၂၀၁၃ ခုနှစ်မှစတင်ပြီး AMI Life သည် ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက်အနေဖြင့် မြန်မာပြည်သူလူထုအား အသက်အာမခံအကာအကွယ်များကို အကောင်းဆုံး၀န်ဆောင်မှုပေးလာခဲ့သည်မှာ ယခုဆိုလျှင် (၁၂) နှစ်တာအချိန်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ AMI Life ၏ (၁၂) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ရန်ကင်းကလေးဆေးရုံရှိ ကလေးလူနာများပြုစုစောင့်ရှောက်ကုသရေးပိုမိုကောင်းမွန်စေရန်အတွက် လိုအပ်တဲ့ထောက်ပံ့မှုများလှူဒါန်းခြင်းအပြင် လူနာများအား နေ့လည်စာလှူဒါန်းခြင်း၊ AMI Life ၀န်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်းများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ၂၅ ရက် (သောကြာနေ့)တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
AMI Life သည် နောင်နှစ်ပေါင်းများစွာတိုင် မိမိတို့၏ အာမခံဆက်သွယ်ဝယ်ယူသူမိဘပြည်သူများအတွက် တစ်သက်တာလက်တွဲအားထားရာ အသက်အာမခံတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ရန်သာမက လူထုအကျိုးပြု ပရဟိတလှုပ်ရှားမှုများ၊ လူထုအကျိုးပြုလုပ်ငန်းများတွင်လည်း ချစ်ခြင်းမေတ္တာ၊ စာနာမှုနဲ့အတူ ဖေးမတွဲကူသောလက်တစ်စုံအဖြစ် ပိုမိုပါ၀င်ဆောင်ရွက်သွားပါမည်။

