Search
Close this search box.
Search
Close this search box.
Search
Close this search box.

AMI Life News

သားအိမ်ထုတ်ပြီးနောက် ခန္ဓာကိုယ်ပြောင်းလဲမှု (၆) ခု

အမျိုးသမီးရောဂါတစ်ခုခုကြောင့် တခါတလေမှာ သားအိမ်ထုတ်ဖို့အထိ လိုအပ်တာမျိုးရှိနိုင်ပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီးသားအိမ်တင်မကဘဲသားဥပြွန်၊သားဥအိမ်စတဲ့ဆက်စပ်အစိတ်အပိုင်းတွေလည်း ပါဝင်တတ်ပါတယ်။ 

ရောဂါလိုအပ်ချက်ကြောင့်သားအိမ်ထုတ်လိုက်တဲ့အခါမှာဝေဒနာသက်သာပျောက်ကင်းသွားတယ်ဆိုပေမဲ့ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေလည်း ဖြစ်ပေါ်လာပါတယ်။ ဒီနေ့မှာတော့ သားအိမ်ထုတ်ပြီးနောက် အဖြစ်များတဲ့ အပြောင်းအလဲ ၆ ခုကိုဖော်ပြလိုက်ပါတယ်။ 

၁။ ရာသီရပ်သွားခြင်း 

သားအိမ်ထုတ်ပြီးသွားရင် ချက်ချင်းပြောင်းလဲသွားတာကတော့ ထာဝရ ရာသီမလာတော့ခြင်းပဲ ဖြစ်ပါတယ်။ 

၂။ ဟော်မုန်းပြောင်းလဲခြင်း 

သားအိမ်ထုတ်တုန်းက (ဟော်မုန်းထုတ်နိုင်တဲ့) မျိုးဥအိမ်ကို ချန်ထားခဲ့ရင်‌တောင် တချို့အမျိုးသမီး တွေမှာ ခွဲစိတ်ပြီးနောက် ဟော်မုန်းအပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်အပြောင်း အလဲမြန်တာ၊ မိန်းမကိုယ်ခြောက်သွေ့တာ၊ ရှိန်းတိန်းဖိန်းတိန်းဖြစ်တာတွေ ကြုံရတတ်ပါတယ်။ ဟော်မုန်းအစားထိုးကုသမယ်ဆိုရင်တော့ ဝေဒနာသက်သာနိုင်ပါတယ်။ 

၃။ လိင်မှုဆိုင်ရာ ပြောင်းလဲခြင်း 

တချို့အမျိုးသမီးတွေမှာ သားအိမ်ထုတ်ပြီးနောက် လိင်စိတ်နည်းတာ၊မိန်းမကိုယ် အချွဲဓာတ် ပြောင်း လဲ တာ၊အတူနေတဲ့အခါ မသက်မသာ ဖြစ်တာတွေတွေ့ကြုံ တတ်ပါတယ်။ ဒီပြဿနာတွေကို လက်တွဲဖော်ရယ် ၊ မီးယပ်အထူးကုဆရာဝန်နဲ့ ဆွေးနွေးအဖြေရှာနိုင်ပါတယ်။ 

၄။ ဆီး၊ ဝမ်း ပြောင်းလဲခြင်း 

ဗိုက်ထဲက‌နေ သားအိမ်ကိုထုတ်လိုက်တဲ့အခါ အနီးအနားက ဆီးအိမ်နဲ့ အူလမ်းကြောင်းအနေအထားတွေ ပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် တချို့သူတွေမှာ ဆီးမထိန်းနိုင်တာ၊ ဆီးမကြာခဏသွားတာ၊ ဝမ်ချုပ်တာတွေ ဖြစ်နိုင်ပါတယ်။တင်ပဆုံအတွင်းပိုင်းကြွက်သားလေ့ကျင့်ခန်း၊ အစားအသောက် ပြောင်း လဲခြင်း တွေနဲ့ သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ 

၅။ သွေးဆုံးလက္ခဏာ 

ခွဲစိတ်မှုမှာ မျိုးဥအိမ်ကိုပါဖယ်ရှားလိုက်တယ်ဆိုရင် ချက်ချင်းဆိုသလို သွေးဆုံးတဲ့လက္ခဏာတွေ ခံစားရမှာဖြစ်ပါတယ်။ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊ညဘက်ချွေးစေးပြန်ခြင်း၊စိတ်အပြောင်းအလဲမြန်ခြင်၊ မိန်းမကိုယ်ခြောက်သွေ့ခြင်းတွေဖြစ်နိုင်ပါတယ်။ဒါတွေသက်သာအောင်ဟော်မုန်းအစားထိုးကုသဖို့ လိုအပ်နိုင်ပါတယ်။ 

၆။ ခန္ဓာကိုယ်အချိုးအစားနဲ့ အလေးချိန်ပြောင်းလဲခြင်း 

သားအိမ်ထုတ်လိုက်တဲ့အခါ ဗိုက်ထဲမှာအနည်းငယ်ချောင်သွားပြီး နည်းနည်းပိုသွယ်လာတယ်လို့ တချို့ကသတိပြုမိကြပါတယ်။ ဒါပေမဲ့ ဟော်မုန်းနဲ့ နေထိုင်စားသောက်ပုံအပြောင်းအလဲကလည်း ကိုယ်အလေးချိန်အပေါ်သက်ရောက်မှုရှိပါတယ်။ 

ဒီနေရာမှာအယူအဆမှားတစ်ခုကိုပြောရရင်သားအိမ်ထုတ်လိုက်တဲ့အခါဝလာတယ်ဆိုတာမဟုတ်ပါဘူး။ အဓိကကကိုယ်လက်လှုပ်ရှားမှုနည်းသွားခြင်းကြောင့်သာဖြစ်ပါတယ်။ဒီတော့ခွဲစိတ်ပြီးနောက်ပိုင်းမှာ လည်း လှုပ်လှုပ်ရှားရှားနေဖို့လိုပါတယ်။ 

ပြောရမယ်ဆိုရင်သားအိမ်ထုတ်ပြီးတဲ့နောက်မှာကိုယ်ရောစိတ်မှာပါပြောင်းလဲမှုတွေကတွေ့ကြုံလာရမှာပါ။အရေးကြီးတာကမိမိကိုယ်မိမိဂရုစိုက်ပြီးပြုပြင်ပြောင်းလဲမှုတွေပြုလုပ်မယ်ဆိုရင်ကျန်းမာပျော်ရွှင်စွာနဲ့ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ 

Share Now: