
အားဖြည့်အချိုရည် အလွန်အကျွံ သောက်သုံးခြင်း ဆိုးကျိုးများ
အားဖြည့်အချိုရည်က စွမ်းအားတွေ ကြော်ငြာမှုတွေကြောင့် အသက်အရွယ်မရွေး ပိုမိုသောက်သုံးကြပါတယ်။ လူငယ်တွေ ကြားမှာ အရက်သေစာနဲ့ရောနှောပြီး သောက်သုံးကြတာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ထဲက ခေတ်စားလာခဲ့တာပါ။ အားဖြည့်အချိုရည် အလွန်အကျွံသောက်သုံးလို့ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာအများစုဟာ အဓိက အားဖြင့် အားဖြည့်အချိုရည်ထဲမှာ အမြောက်အမြားပါဝင်တဲ့ စိတ်ကြွစေအောင် လှုံဆော်ပေးတဲ့ ဓာတုတစ်မျိုးဖြစ်တဲ့ ကဖင်းဓာတ်နဲ့ ဆက်စပ်နေတာကိုတွေ့ရပါတယ်။ အားဖြည့်အချိုရည် အလွန်အကျွံသောက်သုံးရင် ကဖင်းဓာတ်များတာတွေ သွေးပေါင်ချိန်မညီတော့တာတွေ