Our Partners

About Partner

သင်၏အနာဂတ်အိမ်မက်များပြည့်စုံစေရန် AMI Life မှ ပိုမိုကောင်းမွန်သောနည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။ AMI Life နှင့်လက်တွဲခြင်းဖြင့် သင်၏ဘဝရည်မှန်းချက်များ ပြည့်စုံစေရန်သာမက သင်သည် မြန်မာနိုင်ငံရှိလူသန်းပေါင်းများစွာ၏ အနာဂတ်အိမ်မက်များ ပြည့်စုံကာကွယ်စေရန် ဆောင်ရွက်နိုင်ပြီး အသက်အာမခံရောင်းချသည့် လိုင်စင်ရကျွမ်းကျင်ပညာရှင်အဖြစ် ဂုဏ်ယူနိုင်ပါသည်။

Individual

ကိုယ်စားလှယ်လောင်းများအတွက် အရည်အချင်းသတ်မှတ်ချက်များ

ကိုယ်စားလှယ်လောင်းတစ်ဦးသည် အောက်ဖော်ပြပါအချက်အလက်များနှင့်ကိုက်ညီရမည်။

မြန်မာနိုင်ငံတွင်အခြေချနေထိုင်သူဖြစ်ရမည်

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူဖြစ်ရမည်။ (သို့) တက္ကသိုလ်ဝင်တန်းစာမေးပွဲမအောင်မြင်သူဖြစ်ပါက အာမခံနယ်ပယ်တွင် လုပ်သက် (၅)နှစ်ရှိသူဖြစ်ရမည်

လူမွဲအဖြစ်ကြေငြာခြင်းခံရသူ မဖြစ်စေရ

ပြစ်မှုထင်ရှားစီရင်ခံရသူမဖြစ်စေရ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့မှုတို့တွင် ပါဝင်ပတ်သက်သူမဖြစ်ရ

မြန်မာနိုင်ငံ (သို့မဟုတ်) အခြားနိုင်ငံတစ်ခုခုတွင် အာမခံကိုယ်စားလှယ် (သို့မဟုတ်) အကျိုးဆောင်လိုင်စင် (သို့မဟုတ်) အလားတူလိုင်စင်တစ်မျိုးမျိုးအား ထုတ်ပေးရန်ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း (သို့မဟုတ်) ရုတ်သိမ်းခြင်းခံရသူမဖြစ်ရ

မသမာမှု၊ လိမ်လည်မှု (သို့မဟုတ်) အလွဲသုံးစားမှု စသည့် ပြစ်မှုတစ်ခုခုအတွက် တရားရုံးတွင် တရားစွဲဆိုခံရသူ မဖြစ်စေရ

ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အခါအားလျော်စွာထုတ်ပြန်သည့် အခြားလိုအပ်ချက်များနှင့် ကိုက်ညီရမည်

အသက်အာမခံ ကိုယ်စားလှယ်လိုင်စင်အတွက် လျှောက်ထားသူတစ်ဦးသည် အောက်ပါလိုအပ်ချက်များကို ဖြည့်ဆည်းပေးရပါမည်

အာမခံကိုယ်စားလှယ် သင်တန်း သို့မဟုတ် သက်ဆိုင်ရာ အာမခံကုမ္ပဏီမှ ပို့ချသော အာမခံသင်တန်း တက်ရောက်ထားသူဖြစ်ရမည်

အာမခံကိုယ်စားလှယ်သင်တန်းမှ ပြုလုပ်သော အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ပြီးသူ ဖြစ်ရမည်

အာမခံကိုယ်စားလှယ်လိုင်စင်ထုတ်ပေးရန်အတွက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက်ရယူရမည်

APPLICATION FORM

Apply as Individual Partner

Corporate

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန် အရည်အချင်းသတ်မှတ်ချက်များ

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန် အောက်ဖော်ပြပါ အချက်များနှင့် ကိုက်ညီရမည်။

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်တွင် လုပ်ငန်းဆောင်ရွက်မည့်ပုဂ္ဂိုလ်များသည် အာမခံကိုယ်စားလှယ်လိုင်စင်ရရှိထားရမည်

ငွေရေးကြေးရေးအဖွဲ့အစည်းရှိ လုပ်ငန်းဆောင်ရွက်မည့် ပုဂ္ဂိုလ်များတွင် အာမခံကိုယ်စားလှယ်လိုင်စင်ရရှိထားသူ အနည်းဆုံး (၃)ဦးပါဝင်ရမည်

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်သည် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းညွှန်ကြားချက်များနှင့် အခြားတည်ဆဲ ဥပဒေများအရ အရေးယူခံထားခြင်းမရှိစေရ

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်တွင် ပါဝင်သည့်စီမံခန့်ခွဲမှုအဆင့်ရှိ ပုဂ္ဂိုလ်သည် အခြားအာမခံလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူ မဖြစ်ရ

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက သတ်မှတ်သောအခြားလိုအပ်ချက်များကို ပြည့်မီရမည်

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်လိုင်စင်ရရှိရန် လုပ်ငန်းစဉ်များ

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်သည် အောက်ဖော်ပြပါအချက်များဖြင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သို့ လိုင်စင်လျှောက်ထားရမည်။

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်၏ တရားဝင်အမည်၊ ဖွဲ့စည်းတည်ထောင်သည့်နေ့စွဲ၊ (ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသောမှတ်ပုံတင်မိတ္တူမှန်)

ရုံးချုပ်လိပ်စာနှင့် တာဝန်ခံကိုယ်စားလှယ်အမည်

ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်နှင့်လိပ်စာများ

အာမခံကိုယ်စားလှယ်လုပ်ငန်းများအပြင် အဓိကစီးပွားရေးလုပ်ငန်းများ

ကုမ္ပဏီ၏ဖွဲ့စည်းမှုအခြေခံစည်းမျဉ်းမိတ္တူမှန်

လုပ်ငန်းဆောင်ရွက်မည့်အာမခံကိုယ်စားလှယ်များစာရင်းနှင့် လိုင်စင်မိတ္တူမှန်များ

ငွေရေးကြေးရေးကြီးကြပ်ရေးဦးစီးဌာနက သတ်မှတ်သောအခြားကိစ္စရပ်များ

အနည်းဆုံး မတည်ရင်းနှီးငွေ မြန်မာကျပ် (၁၅၀)သိန်းရှိရမည်

APPLICATION FORM

Apply as Corporate Partner