Search
Close this search box.
Search
Close this search box.
Search
Close this search box.

ကျန်းမာသုခရေးရာအဖြာဖြာ

အစားစားပြီးပြီးချင်း သွားတိုက်သင့်လား?

သွားနဲ့ခံတွင်း သန့်ရှင်းကျန်းမာအောင် ပုံမှန်သွားတိုက်ဖို့ အရေးကြီးတယ်ဆိုပေမယ့် အစားစားပြီးပြီးချင်း သွားတိုက်တာက‌ အကောင်းဆုံးသွားတိုက်နည်းတော့ မဟုတ်ပါဘူး။ 

◾ဘာကြောင့်လဲ? 

ဘာကြောင့်လဲဆိုရင် အစားစားပြီးခါစအချိန်မှာ သွားကြွေလွှာက ထိခိုက်လွယ်ပါတယ်။ အထူးသဖြင့် အချဉ်ဓာတ်ပါတဲ့ အစားအသောက်တွေက သွားကြွေလွှာတွေကို အားနည်းစေပါတယ်။ ဒါကြောင့် အစားစားပြီးပြီးချင်း သွားတိုက်မယ်ဆိုရင် သွားတိုက်ဆေးထဲမှာပါတဲ့ သန့်စင်‌စေတဲ့ဓာတ်တွေက အားပျော့နေတဲ့ကြွေလွှာကို ပိုမိုပျက်စီးစေပါတယ်။ 

◾အချိန်ဘယ်လောက် စောင့်ရမလဲ? 

အစားစားပြီး မိနစ် ၃၀ ‌လောက်ကြာမှ သွားတိုက်တာပိုကောင်းပါတယ်။ ဒီလိုစောင့်မှသာ တံထွေးက အက်ဆစ်အချဉ်ဓာတ်ကို ဖယ်ရှားဖို့အချိန်ရပြီး သင့်သွားကြွေလွှာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 

တစ်ခါတည်း ကြုံလို့ပြောရရင် သွားတိုက်ပြီး နာရီဝက်အတွင်းလည်း ဘာမှမစားတာ ပိုကောင်းပါတယ်။ သွားတိုက်ဆေးထဲက Fluoride နဲ့ တံထွေးဓာတ်ပြုဖို့အချိန်ပေးခြင်းက သွားကိုပိုခိုင်ခံ့စေပါတယ်။ 

◾ဒါဆို စားပြီးပြီးချင်း ဘာလုပ်ရမလဲ? 

စားပြီးပြီးချင်း လုပ်လို့ရတာကတော့ ပလုတ်ကျင်းခြင်း/ရေသောက်ခြင်းပါပဲ။ ရေက စားကြွင်းစားကျန်နဲ့ အက်ဆစ်ဓာတ်ကို လွင့်စင်စေလို့ သွားကြွေလွှာမပျက်အောင် ကူညီကာကွယ်နိုင်ပါတယ်။ 

◾သွားကို ဘယ်လိုဂရုစိုက်မလဲ? 

▪️အနည်းဆုံး တစ်နေ့နှစ်ကြိမ် မနက်တစ်ခါ၊ ညတစ်ခါ သွားတိုက်ပါ။ 

▪️Fluoride ပါတဲ့သွားတိုက်ဆေးနဲ့ အနည်းဆုံး ၂ မိနစ်ကြာအောင် သွားအနှံ့တိုက်ပါ။ 

▪️လျှာနဲ့ အာခေါင်မိုးကိုလည်း မချန်ခဲ့ပါနဲ့။ 

▪️သွားတိုက်ဆေးကို ထွေးထုတ်ပြီးပလုတ်ကျင်းတဲ့အခါ (Fluoride တွေ အတတ်နိုင်ဆုံး သွားမှာများများကျန်အောင်) ရေနည်းနည်းနဲ့ ညင်ညင်သာသာကျင်းပါ။ 

▪️သွားပွတ်ကြိုးနဲ့ သွားကြိုသွားကြားကို နေ့စဉ်သန့်ရှင်းပေးဖို့လည်း မမေ့ပါနဲ့။ 

▪️နူးညံ့တဲ့ သွားပွတ်တံကို အသုံးပြုပါ။ 

▪️ရေအလုံအလောက်သောက်ပါ။ 

တကယ်လို့ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် သွားအထူးကုဆရာဝန်နဲ့ အွန်လိုင်းကနေ ပြသချင်ရင် MyanCare မှာ ဆွေးနွေးတိုင်ပင်နိုင်ပါပြီနော်။ 

Share Now: