်ရမ်းတာတွေမှာ မျက်လုံးအလွန်နာခြင်း ၊ အမြင်လွှာ တိမ်ဖုံးနေခြင်း မျက်လုံးအမြင်မကြည်ခြင်းတို့ ဖြစ်တတ်ပါတယ်။
အာကျူးရပ်စ်ကြောင့် ဖြစ်တဲ့ မျက်စိနာခြင်း နီခြင်းတွေအတွက် ပိုးသတ်ဆေးပါတဲ့ မျက်စဉ်းဆေးတွေ အရောင်ကျဆေးနဲ့ အလတ်ဂျစ်ကို သက်သာစေတဲ့ မျက်စဉ်းဆေးတွေ ခပ်ပေးနိုင်ပါတယ်။
အဖျားအတွက်ဆိုရင်တော့ အဖျားကျဆေးလေးကို အသက်တစ်နှစ်နဲ့အထက်ကလေးတွေ နဲ့ လူကြီးတွေမှာ လေးနာရီခြားတခါ အဖျားကျဆေးလေးတိုက်ပေးလို့ရပါတယ်။

အာကျူးရပ်စ် ကိုဗစ် ကူးစက်ခံရရင်

  • ကိုယ်အပူချိန်ကြီးမှာ ဖြစ်တဲ့အတွက် အရည်ဓာတ်များများလိုအပ်တာမို့လို့ ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေရန် ရေများများသောက်ပေးနိုင်ပါတယ်။
  • တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပေးပါ။ ရေကို ပုံမှန်ချိုးပေးနိုင်ပါတယ်။
  • မျက်စိနာခြင်း မျက်သားရဲခြင်းကိုပိုဆိုးလာခြင်းမရှိအောင် ဂရုစိုက်ပေးပါ ။ အထူးသဖြင့် လက်ဖြင့် ပွတ်တိုက်မှု မပြုလုပ်မိရန် သတိထားပေးပါ။
  • မျက်ရည်ပူကျခြင်း မျက်စိနာခြင်း မျက်ဝတ်ထွက်ခြင်းတို့အတွက် သန့်ရှင်းရေး လုပ်ဖို့ အဝတ်သန့်သန့်ကို ရေနွေးလေးနဲ့ စိမ်ပြီး အသုံးပြုပေးနိုင်ပါတယ်နော်။


Share Now: