နှလုံးဟာ ဘဝရှင်သန်မှုအတွက် ( 24 နာရီ 7ရက်)လုံးနားရက်မရှိ အလုပ်လုပ်ပေးနေတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကိုယ်ခန္ဓာအတွက် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ရောဂါဖြစ်မှ ကုသတာထက် နေ့စဉ်ကာကွယ်စောင့်ရှောက်ပေးရပါမယ်။
နှလုံးကျန်းမာရေးကို စောင့်ရှောက်ဖို့က ထင်ထားသလောက်မခက်ခဲတာမို့ အလေ့အထလေးတွေကို ✨MyanCare✨ ကဖော်ပြပေးထားပါတယ်။
🫀 လေ့ကျင့်ခန်းတစ်ပတ်ကို 2 နာရီခွဲလောက် ပုံမှန်လုပ်ပေးပါ။
🫀 ကိုယ်ခန္ဓာအတွက်အကျိုးမပြုတဲ့ ပြည့်ဝဆီ၊ကိုလက်စထရောတွေကိုလျော့ချပါ။
🫀စိတ်ဖိစီးမှုကင်းအောင် positive thinking နဲ့နေထိုင်ပါ
🫀ကိုယ်အလေးချိန် BMI ကိုအမြဲတွက်ချက်ပြီး အဝမလွန်စေဖို့ဂရုစိုက်ပါ။
🫀ဆီးချိုရောဂါမဖြစ်အောင်သွေးတွင်းသကြားဓာတ်ကိုအမြဲဂရုစိုက်ပေးပါ
🫀သွားကျန်းမာမှသာ နှလုံးကျန်းမာရေးကောင်းနိုင်မှာမို့ သွားကို ပုံမှန်ဂရုစိုက်ပါ။
🫀အိပ်ရေးပျက်ခြင်းက နှလုံးသွေးကြောရောဂါတွေကို ဖြစ်စေတာကြောင့် အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။
🫀အထိုင်များခြင်းက နှလုံးကျန်းမာရေးကို ထိခိုက်စေတာကြောင့် အထိုင်မများအောင်ဂရုစိုက်ပါ။
နှလုံးကျန်းမာရေးလေး ကောင်းနေဖို့ မခက်ခဲတဲ့ အလေ့အထကောင်းလေးတွေကို မွေးမြူဖို့ပဲ လိုပါတယ်။
နှလုံးသားလေး ကျန်းမာမှသာ ဘဝရဲ့ရှင်သန်မှုဟာ အဓိပ္ပါယ်ရှိပြီးပြည့်စုံမှာမို့ နှလုံးကျန်းမာရေးကို ဂရုမစိုက်ဘဲ နေမိနေရင်တော့ ဒီနေ့ကစပြီး နှလုံးသားလေးကို အလေ့အထကောင်းတွေနဲ့ ပြန်လည်စောင့်ရှောက်လိုက်ရအောင်နော် ။❤️

