AMI Life အနေဖြင့် ဝန်ထမ်းများအတွက်သာမက မိသားစုဝင်များ၏ ပျော်ရွှင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလေးထားဂရုစိုက်လျက်ရှိပြီး ဝန်ထမ်းများ၏မိသားစုဝင်များအား ပညာသင်ကြားရေးခရီးလမ်းကို အားပေးပံ့ပိုးနိုင်ရန် Education Funding ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တစ်နှစ်စာတွင် ပညာရေးအတွက် လိုအပ်သော ထောက်ပံ့မှုများ ပေးအပ်ခြင်းဖြင့် ကလေးငယ်များ၏ အိမ်မက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ပြုလုပ်ခဲ့ပါသည်။ AMI Life ဝန်ထမ်းများ၏ မိသားစုဝင်ကလေးများအားလုံး ပညာရေးတွင် ထူးချွန်အောင်မြင်ပြီး မိမိတို့၏ဆန္ဒနှင့့် ပန်းတိုင်များကို လွယ်ကူလျင်မြန်စွာ ရောက်ရှိပါစေကြောင်း AMI Life မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။







