Search
Close this search box.
Search
Close this search box.
Search
Close this search box.

AMI Life News

လေးဖက်နာ နှင့် နှလုံးရောဂါ သိကောင်းစရာ

Rheumatic Fever ဆိုတာ အသက် ၅ နှစ်ကနေ ၁၅ နှစ်ကလေးတွေမှာ Streptococcus ဘက်တီးရီးယား လို့ခေါ်တဲ့ အာသီးရောင် လည်ချောင်းနာနှင့် အရေပြားအနာတွေဖြစ်စေတဲ့ ပိုးကူးစက်မှုကနေတဆင့်ဖြစ်တဲ့ ရောဂါတစ်ခုပါ။

ပိုးဟာ ခန္ဓာကိုယ်ထဲရောက်လာတဲ့ ၁ ပါတ်ကနေ ၁ လအတွင်းမှာ ASO ( Anti-Streptolysin O ) ဆိုတဲ့ဓာတ်တစ်မျိုးဟာ သွေးထဲမှာ မြင့်တက်လာပါတယ်။

ပိုးလေးဖက်နာ နဲ့ ASO ဘယ်လိုပတ်သတ်နေသလဲ?

ASO ဆိုတာ Streptococcus ဝင်လာတဲ့အခါ ခန္ဓာကိုယ်က ပိုးကိုပြန်တိုက်ဖို့ထုတ်တဲ့ ပဋိပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ASOတက်နေပြီဆိုရင် ပိုးဟာ လွန်ခဲ့တဲ့ တစ်လမှတစ်ပါတ်အတွင်းကူးစက်ခံထားရတယ်လို့သာ ယူဆလို့ရပါတယ်။

ဒါဆို ASO တက်တာနဲ့ ပိုးလေးဖက်နာရှိပြီဟု ယူဆလို့ရနိုင်သလား?
ASO တက်တာနဲ့ ပိုးလေးဖက်နာရှိပြီဟု ယူဆလို့မရနိုင်‌သေးပါဘူး။ ပိုးလေးဖက်နာလို့ ပြောဖို့အတွက် ဆိုရင်

အဓိကလက္ခဏာကြီး ၅ ခု

(၁) အဆစ်အမြစ်ကြီးတွေ ( ဥပမာ-ဒူးဆစ် ) တွေ နီရဲရောင်ယမ်းနေလား။

(၂) နှလုံးကြွက်သားရောင်ခြင်းကြောင့် ရင်ဘတ်အောင့်တာ မောတာမျိုးရှိသလား။

(၃) အဆီကျိတ် အလုံးကြိတ်တွေ ထွက်နေတာရှိလား။

(၄) ခန္ဓာကိုယ်အနှံ့ အနီစက်အနီကွက်တွေ ထွက်နေတာမျိူးရှိလား။။

(၅) ခြေလက်အကြောဆွဲတာမျိူးရှိလား ကြည့်ရမယ့်အပြင် အခြားဖြစ်နိုင်တဲ့ လက္ခဏာတွေဖြစ်တဲ့

  • လွန်ခဲ့တဲ့တစ်ပါတ်အတွင်း ဖျားနာနေမကောင်းဖြစ်ခြင်း
  • အရိုးအဆစ်တွေနာကျင်ခြင်း
  • ECG မူမမှန်ခြင်း
  • CRP, ESR သွေးအဖြေရလဒ် မြင့်တက်နေခြင်း
  • ကိုယ်ပူတက်နေခြင်း တို့ကိုပါ ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။
    တကယ်လို့မိမိမှာ ဒီလိုရောဂါလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ မပေါ့ဆဘဲ တတ်ကျွမ်းတဲ့ ဆရာဝန်ဖြင့်ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

ဘာကြောင့် လေးဖက်နာပိုးကူးစက်ခြင်းက နှလုံးရောဂါကိုဖြစ်စေနိုင်တာလဲ?

ခန္ဓာကိုယ်ကထုတ်တဲ့ ပဋိပစ္စည်းဟာ ပိုးကိုသာမက ပိုးနဲ့ အသွင်အပြင်တူတဲ့ နှလုံးကြွက်သားလွှာတွေကို တိုက်ခိုက်တဲ့အခါ နှလုံးအလွှာ ၃ ခုလုံးကို ရောင်ရမ်းစေတဲ့အပြင် အမာရွတ် တစ်ရှူးဖြစ်ကာ နှလုံးအဆို့ရှင်ကျဥ်းတာ မလုံတာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

ဘာတွေကိုလိုက်နာရမလဲ?

တကယ်လို့ လည်ချောင်းနာ၊ အာသီး‌ရောင်တဲ့ ရောဂါလက္ခဏာတွေ ခံစားနေရပြီ ဆိုပါက မပေါ့ဆပဲ တတ်ကျွမ်းသော ဆရာဝန်ဖြင့် လိုအပ်သောဆေးစစ်ချက်များ စစ်ဆေးသင့်ပါတယ်။ လိုအပ်လာပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးများသုံးဆွဲ၍ သေချာကုသမှုခံယူလိုက်မယ်ဆိုရင် ပဋိပစ္စည်းများ၏ နှလုံးကိုတိုက်ခိုက်မှုအား အချိန်မှီလျှော့ချပေးနိုင်ပြီး နောက်ဆက်တွဲ နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Share Now: