Search
Close this search box.
Search
Close this search box.
Search
Close this search box.

ကျန်းမာသုခရေးရာအဖြာဖြာ

နေပူရှိန်ကြောင့် အစားမစားချင်ဖြစ်နေတဲ့ ကလေးအတွက် ဘာတွေလုပ်ပေးရမလဲ 💭

နေပူရှိန်ပြင်းတဲ့ နွေရာသီမှာ ကလေးတွေဟာ ပူလွန်းတဲ့အရှိန်ကြောင့် နွမ်းနယ်ပြီး အစားစားချင်စိတ်မရှိ ဖြစ်နေတတ်ပါတယ်။ 

ဘယ်လောက်ပူပူ အာဟာရပြည့်အောင်စားမှသာ ကျန်းမာရေးနဲ့ ညီညွတ်မှာမို့ စိတ်ပူနေတဲ့မေမေတို့အတွက် ဒီနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ 

သဘာဝအသီးဖျော်ရည်တွေနဲ့စတင်ပါ 

ပူလွန်းလို့ ထမင်းမစားချင်ဘူးလုပ်နေတဲ့ကလေးတွေကို ချိုမြိန်အေးမြပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသီးဖျော်ရည်လေးတိုက်ပြီး ထမင်းကိုဖြေးဖြေးချင်း ချော့ကျွေးကြည့်လို့ရပါတယ်။ 

စားချင်စဖွယ်ပြင်ဆင်ပေးပါ 

အစားစားချင်စိတ်ကိုဖြစ်စေအောင် ကျွေးမယ့် ထမင်းဟင်းကို ကာတွန်းပုံလေးတွေအလှဆင်တာ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အရောင်အသွေးစုံလင်လှတဲ့ ပန်းကန်လေးဖြစ်အောင်လုပ်ခြင်းက ကလေးရဲ့ အစားအစာအပေါ် စိတ်ဝင်စားမှုကို ရယူနိုင်ပါတယ်။ 

ဖြေးဖြေးမှန်မှန်ချော့ကျွေးပါ 

ထမင်းမစားရင် နေမကောင်းဖြစ်မှာစိတ်ပူပြီး အတင်းကျွေးတာက ကလေးကိုစိတ်ရှုပ်စေတာမို့ ဖြေးဖြေးမှန်မှန်ချော့ကျွေးသင့်ပါတယ်။ 

ပျော်စရာကစားနည်းသုံးပါ 

သစ်သီးစိတ်လေးတွေကို ရေတွက်ခိုင်းတာမျိုး၊ ဂျယ်လီလေးတွေစီတာမျိုးနဲ့ အာရုံလွှဲပြီး ကိုယ့်ရဲ့ကလေးစိတ်ဝင်စားမှုအလိုက် အစားစားချင်လာအောင် ဆွဲဆောင်ကြည့်သင့်ပါတယ်။ 

နွေရာသီမှာအရေးကြီးဆုံးက ရေဓာတ်ပြည့်နေဖို့နဲ့ အာဟာရပြည့်နေဖို့ လိုအပ်တာမို့ အစားမစားချင်ဖြစ်နေတဲ့ ဘေဘီလေးတွေကို အစားဝင်အောင်ကျွေးဖို့ မေမေတို့က စိတ်ရှည်သည်းခံပြီး ကြိုးစားကြည့်ပါနော်။

Share Now: