AMI Life News

မိုးရာသီမှာ မေမေ့ရင်သွေး ဖျားနာခြင်းကင်းဝေးစေမယ့် နည်းလမ်း ၆ ခု

နွေပူတုန်းကလည်း ပူလို့ ကလေးအတွက်စိုးရိမ်ရသလို မိုးရာသီရောက်လာတော့လည်း ကလေးကျန်းမာရေးကို ဂရုစိုက်ရပါတယ်။ မုတ်သုံရာသီမှာ အအေးမိတုပ်ကွေးတွေဖြစ်လွယ်တာမို့ မေမေ့ရင်သွေးလေး ဖျားနာခြင်းကင်းပြီးကျန်းမာအောင် အောက်ပါအကြုံပြချက် ၆ ချက်ကို ဖော်ပြလိုက်ပါတယ်နော်။

1️⃣ အာဟာရရှိတာတွေ ကျွေးပါ

အာဟာရဖြစ်တဲ့အစားအစာတွေကို အရသာရှိအောင်၊ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပြီး ကလေးကိုကျွေးပါ။ အသီးအရွက်ပါအောင်ထည့်ပြီး အာဟာရနည်းတဲ့ သရေစာတွေ လျှော့ကျွေးခြင်းက ကိုယ်ခံအားကိုကောင်း‌စေပါတယ်။

2️⃣ ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ

ခန္ဓာကိုယ် လှုပ်ရှားမှုနည်းခြင်းက အသက်ကြီးငယ်မရွေး ကျန်းမာရေးချို့ယွင်းမှုကိုဖြစ်စေပါတယ်။ ဒါကြောင့် ကလေးကို ရာသီဥတုကောင်းရင် အပြင်မှာဆော့ကစားခိုင်းပြီး မိုးရွာတဲ့နေ့ဆို အတွင်းမှာပဲ ခုန်ပေါက်ဆော့ကစားနိုင်အောင် ဖန်တီးပေးပါ။

3️⃣ ကျန်းမာတဲ့နေထိုင်မှုပုံစံ ထိန်းသိမ်းပါ

ကျန်းမာတဲ့နေထိုင်မှုပုံစံဆိုတာ မှန်ကန်စွာစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုရှိခြင်း၊ ကောင်းစွာအိပ်စက်ခြင်းတွေ စုပေါင်းပါဝင်ပါတယ်။ နောက်ပြီး ကလေးရဲ့ Screen Time ကို (အထူးသဖြင့် အိပ်ခါနီးမှာ) ကန့်သတ်လျှော့ချပြီး ကလေး ကောင်းစွာအိပ်ပျော်အောင်စီမံပါ။

4️⃣ တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါစေ

ရောဂါကူးစက်ပြန့်ပွားမှုကို ရှောင်ကြဉ်ဖို့ရာ တစ်ကိုယ်ရေသန့်ရှင်းမှု(လက်ဆေးခြင်း)က အလွန်အရေးကြီးပါတယ်။ ကူးစက်ဖျားနာခြင်းကိုတားဆီးဖို့ လက်ပုံမှန်ဆေးပါ၊ ရေမှန်မှန်ချိုးပါ။

5️⃣ စိတ်မဖိစီးပါစေနဲ့

နွေရာသီကျောင်းပိတ်ရက်ပြီးလို့ ကျောင်းတွေလည်းပြန်တက်နေရတာမို့ ကလေးကို ကျောင်းစာတွေချည်းပဲပိမနေစေဘဲ မျှတအောင်စီစဉ်ပါ။

6️⃣ အချိန်မှန် ကာကွယ်ဆေးထိုးပါ။

ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းတာမို့ ရာသီတုပ်ကွေးကာကွယ်ဆေးတွေ ရာသီအလိုက် အချိန်မှန်ထိုးပါ။ တခြားလိုအပ်တဲ့ ကာကွယ်ဆေးတွေလည်း အသက်အလိုက် မှန်ကန်စွာထိုးပါ။

ဒီအတိုင်းလိုက်နာမယ်ဆိုရင် သားသားမီးမီးလေးက မိုးတွင်းမှာ ဒေါင်ဒေါင်မြည်ကျန်းမာနေမှာ သေချာသလောက်ပါပဲ။

Share Now: