Search
Close this search box.
Search
Close this search box.
Search
Close this search box.

ကျန်းမာသုခရေးရာအဖြာဖြာ

လေ့ကျင့်ခန်းက ကင်ဆာရောဂါ (၁၃) မျိုးကို ကာကွယ်လျှော့ချ ပေးနိုင်တာ သင်သိရဲ့လား?

🏃လေ့ကျင့်ခန်းက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ လူတွေသိတာကြာလှပါပြီ။ အခုဆို လေ့ကျင့်ခန်းက ကင်ဆာရောဂါအတွက်ပါ အရေးကြီးတယ်ဆိုတာ ပညာရှင်တွေသိမြင်လာကြပါတယ်။ American Cancer Society နဲ့ National Cancer Institute က သုတေသနပညာရှင်တွေရဲ့ လေ့လာမှုတစ်ခုအရ လေ့ကျင့်ခန်းဟာ ကင်‌ဆာရောဂါ (၁၃) မျိုး ဖြစ်ပွားမှုလျော့နည်းခြင်းနဲ့ ဆက်နွယ်နေကြာင်း တွေ့ရှိခဲ့ပါတယ်။ 

🤗ဒါဟာ တကယ့်သတင်းထူးပါပဲ။ ဘာကြောင့်လဲဆိုရင် အရင်သုတေသနတွေမှာလည်း ဒီဆက်နွယ်မှုကို လေ့လာခဲ့ပေမဲ့ ကင်ဆာရောဂါ ၃ မျိုး (အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ) ကလွဲပြီး တခြားကင်ဆာတွေအတွက် ရှင်းလင်းတဲ့အဖြေမထွက်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီလေ့လာမှုမှာတော့ အထက်ပါကင်ဆာသုံးမျိုးအပြင် အစာရေမျိုပြွန်၊ အသည်း၊ အစာအိမ်၊ ကျောက်ကပ်၊ သွေးဖြူဥသွေးကင်ဆာ၊ သွေးရည်ကြည်သွေးကင်ဆာ၊ ဦးခေါင်းနဲ့လည်ပင်းကင်ဆာ၊ အစာအိမ်ဟောင်း၊ ဆီးအိမ်၊ အဆုတ်စတဲ့ ကင်ဆာတွေရဲ့ ဖြစ်နိုင်ခြေကိုပါ လျော့နည်းစေကြောင်း တွေ့ရှိခဲ့ပါတယ်။ 

👉ဒီလေ့လာမှုမှာဆိုရင် လူပေါင်း ၁.၄၄ သန်းပါဝင်ခဲ့ပြီး သူတို့ရဲ့ကိုယ်လက်လှုပ်ရှားမှုပမာဏကို လေ့လာသုံးသပ်ခဲ့ပါတယ်။ အားလပ်ချိန်မှာ သူတို့ပြုလုပ်ကြတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာခဲ့တာပါ။  

စိတ်ဝင်စားဖို့ကောင်းတာက ဘယ်လိုကိုယ်အလေးချိန်ပဲရှိရှိ လေ့ကျင့်ခန်းက ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တာပါပဲ။ ဒီတော့ ပြောရမယ်ဆိုရင် လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ထိန်းပေးရုံသာမက ကိုယ်တွင်းဇီဝဖြစ်စဉ်တွေကိုပါ ပြောင်းလဲတိုးတက်စေပါတယ်။ 

American Cancer Society ရဲ့ အကြံပြုချက်အရ အရွယ်ရောက်ပြီးသူတစ်ယောက်က တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ပြည့်အောင် အလတ်စားလေ့ကျင့်ခန်း (သို့) ၇၅ မိနစ် ပြည့်အောင် အပြင်းစားလေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ ဒါမှမဟုတ် တစ်ရက်ကို မိနစ် ၃၀၊ တစ်ပတ်ကို ၅ ရက် လမ်းလျှောက်လည်းရပါတယ်။ 

လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်မယ်ဆိုရင် နှလုံးရောဂါ၊ အဆစ်ရောင်ရောဂါ၊ သတိမေ့ခြင်း၊ စိတ်ကျခြင်းစတဲ့ ဝေဒနာဖြစ်နိုင်ခြေလည်းလျော့နည်းလို့ ကျန်းမာသန်စွမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ 

ဒါဆို လေ့ကျင့်ခန်းလုပ်ဖို့၊ လှုပ်လှုပ်ရှားရှားနေဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ကောင်း ရသွားကြမယ်လို့မျှော်လင့်ပါတယ်။ Gym သွားပြီးလေ့ကျင့်ခန်းလုပ်မှမဟုတ်ဘဲ လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်းစတဲ့ မိမိနှစ်သက်တဲ့လှုပ်ရှားမှုကိုပြုလုပ်ပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ 

Share Now: