Short Term Endowment

လူဘဝတစ်လျှောက် အသက်အရွယ်အပိုင်းအခြားမရွေး၊​ ရည်ရွယ်ချက် အမျိုးမျိုးထားပြီးတော့ ပုံစံအမျိုးမျိုးနဲ့ ငွေစုဆောင်းကြပါတယ်။ ငွေစုဆောင်းနေစဉ် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့ရည်မှန်းထား တဲ့ အချိန်ကာလတစ်ခုမရောက်မှီ မမျှော်လင့်တဲ့ကံကြမ္မာဆိုးများ ဝင်လာတတ်ပါတယ်။ AMI Life ရဲ့ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ ကတော့ ငွေစုဆောင်းနေစဉ်အတွင်းမှာ အသက်အာမခံအကာအကွယ်ပေးထား သည့်အပြင်၊​ စုဆောင်းကာလပြည့်ပြီးချိန်မှာလည်း ၎င်းတို့ရည်မှန်းထားတဲ့ ငွေစုဆောင်းပမာဏကိုပါ အကျိုးခံစားခွင့်ရရှိစေနိုင်မှာဖြစ်ပါတယ်။​

 

အကျိုးခံစားခွင့်များ

အာမခံအကာအကွယ်အသေးစိတ်အချက်များ

  • အာမခံဝယ်ယူခြင်း
    (၁) ဦးချင်းဝယ်ယူနိုင်ပါသည်
  • အသက်အပိုင်းအခြား
    (၁၀)​ နှစ် မှ (၆၀)​ နှစ်အတွင်း
  • အာမခံသက်တမ်း
    (၅) နှစ် ၊ (၇) နှစ်၊ (၁၀) နှစ်
  • အာမခံထားငွေ
    အနည်းဆုံး (၁၀) သိန်းမှ၊ အများဆုံး (၅၀၀) သိန်းအထိ
  • ပရီမီယံ
    အာမခံထားသူ၏ အသက်အရွယ်နှင့် အာမခံထားငွေအလိုက် ကွဲပြားနိုင်ပါသည်
Download Brochure Download Checklist

If You Want to Know More?
You Can Calculate Yourself

ဘာလို့အာမခံဝယ်ယူသင့်တာလဲ

body-outline

ပုံမှန်ငွေစုဆောင်းသည့်အလေ့အထတစ်ခု ရရှိစေနိုင်ခြင်း

ရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ရေးအတွက်၊ ပုံမှန်ငွေစုဆောင်း နိုင်သည့် အလေ့အထတစ်ခုရရှိခြင်း

medkit-outline

အတိုးနှုန်းခံစားခွင့်နှင့် စုဆောင်းငွေကိုပါ နှစ်စေ့တွင်ပြန်လည်ထုတ်ယူနိုင်ခြင်း

မိမိတို့စုဆောင်းထားသော ငွေမှ အတိုးနှုန်းခံစားခွင့်၊ အာမခံအကာအ ကွယ်ခံစားခွင့်များအပြင်၊ သက်တမ်းစေ့သည့်အခါ အပြည့်အဝပြန်လည် ထုတ်ယူနိုင်ခြင်း

leaf

ရည်ရွယ်ချက်ပြည့်မှီအောင်ငွေစုဆောင်းမှုကိုသာ အပြည့်အဝ အာရုံစိုက်နိုင်ခြင်း

အာမခံထားသူများသည် အာမခံသက်တမ်းအတွင်း မိမိတို့၏ငွေစု ဆောင်းမှု ရည်ရွယ်ချက်များကိုသာ အလေးထားငွေစုဆောင်းပြီး၊ အာမခံအကာအကွယ်ပေးနိုင်မှုနှင့် အကျိုးခံစားခွင့်များထုတ်ပေးနိုင်မှုအား AMI Life မှ တာဝန်ယူဆောင်ရွက်ပေးခြင်း

အာမခံလျော်ကြေးတောင်းခံခြင်း

အထောက်အထားစာရွက်စာတမ်းများနှင့်အတူ AMI Life တွင် လာရောက် တင်ပြလျှောက်ထားနိုင်ပါသည်၊

ဖုန်း – +၉၅၉ ၉၄၀ ၀၇၇ ၇၇၃ (လိုင်းခွဲ- ၃)
အီးမေးလ် – claims@amilifeassurance.com

Make a Claim
Social Share With