Search
Close this search box.
Search
Close this search box.
Search
Close this search box.

Our Company

AMI Life အကြောင်း

AMI Life သည် ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက်အနေဖြင့် မြန်မာပြည်သူလူထုထား ၂၀၁၃ ခုနှစ်မှစတင်၍ အာမခံဝန်ဆောင်မှုများထောက်ပံ့ပေးလျက်ရှိပါသည်။

၂၀၁၉ ခုနှစ် အာမခံဈေးကွက်အပြောင်းအလဲ၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ၊ ဧရာမြန်မာအာမခံကုမ္ပဏီသည် အသက်နှင့် အထွေထွေအာမခံ သီးခြားကုမ္ပဏီများအဖြစ်ရပ်တည်နိုင်ရန်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ အထွေထွေအာမခံလုပ်ငန်းသည် ဂျပန်နိုင်ငံ၏ အကောင်းဆုံးအာမခံကုမ္ပဏီများမှ တစ်ခုဖြစ်သော ဆွမ်ပိုအာမခံကုမ္ပဏီဖြင့်ပူးပေါင်း၍ ဧရာဆွမ်ပိုအထွေထွေအာမခံကုမ္ပဏီလီမိတက်အဖြစ်လည်းကောင်း၊ မိမိတို့သည် AMI Life အဖြစ် အသက်အာမခံအကာအကွယ်များအားလည်းကောင်း၊ အာမခံအကာအကွယ်များ ထိရောက်လျှင်မြန်စွာထောက်ပံ့ပေးနိုင်ရန် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

AMI Life ၏ အာမခံဆက်သွယ်ဝယ်ယူသူများနှင့် မိတ်ဖက်ကုမ္ပဏီများအနေဖြင့်၊ မိမိတို့၏ တိုးတက်ကောင်းမွန်သော လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းများ၊ သတင်းပို့အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်နိုင်မှုများကြောင့် အစဉ်တစိုက် အကျိုးဖြစ်ထွန်းလျက်ရှိပြီး ၊ ယင်းအကျိုးရလဒ်များသည် မိမိတို့လုပ်ငန်းဆက်လက်အောင်မြင်အောင်လုပ်ဆောင်နိုင်ရန် တွန်းအားများဖြစ်စေပါသည်။ AMI Life သည် မိမိတို့၏ အာမခံဆက်သွယ်ဝယ်ယူသူမိဘပြည်သူများ၏ တစ်သက်တာ လက်တွဲအားထားရာ အသက်အာမခံတစ်ခုအဖြစ်ဆက်လက်ရပ်တည်သွားနိုင်ရန် အစဉ်တစိုက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

Our Purpose

“for better tomorrows, together with you today”

Our purpose is to provide the most suitable and easy-to-understand life insurance coverages to working-class Myanmar. We have been deeply investing in our people, our operations and our communities in order to serve our customers today as well as consistently working for better tomorrow.

Our Values

လေးစားမှု

AMI Life သည် အဖွဲ့အစည်းအတွင်း မတူကွဲပြားမှု၏အစွမ်းစိတ်ဓာတ်ကိုပျိုးထောင်ပေးပြီး၊ လုပ်ငန်းအတွက်အားလုံး၏ ပါဝင်ပံ့ပိုးပေးမှုကို အလေးထားသည်။

R

တည်ကြည်မှု

AMI Life သည် မိမိတို့၏ လုပ်ငန်းများအားဆောင်ရွက်ရာတွင် ရိုးဖြောင့်တည်ကြည်စွာ၊ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သည်။

I

ဝန်ဆောင်မှု

AMI Life သည် မိမိတို့၏ အာမခံဆက်သွယ်ဝယ်ယူသူများကို စာနာမှု၊ ကိုယ်ချင်းစာမှုများအား ရှေ့တန်းတင်လျက် အကောင်းဆုံးဝန်ဆောင်မှု ပေးလျက်ရှိသည်။

S

ထူးချွန်မှု

AMI Life သည် လုပ်ငန်းဆောင်ရွက်မှုများတွင် အမြင့်ဆုံးလူမှုကျင့်ဝတ်များအား လိုက်နာလျက်၊ မိမိတို့၏ တာဝန်အသီးသီးအား ရိုးသားမှုရှိစွာ၊ ထူးချွန်ပြောင်မြောက်စွာ လုပ်ကိုင်ဆောင်ရွက်သည်။

E

Our Visions

မိမိတို့၏ အာမခံဆက်သွယ်ဝယ်ယူသူမိဘပြည်သူများ၏ တစ်သက်တာ လက်တွဲအားထားရာ အသက်အာမခံတစ်ခုအဖြစ် ယုံကြည်မှုတည်ဆောက် သွားရန်

Our Brand

လင်းလက်ကြယ်ပုံစံမှာ AMI Life သည် အမှောင်ဆုံးညတွေမှာ လမ်းပြကြယ်အဖြစ်တည်ရှိနေမည်ဟုအဓိပ္ပာယ်ဖော်ဆောင်သည်။

အသည်းပုံစံမှာ AMI Life သည် မိမိတို့၏ အာမခံဆက်သွယ်ဝယ်ယူသူများကိုအလေးထားပြီး တစ်သက်တာလက်တွဲအားထားရာ အသက်အာမခံတစ်ခု အဖြစ် ယုံကြည်မှုတည်ဆောက်သွားမည်ဟု အဓိပ္ပာယ်ဖော်ဆောင်သည်။

ယင်းနှစ်ခုပေါင်းစည်းပြီး AMI Life သည် မိမိတို့၏အာမခံဆက်သွယ်ဝယ်ယူသူများအတွက် အတောက်ပဆုံးလူမှုဝန်းကျင်တစ်ခုအဖြစ် တစ်သက်တာလက်တွဲအားထားနိုင်ရန် တည်ဆောက်သွားမည်ဟု အဓိပ္ပာယ်ဖော်ဆောင်ပါသည်။