ဧရာမြန်မာအသက်အာမခံကုမ္ပဏီသည် အစဉ်အမြဲ ဝန်ထမ်းများ၏ကျန်းမာရေးကို ဂရုစိုက်အလေးထားသောအဖွဲ့အစည်းတစ်ခုဖြစ်သည့်အလျောက် ယခုအခါတွင်လည်း ရာသီဥတုအကူးအပြောင်းကာလ ရာသီတုပ်ကွေးကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ဝန်ထမ်းများအား ၂၀၂၅ ခုနှစ်၊ မေလ (၃၀) ရက်နေ့ တွင် အာရှတော်ဝင်ဆေးရုံနှင့် ပူးပေါင်း၍ တုပ်ကွေးကာကွယ်ဆေး (Seasonal Flu Vaccine) ထိုးနှံပေးခဲ့ပါသည်။ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် နောက်ဆက်တွဲများ၏ပြင်းထန်မှုကို လျှော့ချရာတွင်လည်း အထောက်အကူဖြစ်စေသည့်အတွက် ကျန်းမာသောလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ယခုကဲ့သို့ စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ပါသည်။