Search
Close this search box.
Search
Close this search box.
Search
Close this search box.

ကျန်းမာသုခရေးရာအဖြာဖြာ

သွေးတိုးရောဂါရှိရင် “ဆား” ကိုစားသုံးတာ ဘယ်လိုဆင်ခြင်မလဲ

ဘာစားစား ငန်ငန်လေးမှ၊ ချဉ်ငန်စပ်လေး၊ ငါးပိလေး၊ ငံပြာရည်လေး၊ ဆီဆမ်းဆားဖြူးလေးနဲ့ မှ စားတတ်တဲ့ မြန်မာလူမျိုးတို့အတွက် “ သွေးတိုး” ရောဂါကလည်း မထူးဆန်းသယောင်ပါပဲ။

အခုဆိုလည်း ကိုဗစ်ရောဂါပဲ အရင်ကြည့်ပါ။ သွေးတိုးရှိတဲ့လူတွေမှာ သေနှုန်းများတာ၊ ပြင်းထန်တာ လည်း အားလုံးအသိပါပဲ။ လူနာတွေက သွေးတိုးရှိပြီဆို စားချင်တာတွေ စားပြီးမှ သွေးပေါင်ကျဆေးလေးတွေ ကောက် သောက်ပြီး သွေးတိုးတွေမထိန်းနိုင်၊ နောက်ဆက်တွဲ နှလုံးတွေ၊ လေဖြတ်တာတွေ လာတော့တာပါပဲ။ တကယ်တော့ သွေးတိုးရှိတဲ့လူတွေက ဆေးကိုပဲ အားမကိုးပဲ ရေရှည်အတွက် Lifestyle တွေ သေချာ ပြောင်းပစ်ဖို့လိုပါတယ်။

WHO Definition အရ အပေါ်သွေး 140 နှင့်အထက်၊ အောက်သွေး 90 နှင့်အထက်ဆို သွေးတိုးအဆင့် ၁ ရှိပြီလို့ သတ်မှတ်ပါတယ်။

သွေးတိုးရှိတဲ့လူတွေမှာ အဓိက ဆင်ခြင်ရမှာက ဆိုဒီယမ် ပါ။ American Heart Association က ပုံမှန်လူဆို တစ်နေ့ ဆိုဒီယမ် 2300 mg အောက်၊ သွေးတိုးရှိတဲ့လူတွေဆို 1500 mg အောက် စားဖို့ပဲတိုက်တွန်းထားပါတယ်။

ဆိုဒီယမ် 2300 mg က

  • အိမ်သုံးဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ      လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည်  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

နဲ့ ညီမျှပါတယ်။ ပမာဏက တကယ်ကို နည်းနည်းလေးမှ နည်းနည်းလေးပါ။ ဟင်းချက်ရင် အချို့ဆို အကုန်လုံးတောင်ထည့်ပါတယ်။ သေချာတွက်ကြည့်ရင် တစ်နေ့စားရမယ့် ပမာဏထက် တော်တော်များပါတယ်။

ဒါ့ပြင် ငါးပိငါးခြောက်တွေ၊ ပုဇွန်ခြောက်တွေ၊ ခေါက်ဆွဲခြောက်တွေ၊ စည်သွပ်ဘူး၊ ကြက်အူချောင်းတွေ စတာတွေမှာလည်း ဆိုဒီယမ်တွေ များစွာပါဝင်ပါတယ်။ ဘာစားစား ငန်ငန်လေးစားတတ်တဲ့ မြန်မာလူမျိုးတွေမှာ သေချာတွက်ကြည့်ရင် တစ်နေ့တာ စားတဲ့ ဆိုဒီယမ်ပမာဏက တော်တော်များနေမှာပါ။ ဒါကြောင့်လည်း ဆေးမျိုးစုံကူနေရတာပါ။

ပုံမှန် ဆိုဒီယမ် လျှော့စားရင် တစ်ပါတ်လောက်ဆို အပေါ်သွေး 5 mmHg, အောက်သွေး 7 mmHg လောက်ကျနိုင်တယ်လို့ လေ့လာမှုတွေမှာ တွေ့ရပါတယ်။

ဒါ့အပြင်သွေးတိုးရောဂါက အမြစ်ပြတ်ကုလို့ ရတာမျိုးမဟုတ်ပဲ သင့်တော်တဲ့ ဆေးဝါးတွေ၊ အစားအသောက်တွေနဲ့ ပုံမှန်ထိန်းမှရတာပါ။ မဟုတ်ရင်နောက်ဆက်တွဲ နှလုံးရောဂါတွေ၊ လေဖြတ်တာတွေ၊ မျက်လုံးထိခိုက်တာတွေ စတာတွေက နောက်ကလိုက်လာမှာပါ။

ဒါကြောင့် သွေးတိုးရောဂါရှိရင်သတိထားရမယ့်

” ဆား ” ကို စားသုံးတာဆင်ခြင်နိုင်ဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

Share Now: