Search
Close this search box.
Search
Close this search box.
Search
Close this search box.

ကျန်းမာသုခရေးရာအဖြာဖြာ

နွေရာသီနဲ့ ရေဓာတ်ခန်းခြောက်ခြင်း ပြဿနာ

နွေရာသီမှာ အပူချိန်မြင့်တက်မှုကြောင့် ကိုယ်ခန္ဓာက ရေဓာတ်တွေဟာ တဖြေးဖြေး လျော့ကျပြီး ခန်းခြောက်လာစေပါတယ်။ 

လူ့ကိုယ်ခန္ဓာရဲ့ ၆၀% ကရေဓါတ်နဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အပူဒဏ်ကြောင့် ရေဓါတ်ခန်းခြောက်ခြင်းက အသက်ဆုံးရှုံးခြင်း အထိဖြစ်နိုင်တာကြောင့် နွေရာသီရောက်တိုင်း အထူးဂရုပြုဖို့လိုအပ်ပါတယ်။ 

ရေဓာတ်ခန်းခြောက်နေမှန်းဘယ်လိုသိနိုင်မလဲ  

  • ရေငတ်ခြင်း /နှုတ်ခမ်းခြောက်ခြင်း 
  • ဆီးအရောင်ရင့်ခြင်း 
  • အိပ်ငိုက်ခြင်း 
  • ခေါင်းကိုက်ခြင်း 
  • အသားအရည်ခြောက်ခြင်း 
  • မူးဝေခြင်း/ မိုက်ခနဲမူးခြင်း 
  • ကြွက်တက်ခြင်း အစရှိတဲ့လက္ခဏာတွေ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ 

ရေဓာတ်မလျော့ကျအောင် ဘယ်လိုကာကွယ်ရမလဲ?  

  • မနက်နိုးထလာတာနဲ့ ရေတဖန်ခွက်သောက်ပါ။ 
  • ကိုယ့်ရဲ့အနီးအနားမှာ ရေခွက်ရေဘူးတွေထားပြီး မကြာခဏသောက်ပေးပါ။ 
  • ရေဓာတ်ကြွယ်ဝတဲ့အစားအသောက် အသီးအရွက်တို့ကိုစားပါ။ 
  • နေအရမ်းပြင်းချိန်မှာ နေပူထဲထွက်ခြင်းကို ရှောင်ကြဉ်ပါ။ မဖြစ်မနေထွက်ရမည် ဆိုပါက ရေဘူးဆောင်သွားပါ။ 
  • ရေအစား ကဖင်းဓာတ်နဲ့ အားဖြည့်အချိုရည်သောက်တာကို တတ်နိုင်သလောက်ရှောင်ပါ။ 
  • စွပ်ပြုတ်၊ ဆန်ပြုတ်၊ ဟင်းချိုရည်သောက်ပါ။ 
  • အသားအရည်ကို ရေဓာတ်ဖြည့်တင်းပေးပါ။ 

လူ့ကိုယ်ခန္ဓာအတွက် ရေဓာတ်ဟာ မရှိမဖြစ်အရေးပါပြီး ပေါ့ဆမိမယ်ဆိုရင် နှလုံးရပ်သည်အထိ ဖြစ်သွားနိုင်တာကြောင့် မပေါ့ဆဖို့ မျှဝေဖော်ပြလိုက်ပါတယ်။ 

နွေရာသီမှာရေဓာတ်လျော့ကျမှုမဖြစ်စေဖို့ မိမိအပါအဝင် တစ်မိသားစုလုံး ဂရုစိုက်သင့်ပါတယ်နော်။ 

Share Now: