AMI Life News

အသက်သေဆုံးစေနိုင်တဲ့ဉီးနှောက်အမြှေးရောင်ရောဂါ

ကလေးတွေမှာ အဖြစ်များပေမယ့် လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်စဉ်ကတော့ ရောဂါပိုးက ဦးနှောက်ကို ဖုံးထားတဲ့အမြှေးပါးကို ကူးစက်ရာကနေ အမြှေးပါရောင်လာတာပါ။ ပိုးအမျိုးမျိုးရှိတဲ့အထဲကမှ ဘက်တီးရီးယား ကြောင့်ဖြစ်ပေါ်လာတဲ့ ဦးနှောက်အမြှေးရောင်ရောဂါကတော့ ဆေးပညာအရ အရေးပေါ်အခြေအနေဖြစ်ပြီး ကုသထားရင်တောင် အသက်သေဆုံးတာ ဦးနှောက်ထိခိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်..

အချို့သော ဦးနှောက်အမြှေးရောင်ပိုးတွေက လေထဲကတစ်ဆင့်ကူးစက်နိုင်ပြီး ကိုယ်ခံအားကျဆင်းနေချိန်နဲ့ တိုက်ဆိုင်ခဲ့ရင်တော့ အလွယ်တကူပဲ ဝင်ရောက်ကူးစက်နိုင်မှာပါ။ ဒါ့အပြင် နားထဲကို ပိုးဝင်တာကို သေချာမကုပဲ ထားမိရင်လည်း နားကနေတစ်ဆင့် ဦးနှောက်အမြှေးပါးကို ပိုးရောက်နိုင်ပါတယ်

ရောဂါပိုးကူးစက်ခံရပြီး ရောဂါဖြစ်ရင်တော့-

  • ဖျားပြီး တစ်ကိုယ်လုံးတုန်ခြင်း
  • အပြင်းအထန်ခေါင်းကိုက်ခြင်း
  • ပျို့အန်ခြင်း
  • ဇက်တောင့်ခြင်း
  • မှိန်းခြင်း၊ အိပ်နေလျှင်နှိုးရခက်ခြင်း
  • အလင်းရောင်ကိုမကြည့်နိုင်ဖြစ်ခြင်း
  • တက်ခြင်း
  • Confuse ဖြစ်ခြင်း၊ ဂျီကျခြင်း
  • ခန္ဓာကိုယ်မှာ အစက်အပြောက်များပေါ်လာခြင်း စတာတွေဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အပေါ်ကဖြစ်စဉ်လို အဆိုးဆုံး scenario မှာတော့ ဘာလက္ခဏာမှမပြဘဲ ပိုးဆိပ်တက်ပြီး shock ဖြစ်တဲ့ အဆင့်ကို တစ်ခါတည်းတန်းရောက်သွားနိုင်ပါတယ်။

ဦးနှောက်အမြှေးရောင်တာ ဘာဖြစ်လို့ ခန္ဓာကိုယ်မှာ ခရမ်းရောင်အကွက်တွေ ပေါ်လာတာလဲ?

Neisseria Meningitis လို့ခေါ်တဲ့ ရောဂါပိုးဝင်ပြီး ပိုးဆိပ်တက်တဲ့အခါ အရေပြားအောက်မှာ သွေးထွက်ပြီး သွေးခြေဥသလို ခရမ်းရောင်အကွက်တွေ ပေါ်လာပါတယ်။

ဒီလိုဆို မိမိရဲ့ ရင်သွေးကို ရောဂါဆိုးရန်ကနေဘယ်လိုကာကွယ်နိုင်မလဲလို့ စိတ်ပူမိကြပြီလား? အဖြစ်များတဲ့ ဦးနှောက်အမြှေးရောင်ရောဂါပိုးတွေကို ကာကွယ်ဖို့ ကာကွယ်ဆေးရှိတာမို့ စနစ်တကျထိုးနှံပေးပြီး ကိုယ်ခံအားကောင်းအောင် အစာအာဟာရမျှတစွာကျွေးတာနဲ့ ကာကွယ်ပြီးသားဖြစ်တာမို့ ဒီအချက်လေးတွေကို လိုက်နာဖို့ ဖေဖေမေမေတို့ကို တိုက်တွန်းလိုက်ပါတယ်…

Share Now: