မိမိတို့နေ့စဉ်ဘဝ တွင် စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန် နေချိန်တွင် မမျှော်လင့်သော မတော်တဆမှုများ ကြုံရတတ်ပါသည်။ ထို မတော်တဆမှုများကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်များအား သက်သာနိုင်စေရန် AMI Life ၏ တောင်သူလယ်သမား အသက်အာမခံဖြင့် အာမခံအကာအကွယ်ယူလိုက်ပါ။
AMI Life ၏ တောင်သူလယ်သမားအာမခံ မှ မိမိတို့၏ နေ့စဉ်ဘဝ လှုပ်ရှားရုန်းကန်မှုများတွင် မတော်တဆမှု ကြောင့် ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်များကို အကာအကွယ်ပေးသည့်အတွက်၊ အနာဂတ်မှ ဖြစ်ပေါ် လာနိုင်မည့် ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအား လျှော့ချနိုင်ခြင်း
မတော်တဆ ဖြစ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် ဆေးကုသမှုဆိုင်ရာ ကုန်ကျစရိတ်များအား အတိုင်းအတာ တစ်ခုအထိ အကာအကွယ်ပေးသည့်အတွက်၊ အာမခံထားသူအနေဖြင့် မိမိတို့ စုငွေများမှ စိုက်ထုတ်သုံးစွဲနေရမှုအား လျှော့ချပေးနိုင်ခြင်း
အာမခံထားသူက မိမိတို့၏ နေ့စဉ် လုပ်ငန်းဆောင်တာများကို သာ အာရုံစိုက်ရန်လိုအပ်ပြီး၊ မတော်တဆ ဖြစ်ရပ်များ ဖြစ်ပေါ်ပါက ဆေးကုသကုန်ကျစရိတ်များအား အတိုင်းအတာတစ်ခုအထိ မိမိတို့၏ တောင်သူလယ်သမားအသက် အာမခံ မှ တာဝန်ယူပေးနိုင်ခြင်း
အထောက်အထားစာရွက်စာတမ်းများနှင့်အတူ AMI Life တွင် လာရောက် တင်ပြလျှောက်ထားနိုင်ပါသည်
ဖုန်း – +၉၅၉ ၉၄၀ ၀၇၇ ၇၇၃ (လိုင်းခွဲ- ၃)
အီးမေးလ် – claims@amilifeassurance.com