Search
Close this search box.
Search
Close this search box.

AMI Life News

ရာသီလာခြင်းဆိုင်ရာ အယူအဆအလွဲများ

အမျိုးသမီးတွေ ရာသီလာခြင်းနဲ့ပတ်သက်လို့ အခုခေတ်မှာ အရင်ထက်ပိုအမြင်ကျယ်လာကြတယ်ဆိုပေမဲ့လည်း အခုထိလွဲမှားနေကြဆဲဖြစ်တဲ့ အယူအဆမှားလေးတွေလည်း ရှိနေပါသေးတယ်။ ဒီနေ့မှာတော့ လူအများ အမှတ်မှားနေတဲ့အရာလေးတွေကို ရှင်းလင်းပြောပြသွားပါမယ်။

🔴 ရာသီလာချိန်အတူနေရင် ကလေးမရဘူး။

🟢 လူအများစုအတွက်တော့ မှန်တယ်ဆိုပေမဲ့ ရာသီစက်ဝန်းတိုတဲ့သူတွေ၊ ရာသီမမှန်တဲ့သူတွေမှာတော့ အခန့်မသင့်ရင် ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။

🔴 ရာသီလာချိန် ကိုယ်လက်လှုပ်ရှားမှု မပြုသင့်ဘူး။

🟢 လေ့ကျင့်ခန်းက ရာသီလာစဉ်ဖြစ်တတ်တဲ့ နာကျင်မှုတွေကိုတောင် သက်သာစေပါတယ်။ နေလို့ထိုင်လို့ကောင်းစေပြီး စိတ်ခံစားချက်လည်းပိုကောင်းစေပါတယ်။

🔴 ရာသီသွေးက သွေးညစ်သွေးပုပ်တွေဖြစ်တယ်။

🟢 ရာသီသွေးဆိုတာ တခြားအစိတ်အပိုင်းတွေကလာတဲ့ သွေးပြန်ကြောထဲကသွေး‌လိုပဲ သန့်ရှင်းပါတယ်။ ရာသီသွေးမှာဆိုရင် သွေးဆဲလ်ပါဝင်မှုနည်းတဲ့သွေးနဲ့ သားအိမ်တစ်ရှူးတချို့သာပါဝင်ပါတယ်။ ရာသီလာချိန်မှာ မိန်းမကိုယ်က ပုံမှန်ထက်ပိုစွတ်စိုနေလို့ ဘက်တီးရီးယားတွေ သဘာဝအတိုင်းရှိနေတတ်ပေမဲ့ ဒါကြောင့်နဲ့တော့ သွေးညစ်မဖြစ်သွားပါဘူး။

🔴 Tampon သုံးရင် အပျိုရည်ပျက်တတ်တယ်။
🟢 မှားပါတယ်‌။ Tampon ကြောင့်အပျိုရည်ပျက်ခြင်းမဖြစ်နိုင်ပါဘူး။
ဒီလိုမျိုးဖြည့်ပြီးထည့်ချင်တယ်ဆိုရင်လည်းရပါတယ်။

🔴 အမျိုးသမီးတိုင်း ရာသီလာခါနီးရင် စိတ်တိုဒေါသထွက်လွယ်တယ်။

🟢 အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်မတူနိုင်သလို တစ်လနဲ့တစ်လလည်း မတူတတ်ပါဘူး။ ရာသီလာခါနီးဖြစ်တတ်တဲ့ စိတ်နဲ့ရုပ်ဝေဒနာတွေရဲ့ ပြင်းထန်မှုက အပြင်းအပျော့လည်းကွာခြားပါသေးတယ်။ ဒါကြောင့် ရာသီလာခါနီးဝေဒနာကို အမျိုးသမီးတိုင်း မခံစားရပါဘူး။

🔴 ရာသီလာနေရင် ခေါင်းမလျှော်ရဘူး။

🟢 ရာသီလာခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုပြုလုပ်ခြင်းက ဆက်စပ်မှုမရှိပါဘူး။ တကယ်တော့ ရေခပ်‌နွေးနွေးနဲ့ချိုးရင်တောင် အကိုက်အခဲသက်သာတယ်လို့ တချို့အမျိုးသမီးတွေကဆိုပါတယ်။

🔴 ရာသီမမှန်တာက ကျန်းမာရေးအတွက်မကောင်းဘူး။

🟢 ရာသီမမှန်တာက အဖြစ်များတဲ့အရာတစ်ခုမို့လို့ ဖြစ်တိုင်းတော့ စိုးရိမ်စရာမလိုပါဘူး။ ပုံမှန်ရာသီစက်ဝန်းဆိုတာကလည်း ၂၁-၃၅ ရက်အထိမို့ တခါတလေ ဟော်မုန်းအပြောင်းအလဲ၊ စိတ်ဖိစီးမှုကြောင့်လည်း မမှန်ဖြစ်တတ်ပါတယ်။ နောက်ပြီး အသက် ၉-၁၄၊ အသက် ၅၀ ဝန်းကျင်တွေမှာ ရာသီမမှန်တာက အဖြစ်များပါတယ်။ ဒါပေမဲ့ ရောဂါတစ်ခုခုရဲ့လက္ခဏာလည်းဖြစ်နိုင်တာမို့ ရုတ်တရက်ပြောင်းလဲမှုတွေကို သတိပြုဖို့လိုပါတယ်။

ကဲ ဒါဆိုရင် ရာသီလာခြင်းနဲ့ပတ်သက်တဲ့ လွဲမှားနေတဲ့အယူအဆတွေကိုသိသွားလို့ အမျိုးသမီးတွေအနေနဲ့ မိမိကျန်းမာရေးကို ပိုပြီးကောင်းစွာစောင့်ရှောက်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။

Share Now: