AMI Life News

HIV ကို ဘယ်တုန်းကစပြီးတွေ့ကြတာလဲ?

အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းက ၁၈၀၀ လောက်မှာ စတင်တွေ့ရှိပါတယ်။ လူဝံရိုင်း apes တွေမှာ ရှိတဲ့ SIV virus ကနေ မျိုးကွဲပြီး ဆင်းသက်လာတယ်လို့ယူဆရပါတယ်။
ချင်ပန်ဇီ မျောက်မျိုးနွယ်ဝင်တွေကနေ တဆင့်လည်း ကူးစက်တယ်လို့ ယူဆရတယ်။ အသားစား မျောက်သွေးထိမိ၊ အစိမ်းစားမိတာကတဆင့်ကူးစက်တယ်လို့သိရပါတယ်။ ဒါ့အပြင် အာဖရိက လူမျိုးများ အစာအတွက် တောကောင်တွေ အမဲလိုက်ရာမှ အကိုက်ခံရ အကုတ်ခံရတာမှတဆင့်ကူးစက်တယ်လို့လည်း Hunter theory က ပြောထားပါတယ်။ အမဲဖျက်သောအခါမှာလည်း သန့်ရှင်းရေး အားနည်းမှုကြောင့် တောကောင် သားကောင်ရဲ့ အရည်တွေသွေးတွေ မှတဆင့်ကူးစက် နိုင်ပါတယ်။


အမေရိကနှင့် တခြားနိုင်ငံအရပ်ရပ်သို့ ၁၉၇၀လောက်မှာရောက်ရှိလာပါပြီ။ ၁၉၅၉ ဒေးဗစ်ကား နယူးယောက်ခ်မှာ HIV ကြောင့် ကိုယ်ခံအားကျဆင်းမှုဖြင့် pneumonia ဝင်သေဆုံးခဲ့တာကို ကြည့်ခြင်းဖြင့် ၁၉၇ဝ မတိုင်ခင်မှာလည်း ပြန့်နှံ့နေပြီလို့ယူဆလို့ရပါတယ်။ အဲ့တုန်းက HIV ဆိုတာကို မသိနားမလည်သေးတဲ့ အချိန်အခိုက်အတန့်လေးတွေမို့လို့ နောက်ပိုင်းတွေ့ရှိချက်တွေအရပဲ ကိုယ်ခံအားကျဆင်းမှု လက္ခဏာကို ပြင်းပြင်းထန်ထန်ပြတဲ့ လူတွေရဲ့ သွေး sample တွေကို ပြန်စစ်ရင်းနဲ့ ပျံ့နှံ့မှု အချိန်ကာလကို ပြန်လည်တွက်ချက်ထားတာဖြစ်ပါတယ်။

HIV မျိုးရင်းကို အဓိက ဘယ်နှစ်မျိုးခွဲနိုင်လဲ?

HIV 1 နဲ့ 2 နှစ်မျိုးရှိပါတယ်။ HIV 1 က ပိုပြန့် ပိုပြင်းထန်ပြီး
HIV 2 က Africa လောက်ပဲပြန့်တယ်လို့တော့သိထားပါတယ်။

HIV စစကူးစက်ခြင်းမှာ ဘယ်လို အပြုအမူတွေက လူထုကြားထဲမှာ အဓိက ပျံ့နှံ့မှုကို ဖြစ်စေတာလဲ?
၁၉၂၀ နှင့် ၁၉၆၀ ပတ်ချာလည်မှာ ရောဂါတွေအမျိုးစုံလာပါတယ်။ အထူးသဖြင့် ပိုးသတ်ဆေးထိုးမှရမယ့် ရောဂါမျိုးဖြစ်တဲ့ အနာကြီးရောဂါ ၊ ကာလသားရောဂါ၊ တီဘီရောဂါတွေ အစုလိုက် အပြုံလိုက် ကုသဖို့လုပ်ကြပါတယ်။ အဲ့မှာ သေချာပိုးသတ်နည်းတွေကို နားမလည်သေးတဲ့အတွက် မသန့်ရှင်းတဲ့အပ်တွေကို ထပ်တလဲလဲအသုံးပြုမိရာမှ တဆင့်ကူးစက်မှုနှုန်းကို အရှိန်မြှင့်ပေးသလိုဖြစ်သွားတာပါ။
ကျန်တဲ့ ကူးစက်နည်းတွေကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ ၊ မသန့်ရှင်းတဲ့သွေးသွင်းခြင်းမှ တဆင့် ကူးစက်တာမျိုးက အဓိကပါပဲ။
HIV virus အကြောင်းကို ၁၉၈၃ လောက်ထဲက စလေ့လာ တောက်လျှောက်လေ့လာနေပြီး ၁၉၈၆ မှ HIV virus လို့နာမည်တပ်နိုင်တာပါ။ ၂၀၀၈ မှာတော့ ဒီ retro virus အမျိုးအစားဖြစ်တဲ့ HIV virus အကြောင်း အများကြီး ပြည့်ပြည့်စုံစုံ ဖော်ထုတ်လေ့လာနိုင်တဲ့အတွက် Nobel prize ချီးမြှင့်ခံခဲ့ရတာမျိုးလည်း ရှိခဲ့ပါတယ်။


Share Now: