Search
Close this search box.
Search
Close this search box.
Search
Close this search box.

AMI Life News

ဒူးရင်းသီးမစားခင် သိထားသင့်တဲ့အချက် ၄ ချက်

ဒူးရင်းသီးဟာ King of fruits လို့တင်စားရတဲ့အထိ ကြိုက်တဲ့သူတွေအတွက်တော့ အနံ့အရသာထူးကဲပြည့်စုံလွန်းတဲ့အသီးပါ။ အာဟာရရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ကျန်းမာရေးအတွက်အကျိုးရှိတဲ့အသီးဆိုပေမဲ့ သတိပြုရမယ့်အရာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒူးရင်းသီးမစားခင် ဒါတွေကိုအရင်သိထားပါနော်။

၁။ ကယ်လိုရီပမာဏမြင့်မားခြင်း

ဒူးရင်းသီးမှာပါဝင်တဲ့ အဆီနဲ့ ကိုလက်စထရောက ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပေမဲ့လည်း ကယ်လိုရီပမာဏများတာတော့ မေ့ထားလို့မရပါဘူး။ ဒါကြောင့် ဝိတ်မတက်‌ချင်ရင် ချင့်ချိန်စားဖို့လိုပါတယ်။

၂။ သကြားပါဝင်မှုမြင့်မားခြင်း

ဆီးချိုရောဂါရှိသူတွေအနေနဲ့ အများကြီးစားရင် သွေးတွင်းသကြားဓာတ် တက်လာနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ အမြင်ဝါးခြင်း၊ ပျို့ခြင်းတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ချင့်ချိန်စားဖို့၊ တစ်နေ့ကို နှစ်မွှာလောက်အထိပဲစားဖို့ သင့်ပါတယ်။

၃။ အပူစာဖြစ်ခြင်း

ဒူးရင်းသီးက အပူစာဖြစ်တာမို့ အများကြီးစားရင် လည်ချောင်းနာတာ၊ ပါးစပ်အနာပေါက်တာ၊ ဝမ်းချုပ်တာ၊ ချွဲသလိပ်ထွက်ခြင်းတွေ ခံစားရနိုင်ပါတယ်။ ပူတတ်တဲ့သူတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းစားသင့်ပါတယ်။

၄။ အရက်နဲ့ တွဲဖက်မစားသင့်ခြင်း

ဒူးရင်းသီးမှာ ဆာလဖာဆိုတဲ့ ဒြပ်ပေါင်းပါဝင်ပြီး ဒီဓာတ်က အရက်ကိုချေဖျက်တဲ့လုပ်ငန်းစဉ်ကို နှေးကွေးစေပါတယ်။ နောက်ပြီး အသည်းကလည်း ဒူးရင်းသီးမှာပါဝင်တဲ့ သကြားနဲ့ အဆီဓာတ်ကို တပြိုင်တည်းမှာ ချေဖျက်ရပါသေးတယ်။ ဒါကြောင့် ဒီနှစ်ခု အများကြီးတွဲစားသောက်မိရင် ပြည့်အင့်တာ၊ အစာမကြေတာဖြစ်ပြီး အရက်နာကျတာထက်ပိုဆိုးနိုင်ပါတယ်။

ကဲ ဒါဆိုရင် အနံ့အရသာထူးကဲတဲ့ ဒူးရင်းသီးကို ကျန်းမာအောင် ဘယ်လိုစားသုံးရမလဲ သိကြပြီထင်ပါတယ်နော်။

Share Now: