ပူပြင်းလှတဲ့နွေရာသီမှာ နေ့ဘက်လဲပူ၊ ညဘက်လဲပူပြီး သိပ်ကိုနေရခက်ပါတယ်။
မိုးရွာချလိုက်ရင် ပူတာတွေသက်သာသွားမယ်ဆိုပေမဲ့ နောက်ဆက်တွဲ ကျန်းမာရေးကို ထိခိုက်တာတွေတော့ ဖြစ်စေနိုင်ပါတယ်။
အအေးမိဖျားနာကိုက်ခဲခြင်း
ပူရာကနေ ရုတ်တရက်ရွာလိုက်တဲ့မိုးကြောင့် ကိုယ်ခန္ဓာကအေးလာပြီး အအေးမိခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းတွေဖြစ်လာစေပါတယ်။
အသက်ရှုလမ်းကြောင်းပြဿနာ
ရုတ်တရက် ပတ်ဝန်းကျင်စိုထိုင်းလာမှုကြောင့် အချို့သောသူတွေဟာ လေထုစိုထိုင်းမှုကြောင့် အဆုတ်ရောင်ခြင်း၊ အသက်ရှုရခက်ခဲခြင်း ဖြစ်လာတတ်ပါတယ်။
မျက်စိနဲ့အသားအရေ
ရုတ်တရက်ရွာတဲ့မိုး မိခဲ့မယ်ဆိုရင် မျက်စိရောင်ခြင်း၊ အသားအရေယားယံခြင်းတွေဖြစ်လာစေပါတယ်။
ဘယ်လိုကာကွယ်ရမလဲ?
မိုးရွာချိန်မှာ မိုးမမိအောင်ဂရုစိုက်ပါ
မိုးရေမချိုးပါနဲ့
မတော်တဆမိုးမိခဲ့ရင်လဲ ချက်ချင်းခြောက်သွေ့အောင်လုပ်ပါ
နွေးထွေးစွာနေထိုင်ပါ
ဗီတာမင်စီ စားသုံးပေးပါ
နွေပူပူမှာရုတ်တရက်မိုးရွာလာတာမျိုးက ကျန်းမာရေးကို ထိခိုက်စေတာမို့ အတတ်နိုင်ဆုံး မိုးမမိကြအောင် ဂရုစိုက်ရအောင်နော် ။

