Search
Close this search box.
Search
Close this search box.

AMI Life News

AMI Life ၁၁နှစ်ပြည့်အထိမ်းအမှတ်“လက်တွဲဖေးကူရှေ့ဆက်အတူ”အစီအစဉ်ဖြင့် ရင်ခွင်မဲ့သူများဆုံစည်းရာ ဘက်စုံလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့သွားရောက်လှူဒါန်းခြင်း​

AMI Life ၏(၁၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “လက်တွဲဖေးကူ ရှေ့ဆက်အတူ(Together We Support)” အစီအစဉ်အား  ပဲခူးမြို့  ရပ်ကွက်ကြီး (၇/၃) နတ်သျှင်နောင် (၃) လမ်း ဥဿာမြို့သစ်မှာရှိတဲ့ ရင်ခွင်မဲ့သူများဆုံစည်းရာ ဘက်စုံလူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် AMI Life ၀န်ထမ်းများနှင့်အတူ ထမင်းစားဆောင်မုဒ်ဦး ဆောက်လုပ်ရေး ငွေကျပ် သိန်း ၄၀လှူဒါန်းမှု၊ နဝကမ္မလှူဒါန်းမှု၊ တရားနာကုသိုလ်ပြုမှု၊ ကျောင်းရှိ ကလေးများအား နေ့လည်စာလှူဒါန်းမှု နှင့် Magic Showပြသခြင်း များကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပါသည်။

​AMI Life သည် ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက်အနေဖြင့် မြန်မာပြည်သူလူထုအား ၂၀၁၃ ခုနှစ်မှစတင်၍အာမခံဝန်ဆောင်မှုများထောက်ပံ့ပေးလာခဲ့တာ (၁၁)နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။ (၁၁) နှစ်တာ ကာလအတွင်း AMI Life အားအသက်အာမခံဆက်သွယ်ဝယ်ယူသူများနှင့် မိတ်ဖက်ကုမ္ပဏီများ မှယုံယုံကြည်ကြည် ရွေးချယ်လက်တွဲမှုအတွက်လည်း အထူးကျေးဇူးတင်ပါသည်။​

AMI Life အသက်အာမခံဟာ မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော မိသားစုများ၏ ဘဝခရီးလမ်း‌များအားစိတ်ချယုံကြည်စွာ လျှောက်လှမ်းနိုင်ရန်  ဂရုစိုက်မှုအပြည့်ဖြင့်ဖေးမကူညီပြီးတစ်သက်တာ လက်တွဲအားထားရာ အသက်အာမခံတစ်ခုအဖြစ် အမြဲအတူရှိနေမှာပါ။​

#AMILifeAssurance #PartnerForLife#11thAnniversary#CSR #TogetherWeSupport​

Share Now: