Search
Close this search box.
Search
Close this search box.

AMI Life News

မိုးရာသီမှာ ကိုယ်ခံအားမြှင့်ပေးနိုင်တဲ့အစားအစာများ

စိုစွတ်တဲ့မိုးရာသီဆိုတာ ကူးစက်ရောဂါပိုးတွေ ပိုမိုပေါက်ဖွားတဲ့ရာသီမို့ ကြီးငယ်မရွေး အအေးမိတုပ်ကွေးတွေ အဖြစ်များပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကလေးတွေကိုယ်ခံအားကောင်းပြီး ဖျားနာမှုနည်းစေမယ့် အစားအသောက်တွေကို မေမေတို့အတွက်မျှဝေလိုက်ပါတယ်။ 

◾ကြက်သွန်ဖြူ – ကိုယ်ခံအားကိုတိုးမြှင့်ပြီး ဇီဝဖြစ်စဉ်တွေကို ကူညီထိန်းညှိပေးပါတယ်။ အစားအသောက်တော်တော်များများမှာ လိုက်ဖက်စွာထည့်သုံးလို့ရပါတယ်။ 

◾သစ်သီးဝလံ – မိုးရာသီမှာက အသီးအနှံတွေလည်း ပေါများပါတယ်။ လိုင်ချီး၊ ပန်းသီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ သစ်တော်သီးတွေ ကလေးကိုကျွေးနိုင်ပါတယ်။ 

◾ပဲအမျိုးမျိုး – ပဲက ပရိုတင်းနဲ့ စွမ်းအင်ကိုပေးကို တုပ်ကွေးရာသီ ကိုယ်ခံအားကောင်းဖို့ ကျွေးသင့်ပါတယ်။ 

◾သစ်အ‌စေ့အဆံ၊ အသီးခြောက် – အယ်မွန်စေ့၊ သစ်ကြားသီး၊ သီဟိုဠ်စေ့တွေကို သရေစာမုန့်အနေနဲ့ကျွေးနိုင်သလို စပျစ်သီးခြောက်၊ စွံပလွံသီးခြောက်တွေလည်း ကျွေးနိုင်ပါတယ်။ 

◾ပဲပြား – သံဓာတ်၊ ကယ်လ်စီယမ်နဲ့ မရှိမဖြစ် အမိုင်နိုအက်ဆစ်တွေပါဝင်တဲ့ပဲပြားကလည်း ကလေးရဲ့ကိုယ်ခံအားအတွက် အရေးပါပါတယ်။  

◾ဒိန်ချဉ် – အူလမ်းကြောင်းအကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို အားဖြည့်ပြီး ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။ အချိုမပါတဲ့ဒိန်ချဉ်က ကျန်းမာရေးအတွက်ပိုကောင်းပါတယ်။ 

◾ဟင်းသီးဟင်းရွက် – ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်းစတာတွေက ဗီတာမင်နဲ့ အမျှင်ဓာတ်ကြွယ်ဝလို့ ကျန်းမာစေပါတယ်။ 

◾ပရိုတင်းကြွယ်ဝတဲ့ အစားအစာ – အသား၊ ဥ၊ ပဲအမျိုးမျိုးမှာ ပရိုတင်းနဲ့ တခြားအာဟာရဓာတ်ပါဝင်လို့ မျှတစွာထည့်သွင်းကျွေးရပါမယ်။ 

◾ကန်စွန်းဥ – အရသာရှိပြီး အာဟာရကြွယ်ဝတဲ့ အစားအစာမို့ မိုးရာသီမှာ ကလေးအတွက်ရွေးချယ်သင့်ပါတယ်။ 

ကဲဒါဆိုရင်တော့ ကလေးကို မိုးရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုအစားအစာတွေရွေးချယ်ရမလဲ သိလောက်ပြီထင်တယ်။ 

Share Now: