AMI Life News

အကျိုးရှိသော နာနတ်သီး

မြန်မာပြည်မှာ ပေါပေါများများတွေ့ရပြီး အရသာလည်းရှိတဲ့နာနတ်သီးကို စားသုံးနေကြပေမယ့် လူ့ခန္ဓာကိုယ်အတွက် ဘယ်လောက်အကျိုးရှိလဲဆိုတာ မသိသေးဘူးဆိုရင် ဒီစာ ကိုအဆုံးထိဖတ်ကြည့်လိုက်နော်။

ဒီနေ့မှာတော့ နာနတ်သီးစားခြင်းရဲ့ အကျိုးကျေးဇူး ၅ မျိုးကိုဖော်ပြပေးသွားပါမယ်။ 

၁။ အစာခြေအားကောင်းခြင်း 

နာနတ်သီးမှာပါဝင်တဲ့ ဘရိုမယ်လိန်း(Bromelain)အစာခြေဓာတ်က အစာခြေတဲ့အခါ၊ အသားဓာတ်ကို ချေဖျက်တဲ့အခါ ထိရောက်စွာအကူအညီပေးပါတယ်။ အထူးသဖြင့် သရက်ရွက်(မုန့်ချိုအိတ်)က အစာခြေဓာတ်သိပ်မထုတ်နိုင်တာမျိုးမှာ ကူညီ‌ပေးနိုင်ပါတယ်။ ဒါ့အပြင်အစာအိမ်နာတာ၊ အစာအိမ်ပြဿနာတွေကို သက်သာစေပါတယ်။ တစ်ခုသတိပြုရမှာကတော့ ပမာဏအများကြီးစားရင် ဝမ်းဗိုက်မသက်မသာဖြစ်စေတတ်ပါတယ်။ 

၂။ ရောင်ရမ်းမှုကိုသက်သာစေခြင်း 

နာနတ်သီးမှာပါတဲ့ အစာခြေအင်ဇိုင်းတွေက ရောင်ရမ်းမှုဖြစ်စေတဲ့ဓာတ်တစ်မျိုး ထုတ်လုပ်မှုကိုတားဆီးပေးလို့ ရောင်ရမ်းတဲ့ဝေဒနာတွေကိုသက်သာစေပါတယ်။  

၃။ ရင်သွေးရအောင် ကူညီပေးနိုင်ခြင်း 

နာနတ်သီးမှာ ဆဲလ်တွေထိခိုက်ပျက်စီးမှုမရှိအောင်ကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိပါတယ်။ ဗီတာမင်စီ၊ ဘီတာကယ်ရိုတင်းကြွယ်ဝတဲ့အပြင် ဇင့်ဓာတ်၊ ကော့ပါးနဲ့ ဖောလိတ်လည်းပါဝင်လို့ ကျန်းမာသန်စွမ်းစေပါတယ်။ အမျိုးသားတွေမှာဆို ဘရိုမယ်လိန်းက ကျားဟော်မုန်းထုတ်လုပ်မှုမှာကူညီလို့ စွမ်းဆောင်ရည်ပိုကောင်းစေပါတယ်။ 

၄။ နုပျိုစေခြင်း 

နာနတ်သီးမှာပါဝင်တဲ့ မန်းဂနိစ်(Manganese)ဆိုတဲ့ အာဟာရဓာတ်က ဆဲလ်တွေထိခိုက်ပျက်စီးမှုမရှိအောင် ကာကွယ်ပေးတဲ့အပြင် အိုမင်းခြင်း၊ ရောဂါဖြစ်ခြင်းတွေကိုတားဆီးပေးပါတယ်။ 

၅။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း 

လေ့လာမှုတွေအရ နာနတ်သီးကိုပုံမှန်စားရင် ကင်ဆာဖြစ်နိုင်ခြေလျော့နည်းသွားတယ်လို့ဆိုပါတယ်။ သုတေသနတွေအရ ဘရိုမယ်လိန်းက ကင်ဆာကိုတိုက်ထုတ်နိုင်ပြီး အထူးသဖြင့် ခီမိုဆေးသွင်းနေရသူတွေမှာ တွဲဖက်အအသုံးပြုကြပါတယ်။ အစာအိမ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အူမကြီးကင်ဆာတွေမှာလည်း ဘရိုမယ်လိန်းက ကင်ဆာတိုက်ထုတ်နိုင်စွမ်းရှိတာတွေ့ရပါတယ်။ 

အခုဆိုရင် စားလို့လည်းကောင်း၊ ကျန်းမာရေးအတွက်လည်းကောင်းတဲ့ နာနတ်သီးရဲ့ကောင်းကျိုးတွေကို သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။

Share Now: