Claims FAQs

  1. အာမခံထားသူသည် ထိခိုက်ဒဏ်ရာရရှိမှုအတွက် လျော်ကြေးတောင်းခံနိုင်ပါသလား။
    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံတွင် ထိခိုက်ဒဏ်ရာရရှိမှုအတွက် လျော်ကြေးမရနိုင်ပါ။

  2. အာမခံထားသူသည် မတော်တဆမှုကြောင့် ထာဝစဉ် မသန်စွမ်းဖြစ်သည့်အခါတွင် လျော်ကြေးတောင်းခံနိုင်ပါသလား။
    တောင်းခံနိုင်ပါသည်။ ရောဂါကြောင့် (သို့) မတော်တဆမှုကြောင့် ဖြစ်သော ထာဝစဉ်မသန်စွမ်းမှုသည် လျော်ကြေးအကျုံးဝင်ပါသည်။

  3. အမ်းငွေအား မည့်သည့်အချိန်တွင် ထုတ်ယူနိုင်မည်နည်း။
    တည်မြဲပြီး ပေါ်လစီတစ်စောင်အား အမ်းငွေထုတ်ယူနိုင်ပါသည်။ ပေးသွင်းပြီးပရီမီယံ အနည်းဆုံး (၁) နှစ်ရှိလျှင် ပေါ်လစီ တည်မြဲပါသည်။

  4. ချေးငွေအတိုးနှုန်း မည်မျှပေးရမည်နည်း။
    ချေးငွေအတိုးနှုန်း မှာ တစ်နှစ်လျှင် (၈) ရာခိုင်နှုန်း ဖြစ်ပါသည်။

  5. ချေးငွေကို အလီလီဆပ်ခွင့်ရှိပါသလား။
    ချေးငွေအား အလီလီဆပ်ခွင့်မရှိပါ။ တစ်လုံးတည်းဆပ်ရပါမည်။
  1. ပရီမီယံကင်းလွတ်ခွင့် အားမည့်သည့်အချိန်တွင် ရရှိနိုင်မည်နည်း။
    ပေါ်လစီတည်မြဲနေစဉ်ကာလအတွင်း စာသင်သားအသက်အာမခံ ဝယ်ယူသူ သေဆုံးလျှင်ဖြစ်စေ၊ ထာဝစဉ်မသန်စွမ်းဖြစ်လျှင်ဖြစ်စေ ဆက်လက်ပေးသွင်းရန်ကျန်သော ပရီမီယံကို ပေးသွင်းရန်မလိုပဲ ကင်းလွတ်ခွင့်ပြုပါသည်။

  2. စာရင်းပိတ်တန်ဖိုးအား မည်သည့်အချိန်တွင် ရရှိနိုင်မည်နည်း။
    တည်မြဲပြီး ပေါ်လစီတစ်စောင်အား စာရင်းပိတ်တန်ဖိုး ထုတ်ယူနိုင်ပါသည်။ ပေးသွင်းပြီးပရီမီယံ အနည်းဆုံး (၃) နှစ်ရှိလျှင် ပေါ်လစီ တည်မြဲပါသည်။

  3. ပညာသင်ထောက်ပံ့ငွေ အကျိုးခံစားခွင့်အား မည်သို့ထုတ်ပေးမည်နည်း။
    ပညာသင်ထောက်ပံ့ငွေ အကျိုးခံစားခွင့်ငွေကို တက္ကသိုလ်ပညာရေးစရိတ်အဖြစ် အာမခံထားသူ ရင်သွေးငယ် အသက် (၁၇) နှစ်မှစတင်၍ အာမခံထားငွေ၏ (၂၅) ရာခိုင်နှုန်းစီအား (၄)ရစ်အညီအမျှ ခွဲဝေ၍ နှစ်စဉ်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

  4. အမ်းငွေအား မည့်သည့်အချိန်တွင် ထုတ်ယူနိုင်မည်နည်း။
    တည်မြဲပြီး ပေါ်လစီတစ်စောင်အား အမ်းငွေထုတ်ယူနိုင်ပါသည်။ ပေးသွင်းပြီးပရီမီယံ အနည်းဆုံး (၃) နှစ်ရှိလျှင် ပေါ်လစီ တည်မြဲပါသည်။

  5. ချေးငွေကို အလီလီဆပ်ခွင့်ရှိပါသလား။
    ချေးငွေအား အလီလီဆပ်ခွင့်မရှိပါ။ တစ်လုံးတည်းဆပ်ရပါမည်။
  1. အမ်းငွေအား မည့်သည့်အချိန်တွင် ထုတ်ယူနိုင်မည်နည်း။
    တည်မြဲပြီး ပေါ်လစီတစ်စောင်အား အမ်းငွေထုတ်ယူနိုင်ပါသည်။ ပေးသွင်းပြီးပရီမီယံ အနည်းဆုံး (၃) နှစ်ရှိလျှင် ပေါ်လစီ တည်မြဲပါသည်။

  2. နှစ်ထပ်ကွမ်းအကျိုးခံစားခွင့် ဆိုသည်မှာအဘယ်နည်း။
    နှစ်ထပ်ကွမ်းအကျိုးခံစားခွင့် ဝယ်ယူထားသူသည် အခြေခံအကျိုးခံစားခွင့်များအပြင် သေဆုံးခြင်းအကျိုးခံစားခွင့် နှင့် ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်ကိုပါ ထပ်ပေါင်းခံစားခွင့် ရှိပါသည်။

  3. ချေးငွေအတိုးနှုန်း မည်မျှပေးရမည်နည်း။
    ချေးငွေအတိုးနှုန်း မှာ တစ်နှစ်လျှင် (၁၅) ရာခိုင်နှုန်း ဖြစ်ပါသည်။

  4. အာမခံပရီမီယံအား မည်သို့ ပေးသွင်းရမည်နည်း။
    အာမခံပရီမီယံကြေးပေးသွင်းရမည့် ပုံစံမှာ တစ်ကြိမ်တည်းပေးပရီမီယံ ဖြစ်ပါသည်။

  5. ချေးငွေကို အလီလီဆပ်ခွင့်ရှိပါသလား။
    ချေးငွေအား အလီလီဆပ်ခွင့်မရှိပါ။ တစ်လုံးတည်းဆပ်ရပါမည်။
  1. ဆေးရုံတက်ရက်အများဆုံးမည်မျှ ရနိုင်မည်နည်း။
    အများဆုံးဆေးရုံတက်ရက်မှာ ရက် (၆၀) ဖြစ်ပါသည်။

  2. ခွဲစိတ်ကုသမှု နှင့် ဆေးရုံဆေးခန်းပြသခြင်း အကျိုးခံစားခွင့်အား သီးသန့်ဝယ်ယူ၍  ရနိုင်ပါသလား။
    မရနိုင်ပါ။ ဆေးရုံတက်ခြင်း အတွက် အာမခံအကာအကွယ်အား ပူးတွဲ ဝယ်ယူရန် လိုအပ်ပါသည်။

  3. ကိုယ်ဝန် (သို့မဟုတ်) ကိုယ်ဝန်နှင့်ဆိုင်သော ဆေးရုံဆေးခန်းပြသခြင်းအတွက် ဆေးရုံဆေးခန်းပြသခြင်း အကျိုးခံစားခွင့်အား တောင်းခံနိုင်ပါသလား။
    ကိုယ်ဝန် (သို့မဟုတ်) ကိုယ်ဝန် နှင့် ဆိုင်သော ဆေးခန်းပြသခြင်းသည် အာမခံအကျိုးခံစားခွင့်မရနိုင်သည့် အချက်များတွင် ပါဝင်သောကြောင့် လျော်ကြေးမရနိုင်ပါ။

  4. ကျန်းမာ‌ရေးစစ်ဆေးမှုပြုလုပ်ခြင်းသည် လျော်ကြေးအကျုံးဝင်ပါသလား။
    လျော်ကြေးအကျုံးမဝင်ပါ။

  5. ဆေးရုံဆေးခန်းပြသခြင်း အကျိုးခံစားခွင့်တောင်းခံရာတွင် ကုန်ကျစရိတ်ပြေစာပူးတွဲတင်ပြရန် လိုအပ်ပါသလား။
    လိုအပ်ပါသည်။
  1. ပြင်းထန်သောရောဂါကုသမှုအာမခံတွင် ယူနစ်မည်မျှထိ ဝယ်ယူနိုင်မည်နည်း။
    အနည်းဆုံး ၁ ယူနစ် မှ အများဆုံး ၂၅ ယူနစ် အထိ ဝယ်ယူနိုင်ပါသည်။

  2. သေဆုံးမှု အကျိုးခံစားခွင့်မည်မျှရနိုင်မည်နည်း။
    အနည်းဆုံး ၁,၀၀၀,၀၀၀ ကျပ် (၁) ယူနစ် မှ အများဆုံး ၂၅,၀၀၀,၀၀၀ ကျပ် (၂၅) ယူနစ်အထိ ရရှိနိုင်ပါသည်။

  3. ပြင်းထန်သော‌ရောဂါကုသမှု အကျိုးခံစားခွင့်အား တောင်းခံပြီးလျှင် သေဆုံးမှု အကျိုးခံစားခွင့်အာ ထပ်မံတောင်းခံနိုင်ပါသလား။
    ပြင်းထန်သော‌ရောဂါကုသမှု အကျိုးခံစားခွင့်အား တစ်ကြိမ်သာ တောင်းခံနိုင်ပါသည်။

  4. အကျိုးခံစားခွင့်မရနိုင်သော အချက်များရှိပါသလား။
    အာမခံမစတင်မီဖြစ်သော ရောဂါ ဖြစ်နေခြင်း နှင့် အဆိုပါရောဂါလက္ခဏာရှိပြီးသား ဖြစ်နေခြင်းတို့တွင် လျော်ကြေးပေးချေရန် အကျုံးမဝင်ပါ။

  5. ပြင်းထန်သောရောဂါကုသမှုအာမခံအကျိုးခံစားခွင့်အားမည်သို့ထုတ်ပေးမည်နည်း။
    ပြင်းထန်သောရောဂါကုသမှု အာမခံအကျိုးခံစားခွင့်အား တစ်လုံးတည်းထုတ်ပေးပါမည်။
  1. အာမခံပရီမီယံအား မည်သို့ ပေးသွင်းရမည်နည်း။
    အာမခံပရီမီယံကြေးပေးသွင်းရမည့် ပုံစံမှာ တစ်ကြိမ်တည်းပေးပရီမီယံ ဖြစ်ပါသည်။

  2. တောင်သူလယ်သမားအသက်အာမခံတွင် ဆေးစစ်ရန် လိုအပ်ပါသလား။
    ဆေးစစ်ရန် မလိုအပ်ပါ။

  3. ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်အား မည်သို့တွက်ချက်သနည်း။
    ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်အား ဆရာဝန်၏ထောက်ခံချက် နှင့် ဆေးမှတ်တမ်းများအပေါ်မူတည်၍ တွက်ချက်ပါသည်။

  4. ကျန်းမာ‌ရေးစစ်ဆေးမှုပြုလုပ်ခြင်း(Medical Check-up)သည် လျော်ကြေးအကျုံး ဝင်ပါသလား။
    လျော်ကြေးအကျုံးမဝင်ပါ။

  5. တစ်ကြိမ်ထက်ပိုသော လျော်ကြေးတောင်းခံမှုများအား တောင်းခံနိုင်ပါသလား။
    အာမခံသက်တမ်းအတွင်း အများဆုံး (၃) ကြိမ်အထိ လျော်ကြေးတောင်းခံနိုင်ပါသည်။
  1. အားကစားသမားများကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် မည်သည့်အကျိုးခံစားခွင့်များ
    ရနိုင်သနည်း။
    အာမခံသက်တမ်းအတွင်း အားကစားလေ့ကျင့်နေစဉ်ဖြစ်စေ၊ အားကစားယှဉ်ပြိုင် နေစဉ်
    ဖြစ်စေ ဖြစ်ပွားသော ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု နှင့် ထာဝစဉ်မသန်စွမ်းမှု တို့အတွက် အကျိုးခံစားခွင့်ရရှိနိုင်ပါသည်။

  2. ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်အား မည်သို့တွက်ချက်သနည်း။
    ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်အား ဆရာဝန်၏ထောက်ခံချက် နှင့် ဆေးမှတ်တမ်းများအပေါ်မူတည်၍ တွက်ချက်ပါသည်။

  3. အာမခံပေါ်လစီ တစ်စောင်တွင် တစ်ကြိမ်ထက်ပိုသော လျော်ကြေးတောင်းခံတောင်းခံခွင့် ရနိုင်ပါသလား။
    အာမခံသက်တမ်း အတွင်း တစ်ကြိမ်သာ လျော်ကြေးတောင်းခံခွင့် ရှိပါသည်။

  4. အာမခံပရီမီယံအား မည်သို့ ပေးသွင်းရမည်နည်း။
    အာမခံပရီမီယံကြေးပေးသွင်းရမည့် ပုံစံမှာ တစ်ကြိမ်တည်းပေးပရီမီယံ ဖြစ်ပါသည်။

  5. အားကစားသမားများကိုယ်အင်္ဂါထိခိုက်မှုအာမခံ အတွက် ဆေးစစ်ရန်လိုအပ်ပါသလား။
    ဆေးစစ်ရန်မလိုအပ်ပါ။
  1. ဆေးရုံတက်ရက်အများဆုံးမည်မျှ ရနိုင်မည်နည်း။
    အများဆုံးဆေးရုံတက်ရက်မှာ ရက် (၆၀) ဖြစ်ပါသည်။

  2. ခွဲစိတ်ကုသမှု နှင့် ဆေးရုံဆေးခန်းပြသခြင်း အကျိုးခံစားခွင့်အား သီးသန့်ဝယ်ယူ၍  ရနိုင်ပါသလား။
    မရနိုင်ပါ။ ဆေးရုံတက်ခြင်း အတွက် အာမခံအကာအကွယ်အား ပူးတွဲ ဝယ်ယူရန် လိုအပ်ပါသည်။

  3. ကိုယ်ဝန် (သို့မဟုတ်) ကိုယ်ဝန်နှင့်ဆိုင်သော ဆေးရုံဆေးခန်းပြသခြင်းအတွက် ဆေးရုံဆေးခန်းပြသခြင်း အကျိုးခံစားခွင့်အား တောင်းခံနိုင်ပါသလား။
    ကိုယ်ဝန် (သို့မဟုတ်) ကိုယ်ဝန် နှင့် ဆိုင်သော ဆေးခန်းပြသခြင်းသည် အာမခံအကျိုးခံစားခွင့်မရနိုင်သည့် အချက်များတွင် ပါဝင်သောကြောင့် လျော်ကြေးမရနိုင်ပါ။

  4. ကျန်းမာ‌ရေးစစ်ဆေးမှုပြုလုပ်ခြင်းသည် လျော်ကြေးအကျုံးဝင်ပါသလား။
    လျော်ကြေးအကျုံးမဝင်ပါ။

  5. ဆေးရုံဆေးခန်းပြသခြင်း အကျိုးခံစားခွင့်တောင်းခံရာတွင် ကုန်ကျစရိတ်ပြေစာပူးတွဲတင်ပြရန် လိုအပ်ပါသလား။
    လိုအပ်ပါသည်။
  1. ပြင်းထန်သောရောဂါကုသမှုအာမခံတွင် ယူနစ်မည်မျှထိ ဝယ်ယူနိုင်မည်နည်း။
    အနည်းဆုံး ၁ ယူနစ် မှ အများဆုံး ၂၅ ယူနစ် အထိ ဝယ်ယူနိုင်ပါသည်။

  2. သေဆုံးမှု အကျိုးခံစားခွင့်မည်မျှရနိုင်မည်နည်း။
    အနည်းဆုံး ၁,၀၀၀,၀၀၀ ကျပ် (၁) ယူနစ် မှ အများဆုံး ၂၅,၀၀၀,၀၀၀ ကျပ် (၂၅) ယူနစ်အထိ ရရှိနိုင်ပါသည်။

  3. ပြင်းထန်သော‌ရောဂါကုသမှု အကျိုးခံစားခွင့်အား တောင်းခံပြီးလျှင် သေဆုံးမှု အကျိုးခံစားခွင့်အာ ထပ်မံတောင်းခံနိုင်ပါသလား။
    ပြင်းထန်သော‌ရောဂါကုသမှု အကျိုးခံစားခွင့်အား တစ်ကြိမ်သာ တောင်းခံနိုင်ပါသည်။

  4. အကျိုးခံစားခွင့်မရနိုင်သော အချက်များရှိပါသလား။
    အာမခံမစတင်မီဖြစ်သော ရောဂါ ဖြစ်နေခြင်း နှင့် အဆိုပါရောဂါလက္ခဏာရှိပြီးသား ဖြစ်နေခြင်းတို့တွင် လျော်ကြေးပေးချေရန် အကျုံးမဝင်ပါ။

  5. ပြင်းထန်သောရောဂါကုသမှုအာမခံအကျိုးခံစားခွင့်အားမည်သို့ထုတ်ပေးမည်နည်း။
    ပြင်းထန်သောရောဂါကုသမှု အာမခံအကျိုးခံစားခွင့်အား တစ်လုံးတည်းထုတ်ပေးပါမည်။
  1. စုပေါင်းအသက်အာမခံထားသော ဝန်ထမ်းသည် အလုပ်မှ နှုတ်ထွက်သွားလျှင် လျော်ကြေးတောင်းခံနိုင်ပါသလား။
    အလုပ်မှနှုတ်ထွက်သွားသော ဝန်ထမ်းတစ်ဉီးသည် လျော်ကြေးတောင်းခံခွင့်မရှိပါ။

  2. အာမခံထားသူသည် ဆေးစစ်ရန် လိုအပ်ပါသလား။
    အာမခံထားသူသည် အသက် (၄၅) နှစ် နှင့် အထက်ဖြစ်နေလျှင်သော်လည်းကောင်း၊ အာမခံထားငွေ ကျပ်(၁၀) သိန်းနှင့် အထက် ဖြစ်လျှင်သော်လည်းကောင်း ဆေးစစ်ရန်လိုအပ်ပါသည်။

  3. ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်အား မည်သို့တွက်ချက်သနည်း။
    ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်အား ဆရာဝန်၏ထောက်ခံချက် နှင့် ဆေးမှတ်တမ်းများအပေါ်မူတည်၍ တွက်ချက်ပါသည်။

  4. ရောဂါကြောင့် သေဆုံးမှုအား လျော်ကြေးတောင်းခံခွင့်ရှိပါသလား။
    တောင်းခံနိုင်ပါသည်။

  5. အလုပ်ခွင်ပြင်ပ ထိခိုက်ဒဏ်ရာ ရရှိမှုအား လျော်ကြေးအကျုံးဝင်ပါသလား။
    လျော်ကြေးအကျုံးဝင်ပါသည်။