Sportsman Life Insurance

ပြိုင်ပွဲတိုင်းတွင် ချန်ပီယံဖြစ်ဖို့က အားကစားသမားတိုင်းရဲ့ အိမ်မက်ပါ။ ထိုအိမ်မက်များအကောင်အထည်ဖော်ဖို့ ကြိုးစား လေ့ကျင့်နေချိန်နှင့် ယှဉ်ပြိုင်စဉ် ကာလများတွင် မမျှော်လင့်သော ကံကြမ္မာဆိုးများ ဝင်လာတတ်ပါတယ်။ ထိုမတော်တဆမှုများကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်များအား သက်သာနိုင်စေရန်  AMI Life ၏ အားကစားသမားကိုယ်အင်္ဂါထိခိုက်မှု အာမခံဖြင့် အာမခံ အကာအကွယ်ယူလိုက်ပါ။

အကျိုးခံစားခွင့်များ

အာမခံအကာအကွယ်အသေးစိတ်အချက်များ

  • အာမခံဝယ်ယူခြင်း
    (၁)ဦးချင်းဝယ်ယူနိုင်ပါသည်
  • အသက်အပိုင်းအခြား
    (၁၀)နှစ် မှ (၆၀) နှစ် အတွင်း
  • အာမခံသက်တမ်း
    (၁)နှစ်
  • အာမခံထားငွေ
    (၁)ယူနစ်လျှင် ကျပ် (၁၀)သိန်းမှ၊ အများဆုံး (၅)ယူနစ် ကျပ် သိန်း (၅၀)အထိ
  • ပရီမီယံ
    (၁)ယူနစ်လျှင် ကျပ် ၅,၀၀၀ မှ အများဆုံး (၅)ယူနစ် ကျပ် ၂၅,၀၀၀ အထိ
  • ရက်တိုအာမခံ ပရီမီယံကြေး
    နိုင်ငံခြားပွဲစဉ်ယှဉ်ပြိုင်မှုများ အတွက် ဝယ်ယူထားသည့် ယူနစ်အပေါ်အခြေခံ၍ (၇)ရက် ခရီးစဉ်အတွက် (၁)ယူနစ်လျှင် ကျပ် ၅၀၀ နှင့် (၁)လ ခရီးစဉ်အတွက် (၁)ယူနစ်လျှင် ကျပ် ၁,၀၀၀ ထပ်မံပေးသွင်းရမည်
Download Checklist

If You Want to Know More?
You Can Calculate Yourself

ဘာလို့အာမခံဝယ်ယူသင့်တာလဲ

body-outline

စိတ်အေးချမ်းမှုရရှိစေနိုင်ခြင်း

AMI Life ၏ အားကစားသမား ကိုယ်အင်္ဂါထိခိုက်မှုအာမခံ မှ မိမိတို့၏ရည်မှန်းချက်များပြည့်မှီအောင် ကြိုးစား လေ့ကျင့်စဉ်နှင့် ယှဉ်ပြိုင်စဉ်ကာလ များတွင် မတော်တဆမှု ကြောင့် ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်များကို အကာအကွယ်ပေးသည့်အတွက်၊ အနာဂတ်မှ ဖြစ်ပေါ် လာနိုင်မည့် ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအား လျှော့ချနိုင်ခြင်း

medkit-outline

ကုသမှုကုန်ကျစရိတ်များသည် စုငွေကိုထိခိုက်မှုမရှိစေနိုင်ခြင်း

လေ့ကျင့်စဉ်နှင့် ယှဉ်ပြိုင်စဉ် ကာလတွင် မတော်တဆ ဖြစ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် ဆေးကုသမှုဆိုင်ရာ ကုန်ကျစရိတ်များအား အတိုင်းအတာ တစ်ခုအထိ အကာအကွယ်ပေးသည့်အတွက်၊ အာမခံထားသူအနေဖြင့် မိမိတို့ စုငွေများမှ စိုက်ထုတ်သုံးစွဲနေရမှုအား လျှော့ချပေးနိုင်ခြင်း

leaf

ရည်မှန်းချက်ပြည့်မှီအောင် မိမိတို့၏ လေ့ကျင့်မှုနှင့် ယှဉ်ပြိုင်မှုကိုသာ အာရုံစိုက်ရန်လိုအပ်ခြင်း

အာမခံထားသူက မိမိတို့၏ လေ့ကျင့်မှုနှင့် ယှဉ်ပြိုင်မှုကိုသာ အာရုံစိုက်ရန်လိုအပ်ပြီး၊ မတော်တဆ ဖြစ်ရပ်များ ဖြစ်ပေါ်ပါက ဆေးကုသကုန်ကျစရိတ်များအား အတိုင်းအတာတစ်ခုအထိ မိမိတို့၏ အားကစားသမားကိုယ်အင်္ဂါထိခိုက်မှု အာမခံ မှ တာဝန်ယူပေးနိုင်ခြင်း

အာမခံလျော်ကြေးတောင်းခံခြင်း

အထောက်အထားစာရွက်စာတမ်းများနှင့်အတူ AMI Life တွင် လာရောက် တင်ပြလျှောက်ထားနိုင်ပါသည်

ဖုန်း – +၉၅၉ ၉၄၀ ၀၇၇ ၇၇၃ (လိုင်းခွဲ- ၃)

အီးမေးလ် – claims@amilifeassurance.com

Make a Claim
Social Share With