Search
Close this search box.
Search
Close this search box.
Search
Close this search box.

AMI Life News

အသက်အရွယ်မရွေး ဖြစ်နိုင်ချေရှိတဲ့ လေဖြတ်ခြင်း

သင့်မိသားစု၊ ပတ်ဝန်းကျင်မှာ ရုတ်တရက် လေဖြတ်သွားပြီး နာတာရှည်ဝေဒနာခံစားနေရတဲ့ သူတွေကို ကြုံဖူးပါသလား?

ငယ်သေးလို့ လေမဖြတ်နိုင်ပါဘူးလို့ ယူဆထားပါသလား?

လေဖြတ်ခြင်းဟာ လူကြီး၊ လူငယ်မရွေးဖြစ်ပွားနိုင်ပါတယ်လေဖြတ်ခြင်းမှာ အကြောင်းရင်းတွေများစွာရှိပါတယ်။ ကာကွယ်လို့ မရနိုင်တဲ့ အကြောင်းရင်းတွေ ရှိပေမယ့်လည်း ခုအများစုဖြစ်ရတဲ့ အကြောင်းရင်းကတော့ သွေးတိုး၊ ဆီးချိုရောဂါတွေ၊ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ နေထိုင်မှုပုံစံ စတာတွေကြောင့်ပါ။ ဒါမျိုးတွေဟာ မဖြစ်အောင်၊ ဒါမှမဟုတ် ပိုမဆိုးအောင် ကာကွယ်လို့ရတာတွေပဲ ဖြစ်ပါတယ်.. 

ကာကွယ်ဖို့အတွက် နည်းလမ်းလေးတွေက ကိုယ်ရဲ့စားသောက်မှု၊ နေထိုင်မှုပုံစံကို အဓိက ဂရုစိုက်ရင်ရတာ ဖြစ် တာမို့ ရိုးရိုးရှင်းရှင်းလေးတွေပါပဲနော်…

ဘယ်လိုကာကွယ်ကြမလဲ? 

  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပါ  
  • ခန္ဓာကိုယ်ကို ကျန်းမာတဲ့ ကိုယ်အလေးချိန်ပမာဏမှာ ထိန်းသိမ်းပါ 
  • ဆေးလိပ်ဖြတ်ပါ 
  • အရက်လျှော့သောက်ပါ  
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ  
  • ဆေးပုံမှန်သောက်ဖို့လည်း မမေ့ပါနဲ့  

လေဖြတ်တာဖြစ်ဖူးသူတွေမှာလည်း အပေါ်ကနည်းလေးတွေအတိုင်း လုပ်ဆောင်တဲ့အပြင် ကိုယ်လေဖြတ်တာက ဘာကြောင့် ဖြစ်တယ်ဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး ကာကွယ်လို့ရနိုင်တဲ့အကြောင်းအရင်းဆိုရင် ထပ်မဖြစ်ဖို့ ကြိုတင်ကာကွယ်နိုင်ပါတယ်။

Share Now: